တက္ကစီများအလုအယက်လူခေါ်မှုနဲ့ ဈေးအဆမတန်တောင်းခံမှုတို့ ကို ထိန်းချုပ်ဖို့ အဌားယာဉ်များကြီးကြပ်မှုကော်မတီဖွဲ့ ပြီးဆောင်ရွက်သွားမည်

တက္ကစီများအလုအယက်လူခေါ်မှုနဲ့ ဈေးအဆမတန်တောင်းခံမှုတို့ ကို ထိန်းချုပ်ဖို့ အဌားယာဉ်များကြီးကြပ်မှုကော်မတီဖွဲ့ ပြီးဆောင်ရွက်သွားမည်
November 20, 2017 Asian Fame

3:52 pm
တက္ကစီများအလုအယက်လူခေါ်မှုနဲ့ ဈေးအဆမတန်တောင်းခံမှုတို့ ကို ထိန်းချုပ်ဖို့ အဌားယာဉ်များကြီးကြပ်မှုကော်မတီဖွဲ့ ပြီးဆောင်ရွက်သွားမည်

2ရန်ကုန် ၊ နိုဝင်ဘာ ၂၀

အဝေးပြေးကားဝင်းများနဲ့ မင်္ဂလာဒုံလေယာဉ်ကွင်းမှ တက္ကစီများရဲ့ အလုအယက်လူခေါ်နေမှုတွေနဲ့ ဈေးအဆမတန်တောင်းခံမှုတို့ ကို ထိန်းချုပ်ဖို့ အဌားယာဉ်များကြီးကြပ်မှုကော်မတီဖွဲ့ ပြီးဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကပြောပါတယ်။

၎င်းကော်မတီကို ရန်ကုန်တိုင်းဒေသာကြီးသယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ မှ သီးခြားဖွဲ့ စည်းပေးသွားမှာဖြစ်ပြီး ကားဝင်းများရှိကြီးကြပ်ရေးကော်မတီများနဲ့ ပူးပေါင်းဆောင်ရွက်စေမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လျှပ်စစ် စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီးဒေါ်နီလာကျော်ကပြောပါတယ်။

”အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားဝင်းအတွင်း အဝေးပြေးယာဉ်များနဲ့ ခရီးသွားဖို့ လာကြတဲ့ခရီးသည်တွေကို လူခေါ်ပွဲစားတွေနဲ့ ဆွဲခေါ်တာတွေ၊ ၀င်းအတွင်းက ပြန်လည်ထွက်ခွာမယ့်ခရီးသည်တွေကို အပြိုင်အဆိုင်လုယက်ခေါ်တဲ့တက္ကစီလူခေါ်ပွဲစားတွေကို စည်ပင်ရဲ၊ နယ်မြေရဲ၊ စခန်းလုံခြုံရေးရဲတပ်ဖွဲ့ များနဲ့ ပူးပေါင်းရှင်းလင်းပါတယ်။ သတိပေးခြင်း၊ ပညာပေးခြင်းတို့ ကို ဆောင်ရွက်ပါတယ်။ လိုက်နာမှုမရှိတဲ့ လူခေါ်ပွဲစားတွေကို စခန်းကြီးကြပ်ရေးကော်မတီရဲ့ စီမံခန့် ခွဲမှုဒဏ်ကြေးရိုက်ခြင်း၊ မဆောင်နိုင်တဲ့သူတွေကို မင်္ဂလာဒုံမြို့ နယ်ရဲစခန်းကို ပို့ ဆောင်ပြီးအရေးယူလျက်ရှိပါတယ်” လို့ သူကဆိုပါတယ်။ ဒါပေမယ့်လည်း ယင်းလုပ်ဆောင်ချက်တွေဟာ စည်းကမ်းထိန်းသိမ်းမှုကို အထိုက်အလျောက်သာ ကြပ်မတ်နိုင်တဲ့အတွက် အခုလိုဆောင်ရွက်ဖို့ စီမံရခြင်းဖြစ်တယ်လို့ ဒေါ်နီလာကျော်ကဆက်ပြောပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးမှာ သင်္ကန်းကျွန်းမြို့ နယ်မှလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ” မင်္ဂလာဒုံမြို့ နယ် ၊ (၁) ရပ်ကွက်အတွင်းရှိ အောင်မင်္ဂလာ အဝေးပြေးကွင်း၊ မင်္ဂလာဒုံလေယာဉ်ကွင်းနှင့် ဒဂုံဧရာအဝေးပြေးကွင်းတို့ ရှိပြေးဆွဲနေသော အဌားယာဉ်များကို စနစ်တကျဖြစ်စေရေး စီစဉ်ဆောင်ရွက်ဖို အစီအစဉ်ရှိမရှိ” မေးခွန်းကို မေးမြန်းခဲ့ရာမှာ အစိုးရအဖွဲ့ က ပြန်လည်ဖြေကြားခဲ့တာပါ။

”ခရီးသွားဖူးတဲ့သူတွေသိပါတယ် ။ ခရီးကပြန်လာရင် ကားပေါ်ကတောင်မဆင်းရသေးဘူး အောက်ကတက္ကစီသမားတွေက ဝေစုခွဲပြီးနေပြီ။ နောက်ပြီးတော့ ခရီးသည်တွေကိုအလုအယက်ခေါ်ကြတာတွေကိုလည်း အားလုံးသိကြမှာပါ အဆိုးဆုံးကတော့ ခရီးသည်တွေနှစ်ယောက်သုံးယောက်ကို တစ်စီးထဲမှာ စုတင်တာပဲ။ ကိုယ်ကတော့ အိမ်မြန်မြန်ပြန်ချင်လို့ ဈေးလည်းပိုပေးပြီးဌားပေမယ့် ကားထဲမှာ အကြာကြီးထိုင်ပြီး နောက်နှစ်ယောက်သုံးယောက်ကို ခေါ်တာတွေထပ်စောင့်ရတာပဲ။ ဒါတွေက စနစ်တကျမရှိတဲ့အတွက် ဒီလိုမျိုးတွေကြုံနေရတာပါ။ နောက် မင်္ဂလာဒုံလေယာဉ်ကွင်းမှာကျတော့ အလုအယက်ခေါ်တာမဟုတ်ဘူး အဆမတန်ဈေးယူတဲ့ကိစ္စပါ ” လို့ ဦးနေဘုန်းလတ်ကပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*