ကန်ထရိုက်တာများထံမှ ငွေကြေးရယူမှုဖြင့် အမှုဖွင့်တရားစွဲခံထားရသူတစ်ဦးကို ရဲကအမြန်ဆုံး ဖမ်းဆီးပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထပ်မံတောင်းဆို

ကန်ထရိုက်တာများထံမှ ငွေကြေးရယူမှုဖြင့် အမှုဖွင့်တရားစွဲခံထားရသူတစ်ဦးကို ရဲကအမြန်ဆုံး ဖမ်းဆီးပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထပ်မံတောင်းဆို
November 9, 2016 Asian Fame

8:59 am
ကန်ထရိုက်တာများထံမှ ငွေကြေးရယူမှုဖြင့် အမှုဖွင့်တရားစွဲခံထားရသူတစ်ဦးကို ရဲကအမြန်ဆုံး ဖမ်းဆီးပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထပ်မံတောင်းဆို
In Crime

မင်းသုအောင်
နေပြည်တော်၊ နိုဝင်ဘာ ၇

ကန်ထရိုက်တာများ ထံမှ ငွေကြေးရယူမှုဖြင့် အမှုဖွင့်တရား စွဲခံထားရသည့် ယခင်မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ်ကို ရဲက အမြန်ဆုံး ဖမ်းဆီးပေးရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော် မရှင်က ထပ်မံတောင်းဆိုထားသည် ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် နှစ်ကတည်းက တိုင်တန်းလာမှုတို့အရ စစ်ဆေးပြီး ထင်ရှားနေသဖြင့် အဂတိလိုက်စား မှု တိုက်ဖျက်ရေး ကော်မရှင်က ထိုသူ့ကို အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/ကျင့်ထုံး ပုဒ်မ ၅၁၂ ဖြင့် လွန်ခဲ့သည့်နှစ်က တည်းက တရားစွဲဆိုခဲ့သည်ဟု ကော်မရှင်မှ အဖွဲ့ဝင်ဦးသန်း အောင်က ပြောသည်။
”အဲဒီကတည်းက ရှောင်တိမ်း သွားတာ။ ပြီးခဲ့တဲ့လတွေတုန်းက တော့ သူ့သတင်းရတယ်လေ။ ဒါ့ကြောင့် ရဲကို အကြောင်းကြား လိုက်တယ်။ ဒါပေမယ့် မမိခဲ့ဘူး။ ဒါ့ကြောင့် ထပ်တောင်းဆိုတာ” ဟု ၄င်းက ပြောသည်။

ဖမ်းမိရေးအတွက် ဆောင် ရွက်ပေးပါရန် ပြည်ထဲရေးဝန်ကြီး ဌာနသို့ ၂ဝ၁၅ခုနှစ်အတွင်းက လည်း ကော်မရှင်က တောင်းဆို ခဲ့ဖူးသေးကြောင်း ၄င်းက ဆက် ပြောသည်။

လက်ရှိတွင် တရားရုံးက ယင်း ပုဂ္ဂိုလ်ကို ဝရမ်းထုတ်ထားပြီး ရဲကလည်း အလိုရှိတရားခံပြေး အဖြစ် ကြေညာထားကြောင်းသိရ သည်။

အဂတိလိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင်က ယခု အရေး တကြီး အလိုရှိနေသူ၏ အမှုသည် ကော်မရှင်အနေဖြင့် ယခင်အစိုးရ လက်ထက်က အစိုးရအဖွဲ့ ဝန်ကြီး ဌာနတစ်ခု၏ ညွှန်ကြားရေးမှူး ချုပ်အဆင့်နှင့်တူညီသည့် ပါမော က္ခချုပ် တစ်ဦးကို ပထမဦးဆုံး အမှုဖွင့်တရားစွဲဆိုနိုင်ခဲ့သည့်အမှု ဖြစ်သည်။

အမှုဖွင့် တရားစွဲဆိုခဲ့နိုင်ပုံကို ကော်မရှင် အဖွဲ့ဝင်ဦးသန်းအောင် က ”သူက တက္ကသိုလ်ဝင်းထဲက အဆောက်အအုံတွေ ဆောက်လုပ် ဖို့အတွက် ကန်ထရိုက်ေ ပးတဲ့အခါ မှာ ငွေယူတာ” ဟု ပြောပြသည်။

စစ်ဆေးမှုအရ နောက်ဆုံး ကန်ထရိုက်တာထံမှ ငွေကျပ် သိန်း ၇ဝ ကို ရယူခဲ့ကြောင်းတွေ့ရှိခဲ့ သည်ဟု ¤င်းကဆက်ပြောသည်။         မြန်မာနိုင်ငံရဲတပ်ဖွဲ့က အလို ရှိတရားခံကို ဖမ်းဆီးရရှိနိုင်ရေး အတွက် ရှာဖွေနေမှုများပြုလုပ် နေပြီး၊ လေဆိပ်များ၊ နယ်စပ်ဂိတ် များမှတစ်ဆင့် ပြည်ပသို့ မထွက် နိုင်ရန် တားဆီးထား သည်။အလား တူ အဝေးပြေး ယာဉ်လိုင်းများမှ နေ၍ စီးနင်းသူတို့၏ စာရင်းများ တွင် ပါ မပါ တိုက်ဆိုင်စစ်ဆေး နေသည်ဟု သိရသည်။ယင်းအပြင် မိသားစုဝင်တို့ ကို လည်း ရဲက စောင့်ကြည့်လျက်ရှိ နေသည်။

ပြီးခဲ့သည့် ၂ဝ၁၆ခုနှစ် အောက်တိုဘာ လကုန်ပိုင်းကမူ အဆိုပါပုဂ္ဂိုလ်၏ မိသားစုဝင်အမျိုး သမီးတစ်ဦးက ထိုသူသည် ၄င်း၏ သဘောဆန္ဒအရ နေအိမ်မှ ဆင်း သွားကြောင်း၊ လက်ရှိအချိန်အထိ အဆက်အသွယ် ရရှိခဲ့ခြင်းမရှိ ကြောင်း နိုင်ငံပိုင်သတင်းစာထဲ ထည့်သွင်း ကြေညာထားသည်။         ထိုမိသားစုဝင်က သူမသည်   နိုင်ငံတာဝန်ကို ကျေပွန်စွာထမ်း ဆောင်နေပြီး၊ နိုင်ငံတော်ကချ    မှတ်ထားသော ဥပဒေနည်းဥပဒေ များကို လိုက်နာနေကြောင်း၊ ထို့ ကြောင့်သူမ၏ ဂုဏ်သိက္ခာညှိုးနွမ်း အောင် လုပ်သူကို တည်ဆဲဥပဒေ နှင့် တရားစွဲသွားမည်ဟုလည်း ထည့်သွင်းပြောထားသည်။

အဂတိလိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင်သည် လက်ရှိအချိန် တွင် အမှုကိစ္စအောင်မြင်ရန် သိန်း ၄ဝဝ ကျော်လာဘ်တောင်းသည့် အငြိမ်းစားဗိုလ်မှူးတစ်ဦး၊ လာဘ် ငွေ ၂၃ သိန်းတောင်းသည့် သထုံ ခရိုင် မူးယစ်တပ်ဖွဲ့ တာဝန်ခံ ဟောင်း၊ လာဘ်ငွေ ၂ သိန်း တောင်းသည့် ဒုရဲမှူးအဆင့်ရှိမိတ္ထီ လာ မြို့မ စခန်းမှူးနှင့် ရဲအုပ် တစ်ဦးအစရှိသည်တို့ကို အမှုဖွင့် တရားစွဲဆိုနိုင်ထားသည်။

အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်သည် ၂ဝ၁၄ ခုနှစ် မတ်လ ၁ဝ ရက်နေ့မှ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့အထိ စုံစမ်းစစ်ဆေးခြင်း ၂၃ မှု၊ သက် ဆိုင်ရာဝန်ကြီးဌာနနှင့်ပြည်နယ်/တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့လွှဲပြောင်း ပေးပို့သည့် အမှု ၅၃၄ မှု၊ မှတ်တမ်း တွဲခြင်း ၁၈၄ဝ မှုတို့ ကိုဆောင်ရွက် ခဲ့ကြောင်း တရားဝင်သတင်းထုတ် ပြန်ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*