ကယားပြည်နယ်ထဲ ကျဆုံးသွားခဲ့တဲ့ ဂျပန်စစ်သားတွေရဲ့ ရုပ်ကြွင်းခန္ဓာတွေကို ဂျပန်နိုင်ငံက ပြန်ရှာချင်နေ

ကယားပြည်နယ်ထဲ ကျဆုံးသွားခဲ့တဲ့ ဂျပန်စစ်သားတွေရဲ့ ရုပ်ကြွင်းခန္ဓာတွေကို ဂျပန်နိုင်ငံက ပြန်ရှာချင်နေ
September 25, 2017 Fame Asian

4:01 pm
ကယားပြည်နယ်ထဲ ကျဆုံးသွားခဲ့တဲ့ ဂျပန်စစ်သားတွေရဲ့ ရုပ်ကြွင်းခန္ဓာတွေကို ဂျပန်နိုင်ငံက ပြန်ရှာချင်နေ

22008275_1569653123096964_4041248310938784892_n

ရန်ကုန် ၊ စက်တင်ဘာ ၂၅

ဒုတိယကမ္ဘာစစ်အတွင်း ကယားပြည်နယ်ထဲမှာ ကျဆုံးသွားတဲ့ ဂျပန်စစ်သားတွေရဲ့ ရုပ်ကြွင်းခန္ဓာတွေကို ပြန်လည်ရှာဖွေချင်တယ်လို့ ဂျပန်နိုင်ငံက ကယားပြည်နယ်အစိုးရအဖွဲ့ကို တောင်းဆိုထားပါတယ်။

ဂျပန်နိုင်ငံက Japan Burma Veterans Association အဖွဲ့နဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ တို့ ယနေ့ တွေ့ဆုံစဉ် အခုလိုတောင်းဆိုခဲ့တာလို့ ကယားပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍရေးဝန်ကြီး ဦးမော်မော်က ပြောပါတယ်။

“သူတို့တွေက စစ်အတွင်းက ကယားပြည်နယ်မှာ ကျဆုံးသွားခဲ့တဲ့ အရိုးတွေကို သူတို့တွေက ပြန်ကောက်ချင်တာပေါ့နော် ၊ အဲ့ဒီတွေလုပ်ဖို့ လာဆွေးနွေးတာပါ”လို့ ၀န်ကြီးက ရှင်းပြပါတယ်။

ရုပ်ကြွင်းတွေကို ရှာဖွေလိုတဲ့၊အရိုးကောက်လိုတဲ့ Japan Burma Veterans Association အသင်းဟာ အဖွဲ့အစည်းတစ်ရပ် တစ်ခုအနေနဲ့ နိုင်ငံမှာတရားဝင်
မှတ်ပုံတင်မထားတာကြောင့် အသင်းမှတ်ပုံတင်ဖို့ ကယားပြည်နယ်အစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

“ကျွန်တော်တို့က နေပြည်တော်မှာရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာနမှာ အသင်းမှတ်ပုံတင်လျှောက်ပေးမယ်”လို့ ဦးမော်မော်က ဆက်ပြောပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*