ထားဝယ်အထူး စီးပွားရေးဇုန်မှ ထိုင်းနယ်စပ် အထိနှစ်လမ်းသွား ကားလမ်းဖောက်လုပ်ရန် ထိုင်းမှချေးငွေရ ရှိမည်

ထားဝယ်အထူး စီးပွားရေးဇုန်မှ ထိုင်းနယ်စပ် အထိနှစ်လမ်းသွား ကားလမ်းဖောက်လုပ်ရန် ထိုင်းမှချေးငွေရ ရှိမည်
December 11, 2017 Asian Fame

3:25 pm
ထားဝယ်အထူး စီးပွားရေးဇုန်မှ ထိုင်းနယ်စပ် အထိနှစ်လမ်းသွား ကားလမ်းဖောက်လုပ်ရန် ထိုင်းမှချေးငွေရ ရှိမည်

Dawei

(နေပြည်တော်၊ ဒီဇင်ဘာ ၁၁)

ထားဝယ်အထူး စီးပွားရေးဇုန်မှ ထိုင်းနိုင်ငံ ကန်ချနာဘူရီနယ်စပ် အထိနှစ်လမ်းသွား ကားလမ်းဖောက်လုပ်ပါက ထိုင်းမှချေးငွေပေးရန်ကမ်းလှမ်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရသည်

လက်ရှိတွင်နှစ်လမ်းသွား ကားလမ်းဖောက်လုပ်ရန် လမ်းကြောင်းသုံးခု လျာထားပြီးထို လမ်းကြောင်းသုံးခုမှာ ထားဝယ်အထူးစီးပွားရေးဇုန်မှထိုင်းနိုင်ငံကန်ချနာဘူရီနယ်စပ်အထိဖောက်လုပ်မည့်လမ်းပြည်ထောင်စုလမ်းမကြီးနှင့် ချိတ်ဆက်ပြီးထိုင်းနိုင်ငံနယ်စပ်အထိဖောက်လုပ်မည့်လမ်းနှင့်ယခင်လမ်းဟောင်း၏တစ်ဝက်လောက်မှနေ၍ထားဝယ်မြို့ကိုဖြတ်၍ထိုင်းနိုင်ငံနယ်စပ်အထိဖောက်လုပ်မည့်လမ်းတို့ဖြစ်သည်။

လမ်းကြောင်းသုံးခုအနက် ထားဝယ်အထူး စီးပွားရေးဇုန်မှ ထိုင်းနိုင်ငံ ကန်ချနာဘူရီနယ်စပ် အထိဖောက်လုပ်မည့် လမ်းအတွက်ထိုင်းမှအတိုးနှုန်းသက်သာသောနှစ်ရှည်ချေးငွေထုတ်ချေးမည်ဟုကမ်းလှမ်းထားပြီးကျန်လမ်းကြောင်းမှပြောင်းလဲဖောက်လုပ်မည်ဆိုပါကနှစ်နိုင်ငံဆက်လက်ဆွေးနွေးရမှာဖြစ်ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှလက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်က ဆိုသည်။

“အထူးစီးပွားရေးဇုန်ရဲ့အကျိုးကျေးဇူးတွေကတော့အများကြီးပေါ့စားသောက်ဆိုင်တွေဟော်တယ်တွေပေါ်လာမယ်လမ်းဖောက်တယ်ဆိုတာကလဲလမ်းပန်းဆက်သွယ်ရေးကောင်းမှသယ်ယူပို့ဆောင်ရေးလုပ်တဲ့အခါမှာပိုပြီးမြန်ဆန်မယ်အဲ့လိုမြန်ဆန်မှုရှိတဲ့အခါ ကုန်ကျစရိတ်တွေသက်သာမယ်ဒီနှစ်လမ်းသွားကဒေသဖွံ့ဖြိုးရေးအတွက်မဖြစ်မနေဖောက်ဖို့အတွက် မူအားဖြင့်သဘောတူပြီးပြီ ဒါပေမဲ့ အသေးစိတ်လမ်းအူကြောင်းရွေးမဲ့ဟာကိုတော့သက်ဆိုင်ရာနိုင်ငံတွေနဲ့ညှိနှိုင်းရမယ့်ဟာတွေကျန်နေသေးတယ်”လို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကဆိုသည်။

လက်ရှိတွင် ထီးခီးမှထားဝယ် စီးပွားရေးဇုန် အထိဖောက်လုပ်ထားသောမြေသားလမ်း တစ်ခုရှိသော်လည်းထိုင်း-မြန်မာနှစ်နိုင်ငံစစ်ဆေးတွေ့ရှိချက်အရတောင်ကုန်း အမြင့်တွေတက်ရတဲ့ အတွက်သွားလာရာမှာအခက်အခဲရှိသောကြောင့်နှစ်လမ်းသွားကားလမ်းအသစ်ဖောက်လုပ်ရန်ကနဦးစီမံကိန်းအနေနှင့်ထည့်သွင်းထားခြင်းဖြစ်သည်။

လမ်းဖောက်လုပ်မှု ကိုဆောက်လုပ်ရေး ဝန်ကြီးဌာနမှတာဝန်ယူကာထိုင်း-ဂျပန်နိုင်ငံတို့နှင့်ဆွေးနွေးကာဖောက်လုပ်သွားမည်ဖြစ်သည်။ထိုင်း-မြန်မာသဘောတူလက်မှတ်ရေးထိုးထားသည့်ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းများစတင်အကောင်အထည်ဖော်ချိန်မှစ၍၂၀၂၅ခုနှစ်အထိဒေသခံပြည်သူတွေအတွက်အလုပ်အကိုင်ပေါင်းသုံးသိန်းခန့်ဖန်တီးပေးနိုင်မည်ဟုးစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ခန့်မှန်းထားသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*