Mobile App သုံးပြီး Online အဌားယာဉ်ဝန်ဆောင်မှုလုပ်နေကြတဲ့လုပ်ငန်းများကို ဈေးကွက်မျှတစွာယှဉ်ပြိုင်လုပ်ကိုင်နိုင်ဖို့ြ့ပည်ထောင်စုအစိုးရနဲ့ YRTA တို့ စည်းမျဉ်းရေးဆွဲနေ

Mobile App သုံးပြီး Online အဌားယာဉ်ဝန်ဆောင်မှုလုပ်နေကြတဲ့လုပ်ငန်းများကို ဈေးကွက်မျှတစွာယှဉ်ပြိုင်လုပ်ကိုင်နိုင်ဖို့ြ့ပည်ထောင်စုအစိုးရနဲ့ YRTA တို့ စည်းမျဉ်းရေးဆွဲနေ
December 4, 2017 Fame Asian

4:45 pm
Mobile App သုံးပြီး Online အဌားယာဉ်ဝန်ဆောင်မှုလုပ်နေကြတဲ့လုပ်ငန်းများကို ဈေးကွက်မျှတစွာယှဉ်ပြိုင်လုပ်ကိုင်နိုင်ဖို့ြ့ပည်ထောင်စုအစိုးရနဲ့ YRTA တို့ စည်းမျဉ်းရေးဆွဲနေ

24232246_1622614577782501_7636357427990469852_n

ရန်ကုန် ၊ ဒီဇင်ဘာ ၎

Mobile App သုံးပြီး Online အဌားယာဉ်ဝန်ဆောင်မှုလုပ်နေကြတဲ့လုပ်ငန်းများကို မျှတစွာယှဉ်ပြိုင်လုပ်ကိုင်နိုင်စေရန်အတွက် ကုန်လမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့  ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တို့ က လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကပြောပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ သင်္ဃန်းကျွန်းမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးနေဘုန်းလတ်က ” Mobile App သုံး Online အဌားယာဉ်ဝန်ဆောင်မှုလုပ်ငန်းများ ရှင်သန်ဖွံ့ ဖြိုးလာပြီး မြန်မာ့အဌားယာဉ်လောက တစ်ခေတ်ဆန်းစေရေးအတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ၊နည်းဥပဒေများ ရှိလာစေရေးအတွက် မည်သို့ စီမံဆောင်ရွက်ထားသည်ကိသိလိုကြောင်း” မေးခွန်းကိုမေးမြန်းခဲ့ရာမှာ တိုင်းအစိုးရအဖွဲ့ မှ လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီးဒေါ်နီလာကျော်ကပြန်လည်ဖြေကြားခဲ့တာပါ။

”အဌားယာဉ်လောကမှာ အခု Uber ၊ Grab ၊ Oway Ride ၊ Hello Cabs အစရှိတဲ့ နည်းပညာအခြေပြု Mobile App နဲ့ အွန်လိုင်းအသုံးပြုပြီးဆောင်ရွက်နေကြရာမှာ ခရီးသည်များအတွက်အဆင်ပြေမှု လုံခြုံမှု ပေးနိုင်ပါတယ် ၀န်ဆောင်မှုလည်းပိုကောင်းလာပါတယ် တစ်ဖက်မှာလည်း တစ်ဦးနဲ့ တစ်ဦး ယှဉ်ပြိုင်ရာမှာ မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်ရေးအတွက် ကျွန်မတို့ YRTA အနေနဲ့ အဲဒီယာဉ်လိုင်း ကုမ္မဏီ ၄ ခုကိုဖိတ်ခေါ်ပြီး ဆွေးနွေးတာ ၃ ကြိမ်ရှိပါပြီ ” လို့ ဒေါ်နီလာကျော်ကပြောပါတယ်။

မေးခွန်းမေးမြန်းခဲ့တဲ့ ဦးနေဘုန်းလတ်က”မြေပြင်မှာဖြစ်နေတာက ဒီကုမ္မဏီ ၄ခုက တစ်စီးနဲ့ တစ်စီး ငွေကြေးကောက်ခံပုံကမတူကြပါဘူး ကီလိုမီတာဆိုရင်လည်း ကီလိုမီတာဘယ်လောက်ကို ဘယ်လောက်လဲဆိုတဲ့သတ်မှတ်ချက်မရှိတဲ့အတွက်ကြောင့် တစ်ယောက်နဲ့ တစ်ယောက်ယူတာမတူပါဘူး ရပ်နားတဲ့အချိန်တွေကြာတဲ့ဟာလည်း ယူတာမတူပါဘူး တွက်ချက်နည်းတွေလည်းမတူပါဘူး နောက်တစ်ခုပိုပြီးဆိုးတာက ပရိုမိုးရှင်းတွေအပြိုင်အဆိုင်လုပ်ကြတယ်ပေါ့ တစ်ချို့ ပရိုမိုးရှင်းလိုက်မလုပ်နိုင်တဲ့ပြည်တွင်းကုမဏီတွေအနေနဲ့ နောက်ပိုင်းမှာ ကျရှုံးသွားနိုင်တယ်ဆိုတဲ့အနေအထားမျိုးတွေတောင်ကြုံလာရနိုင်တယ်လို့ ကြားသိရပါတယ် များများဈေးလျော့လေလေ ပြည်သူတွေသက်သာလေလေလို့ မေးခွန်းထုတ်စရာရှိပါတယ် ဒါပေမယ့် ယှဉ်ပြိုင်မှုမှာ ကြာကြာမပြိုင်နိုင်ရင် နိုင်သူပိုယူ ကြီးသူပိုစားဆိုပြီး ပြည်တွင်း ကုမ္မဏီတွေကျရှုံးပြီးနိုင်ငံတကာ ကုမ္မဏီတွေပဲကျန်တော့မယ့်အနေအထားမျိုးဖြစ်လာမယ့်အနေအထားတွေ့ နေရပါတယ်” လို့ ပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*