ကျောက်ဆောင် ကြားညှပ်ပြီး နွံနစ်နေတဲ့ ရက်သားအရွယ် တောဆင်ငယ် တစ်ကောင်ကို ကယ်ဆယ်ထား

ကျောက်ဆောင် ကြားညှပ်ပြီး နွံနစ်နေတဲ့ ရက်သားအရွယ် တောဆင်ငယ် တစ်ကောင်ကို ကယ်ဆယ်ထား
August 17, 2017 Fame Asian

3:34 pm
ကျောက်ဆောင် ကြားညှပ်ပြီး နွံနစ်နေတဲ့ ရက်သားအရွယ် တောဆင်ငယ် တစ်ကောင်ကို ကယ်ဆယ်ထား

elepl

ပုသိမ် ၊ သြဂုတ် ၁၇

ပုသိမ်မြို့နယ် ချောင်းသားသစ်တောကြိုးဝိုင်းအတွင်းမှာ ရက်သားအရွယ်တောဆင်ပေါက် တစ်ကောင်ကို တွေ့လို့ ကယ်ဆယ်ထားလိုက်ကြောင်း သစ်တောဦးစီးဌာနက နေသိရပါတယ်။

ဒီတောဆင်ပေါက်ဟာ ပုသိမ်မြို့နယ်၊ ချောင်းသာကြိုးဝိုင်း၊ အကွက် (၃၁)၊ ခန့်မှန်းမြေပုံအညွှန်း၊ (FP-611723) နေရာ ဖိုးလွန်းချောင်း ရေစီးကြောင်း ကျောက်ဆောင်ကြားမှာ ညှပ်ပြီး နွံနစ်နေလို့ အခုလိုကယ်ဆယ်လိုက်တာဖြစ်ကြောင်းသိရပါတယ်။လောလောဆယ် ဆင်ကို ငလိန်တလည်ရွာမှာ ခေတ္တထားပြီးပြုစုထိန်းသိမ်းထားတယ်လို့သိရပါတယ်။

သူ့ကို ကယ်ဆယ်ခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့ ၊ ညနေ (၁၇:၃၀)နာရီအချိန်မှာ တောဆင်ငယ်ကလေးရဲ့ မိခင်ဆင်မ ပါဝင် တဲ့ တောဆင်ရိုင်းတွေဟာ ဆင်ငယ်နောက်ကို လိုက်လံရှာဖွေနေတဲ့ ပုံစံရှိနေတာကြောင့် သူ့ကို မိခင်ဆင်အုပ်ထံ ပြန်လည်ပို့ဆောင်နိုင်ရေးဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း သစ်တောဦးစီးဌာနက ဆိုပါတယ်။ ဒီအတွက် မြန်မာ့သစ်လုပ်ငန်းနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။

YL
Photo- သစ်တောဦးစီးဌာန

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*