အင်္ဂလိပ်စာသင်ကြားပေးနေမှု ပုံစံကို အဌမတန်းမှစ၍ 4 Skills ပါဝင်သောစနစ်သို့ ပြောင်းလဲပေးရန် တိုက်တွန်းကြောင်းအဆို ကန့်ကွက်သူများ၍ ရှုံးနိမ့်

အင်္ဂလိပ်စာသင်ကြားပေးနေမှု ပုံစံကို အဌမတန်းမှစ၍ 4 Skills ပါဝင်သောစနစ်သို့ ပြောင်းလဲပေးရန် တိုက်တွန်းကြောင်းအဆို ကန့်ကွက်သူများ၍ ရှုံးနိမ့်
January 22, 2018 Fame Asian

2:28 pm
အင်္ဂလိပ်စာသင်ကြားပေးနေမှု ပုံစံကို အဌမတန်းမှစ၍ 4 Skills ပါဝင်သောစနစ်သို့ ပြောင်းလဲပေးရန် တိုက်တွန်းကြောင်းအဆို ကန့်ကွက်သူများ၍ ရှုံးနိမ့်
img2

အဆိုရှင် ဒေါ်ထုမေ နှင့် အဆိုအပေါ် ထောက်ခံသူနှင့် ကန့်ကွက်သူများစာရင်း

နေပြည်တော်၊ဇန်န၀ါရီ၂၂

ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်၁၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ တင်သွင်းသော အဌမတန်းမှစ၍ အင်္ဂလိပ်စာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားနည်းတို့ကို ပြုပြင်ပြောင်းလဲသင်ကြားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို မှာ ယနေ့ ကျင်းပသော လွှတ်တော်၌ ကန့်ကွက်သူများ၍ ရှုံးနိမ့်သွားပြီး မှတ်တမ်းအဖြစ်သာ တင်နိုင်ခဲ့သည်။

ဒေါ်ထုမေက မြန်မာနိုင်ငံတွင် သူငယ်တန်းမှစ၍ တက္ကသိုလ်ဝင်တန်းအထိ အင်္ဂလိပ်စာကို မသင်မနေရ ဘာသာရပ်တစ်ခုအဖြစ်ပြဌာန်းသင်ကြားပေးနေသော်လည်း အထက်တန်းပြီးဆုံးသွားသည့် ကျောင်းသားအများစု၏ အင်္ဂလိပ်စာဖြင့် ရေးသား ပြောဆိုဆက်သွယ်နိုင်စွန်းမှာ နိမ့်ကျနေကြောင်း၊ထို့အတွက်ကြောင့် အထက်တန်းပြီးဆုံးချိန်တွင် ကျောင်းသားများ အတိုင်းအတာ တစ်ခုအထိ ထိရောက်စွာရေးသားပြောဆိုနိုင်ရန်အတွက်(Grade 9)အဌမတန်းမှစ၍ စွမ်းရည် ၄ မျိုး(4 Skills – Reading, Writing, Speaking, Listening)ပါဝင်သောစနစ်သို့ပြုပြင်ပြောင်းလဲသင်ကြားရန် အစိုးရအား တိုက်တွန်းသည့် အဆို ကို တင်ခဲ့သည်။

img1

အဆိုရှင် ဒေါ်ထုမေ နှင့် အဆိုအပေါ် ထောက်ခံသူနှင့် ကန့်ကွက်သူများစာရင်း

ယင်းအဆိုနှင့် ပတ်သတ်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအ၀င် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅ဦး တို့မှ ထောက်ခံကြောင်း ပြောကြားချက် အသီးသီး ဆွေးနွေးခဲ့ကြသည်။

သို့သော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက အဆိုအပေါ် ပြန်လည်ဆွေးနွေးစဉ် အစိုးရအဖွဲ့အနေဖြင့် ကျောင်းသားများအထက်တန်းအဆင့်ပြီးဆုံးချိန်တွင် အင်္ဂလိပ်စာကို အတိုင်းအတာ တစ်ခုအထိ ထိရောက်စွာရေးသားပြောဆိုနိုင်ရန် သင်ရိုးများ ပြင်ဆင်နေခြင်း၊သင်ကြားနည်းစနစ်များ ပြောင်းလဲနေခြင်း၊ဆရာ/မ များကို ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ပြီး အင်္ဂလိပ်စာစွမ်းရည် မြှင့်မားအောင် သင်ကြားပေးနေခြင်း အစရှိသည်တို့ကို အထူးအလေးပေးဆောင်ရွက်နေပါသဖြင့် အဆိုကို မှတ်တမ်းအဖြစ် ထားရှိပေးပါရန်ပြောဆိုခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဌမှ အဆိုရှင်၏ ဆန္ဒကိုမေးရာ အဆိုရှင်မှ မှတ်တမ်းအဖြစ် မထားလိုကြောင်း တင်ပြလာ၍ လျှို့ဝှက်မဲပေးစနစ်ဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခဲ့သည်။

ဆန္ဒမဲပေးခွင့်ရှိသူ ၂၀၈ ဦးရှိရာ ထောက်ခံသူ ၉၆ဦး၊ကန့်ကွက်သူ ၁၀၂ ဦး၊ကြားနေ ၁ဦး စုစုပေါင်း ၁၉၉ဦးတို့မှ မဲပေးခဲ့ကြသည်။

ကန့်ကွက်သူနှင့် ထောက်ခံသူကြား ကန့်ကွက်သူက ၆ဦး ပိုများသွား၍ အဆို ရှုံးနိမ့်သွားသည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*