တိုင်းရင်းသား စာပေသင်ကြားနေကြတဲ့ ကျောင်းသား ၆ သိန်းကျော်ရှိ

တိုင်းရင်းသား စာပေသင်ကြားနေကြတဲ့ ကျောင်းသား ၆ သိန်းကျော်ရှိ
September 25, 2017 Asian Fame

4:53 pm
တိုင်းရင်းသား စာပေသင်ကြားနေကြတဲ့ ကျောင်းသား ၆ သိန်းကျော်ရှိ

Rawan

(ရန်ကုန် ၊ စက်တင်ဘာ ၂၆)

မြန်မာ တစ်နိုင်ငံလုံးမှာ တိုင်းရင်းသား စာပေသင်ကြားနေကြတဲ့ ကျောင်းသားဦးရေဟာ ယခုနှစ်မှာ ၆ သိန်းကျော် ရှိနေတယ်လို့ ပညာရေးဝန်ကြီးဌာန ကပြောပါတယ်။

ဒီစာရင်းဟာ မနှစ်က စာသင်နှစ်မှာရှိခဲ့တဲ့ ကျောင်းသားဦးရေ စာရင်းအတိုင်းဖြစ်ပြီး ဒီနှစ်မှာ ကျောင်းသားဦးရေ များပြားလာတာမျိုးမရှိဘူးလို့ အခြေခံပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်

ဒါ့အပြင် တစ်နိုင်ငံလုံးက အခြေခံပညာ ကျောင်းများတွေထဲမှာ တိုင်းရင်းသားဘာသာ စကားသင်ကြားပေးမှုဟာ ၄၉ ဘာသာရှိနေတဲ့အတိုင်းပဲ ဆက်လက် သင်ကြားပေးလျက် ရှိနေတယ်လို့ ဆိုပါတယ်။

” ကျွန်တော်တို့ ဟိုတစ်နေ့ ကပဲ ပုံနှိပ် စာအုပ်တွေရိုက်ဖို့ လုပ်တော့ စာရင်းအရတော့ တိုင်းရင်းသား ဘာသာစကား ၄၉ မျိုးသင်ကြားပေးတဲ့အထဲမှာ ၄၄ ဘာသာကိုတော့ ပုံနှိပ်ဖို့ လုပ်ပြီးနေပါပြီ မနှစ်ကအတိုင်းနီးပါပဲ ကျောင်းသား ဦးရေလည်း သိပ်မတိုးပါဘူး” လို့ ဒေါက်တ
ာအောင်နိုင်စိုး ကဆိုပါတယ်။

အခြေခံပညာကျောင်းတွေမှာ တိုင်းရင်းသား ဘာသာစကားများ ထည့်သွင်းသင်ကြားဖို့ ကို ပြီးခဲ့တဲ့ အစိုးရ လက်ထက်က သတ်မှတ်ပေးခဲ့တာဖြစ်ပြီး ကချင်၊ဂျိန်းဖော၊တိုင်းလေ၊လော်ဝေါ်၊ လာချိဒ်၊ဇိုင်းဝါ၊လီဆူး၊ရ၀မ် အစရှိတဲ့ ဘသာစကားတွေကို သင်ကြားပေးတာဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*