ရန်ကုန်တိုင်းအတွင်း စာချုပ်စာတမ်းမှတ်ပုံတင်ပြုရတဲ့ ရုံးတစ်ရုံးသာရှိတာကြောင့် ထပ်ဖွင့်ပေးဖို့ မေးမြန်းမှု ပြည်ထောင်စုမှ လမ်းညွှန်မှုခံယူထားလို့ တိုင်းအစိုးရပြော

ရန်ကုန်တိုင်းအတွင်း စာချုပ်စာတမ်းမှတ်ပုံတင်ပြုရတဲ့ ရုံးတစ်ရုံးသာရှိတာကြောင့် ထပ်ဖွင့်ပေးဖို့ မေးမြန်းမှု ပြည်ထောင်စုမှ လမ်းညွှန်မှုခံယူထားလို့ တိုင်းအစိုးရပြော
February 16, 2018 Fame Asian

1:49 pm
ရန်ကုန်တိုင်းအတွင်း စာချုပ်စာတမ်းမှတ်ပုံတင်ပြုရတဲ့ ရုံးတစ်ရုံးသာရှိတာကြောင့် ထပ်ဖွင့်ပေးဖို့ မေးမြန်းမှု ပြည်ထောင်စုမှ လမ်းညွှန်မှုခံယူထားလို့ တိုင်းအစိုးရပြော

27972267_1695111280532830_5060092555436277350_n

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၆

လက်ရှိမှာ ရန်ကုန်တိုင်းအတွင်း စာချုပ်စာတမ်းမှတ်ပုံတင်ပြုရတဲ့ ရုံးတစ်ရုံးသာရှိတာကြောင့် ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်(၄) ခုမှာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးခွဲ တစ်ရုံးစီဖွင့်လှစ်ပေးဖို့ အစီအစဉ်ရှိမရှိ လွှတ်တော်ကိုယ်စားလှယ်ရဲ့မေးမြန်းမှုကို ပြည်ထောင်စုအဆင့်စီိမံဆောင်ရွက်ရတဲ့အဆင့်ဖြစ်တာကြောင့် သက်ဆိုင်ရာဌာနမှ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို လမ်းညွှန်မှုခံယုထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  က ပြောပါတယ်။

မနေ့ က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆဌမပုံမှန်အစည်းအဝေး(၅) ရက်မြောက်နေ့ မှာ မြောက်ဥက္ကလာပမြို့ နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ” ခရိုင်(၄)ခုမှာ တစ်ခရိုင်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးခွဲ တစ်ရုံးစီဖွင့်လှစ်ထားရှိပေးရန် အစီိအစဉ်ရှိမရှိ သိလိုကြောင်း” မေးမြန်းခဲ့မှုနဲ့ ပတ်သတ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စိုက်ပျိုးရေး မွေးမြူရေး သစ်တောနဲ့ စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီိး ဦးဟံထွန်းက အခုလိုပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

” ပြည်ထောင်စုအဆင့် စီမံဆောင်ရွက်ရတဲ့ကိစ္စဖြစ်တာကြောင့် သက်ဆိုင်တဲ့ဌာနဖြစ်တဲ့ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနက ဖေဖော်ဝါရီလ ၅ ရက်နေ့ က စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက လယ်ယာမြေစီမံခန့် ခွဲရေးနဲစာရင်းအင်းဦးစီးဌာနရုံးချုပ်ကိုပေးပို့ ပြီိး လမ်းညွှန်မှုခံယုထားပါတယ်” လို့ သူက လွှ့တ်တော်မှာပြန်လည်ဖြေကြားခဲ့ပါတယ်။

” လူဦးရေ ၇ သန်းကျော်နေထိုင်တဲ့ စီးပွားရေးမြို့ တော်ကြီးမှာ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းများကို ပိုမိုဆောင်ရွက်လာကြပေမယ့် မှတ်ပုံတင်ရုံးကတော့ လက်ရှိရန်ကင်းမြို့နယ်က မှတ်ပုံတင်ရုံးတစ်ရုံးထဲမှာသာ ဆင့်ပွားဆောင်ရွက်နေတာကြောင့် မှတ်ပုံတင်လုပ်ရတဲ့သူတွေအနေနဲ့ အချိန်ကုန် ၊ အခက်အခဲဖြစ်ပြီး ၀န်ထမ်းတွေရဲ့ အဂတိနဲ့ ဆောင်ရွက်မှုတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်” လို့ မေးခွန်းမေးမြန်းခဲ့တဲ့ ဦးမြင့်လွင်ကပြောပါတယ်။

ုစာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ပြည်သူများမရွေ့ မပြောင်းနိုင်တဲ့ ပစ္စည်းများ ၊အရောင်းအ၀ယ်စာချုပ်များချုပ်ဆိုရာမှာဖြစ်စေ၊ အထူးကိုယ်စားလှယ်လွှဲစာများချုပ်ဆိုရာမှာဖြစ်စေ၊ အထွေထွေကိုယ်စားလှယ်လွှဲစာများ၊ မေတ္တာဖြင့် ပေးဌားခြင်းစာချုပ်များချုပ်ဆိုရာမှာဖြစ်စေ၊စာချုပ်စာတမ်းများ ချုပ်ဆိုရာမှာဖြစ်စေ မှတ်ပုံတင်ခြင်းကိုတရားဝင်ပြုလုပ်ရတာဖြစ်တာကြောင့် အခုလို အခက်အခဲတွေများကြောင့် မှတ်ပုံတင်ဆောင်ရွက်ခြင်းလုပ်ငန်းများမလုပ်တော့ဘဲ အခွန်ရှောင်သူများလည်းရှိလာတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှာတင်ပြခဲ့ပါတယ်။

ဖိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*