စစ်တွေ၊သက္ကယ်ပြင်အဝေးသင်ဌာနခွဲမှ ဘင်္ဂလီကျောင်းသားအကုန်စာမေးပွဲဖြေခဲ့တယ်လို့ ပညာရေးဝန်ကြီးပြော

စစ်တွေ၊သက္ကယ်ပြင်အဝေးသင်ဌာနခွဲမှ ဘင်္ဂလီကျောင်းသားအကုန်စာမေးပွဲဖြေခဲ့တယ်လို့ ပညာရေးဝန်ကြီးပြော
December 12, 2017 Fame Asian

3:38 pm
စစ်တွေ၊သက္ကယ်ပြင်အဝေးသင်ဌာနခွဲမှ ဘင်္ဂလီကျောင်းသားအကုန်စာမေးပွဲဖြေခဲ့တယ်လို့ ပညာရေးဝန်ကြီးပြော

24993260_1650926338302975_4901980221076974301_n

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂

စစ်တွေမြို့ နယ် ၊ သက္ကယ်ပြင်ကျေးရွာ စာစစ်ဌာနမှ စာရင်းရှိဘင်္ဂလီကျောင်းသားကျောင်းသူအားလုံး အဝေးသင်စာမေးပွဲကို ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောပါတယ်။စစ်တွေမြို့ နယ်၊သက္ကယ်ပြင်ကျေးရွာအထက်တန်းကျောင်းခွဲရှိ အဝေးသင်ဌာနခွဲမှာ ၂၀၁၇ ပညာသင်နှစ်အတွက် ဘင်္ဂလီကျောင်းသားများအတွက် အနီးကပ်သင်တန်းပို့ ချခြင်းနဲ့ စာမေးပွဲစစ်ဆေးခြင်းများဆောင်ရွက်ပေးခဲ့ရာမှာ စာရင်းရှိလူကုန်ဖြေဆိုခဲ့တယ်လို့ မနေ့ က နေပြည်တော်မှာကျင်းပခဲ့တဲ့ (၆)ကြိမ်‌မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့အစည်းအဝေးမှာပြောပါတယ်။

ယင်းစာစစ်ဌာနဟာ ဘင်္ဂလီအဝေးသင်ကျောင်းသားကျောင်းသူများအတွက် ပထမဆုံးဖွင့်လှစ်ပေးတဲ့ အဝေးသင်ဌာနခွဲတစ်ခုဖြစ်ပြီးတော့ မြန်မာစာ၊သမိုင်း၊အင်္ဂလိပ်စာ၊ပထ၀ီဝင်၊ဒဿနိကဘာသာရပ်အထူးပြုသင်ကြားနေကြတဲ့ ကျောင်းသားကျောင်းသူ(၈)ဦးရှိပါ တယ်။

အဖြေလွှာစစ်ဆေးခြင်းနဲ့ အောင်စာရင်းထုတ်ပြန်ခြင်းတို့ ကိုပါ ယင်းဌာနခွဲက ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါ့အပြင် အဆိုပါဌာနခွဲမှာ သင်တန်းပို့ ချတာဝန်ထမ်းဆောင်တဲ့ လက်ထောက်ကထိကနဲ့ ကထိက ဆရာဆရာမများကို နေထိုင်ရေး၊သွားရေးလာရေးစီစဉ်ပေးက
ာ (၂)ကြိမ်တာဝန်ထမ်းဆောင်ရင် နယ်တာဝန်ထမ်းမှု(၁)နှစ်အဖြစ်သတ်မှတ်ပေးထားတာဖြစ်ပါတယ်။

AF-245

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*