“အိန္ဒိယ နိုင်ငံဝန်ကြီးချုပ် ရွှေတိဂုံစေတီတော် သို့ ဒီနေ့ မနက် သွားရောက်ဖူးမျှော်”

“အိန္ဒိယ နိုင်ငံဝန်ကြီးချုပ် ရွှေတိဂုံစေတီတော် သို့ ဒီနေ့ မနက် သွားရောက်ဖူးမျှော်”
September 7, 2017 Asian Fame

10:44 am
“အိန္ဒိယ နိုင်ငံဝန်ကြီးချုပ် ရွှေတိဂုံစေတီတော် သို့ ဒီနေ့ မနက် သွားရောက်ဖူးမျှော်”

Modi(ရန်ကုန် ၊ စက်တင်ဘာ ၇)

နိုင်ငံတော်သမ္မ ဦးထင်ကျော်ရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို တရားဝင် အလည်အပတ် ရောက်လာတဲ့ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် Narendra Modi ဟာ ဒီကနေ့ (စက်တင်ဘာလ ၇) မှာ ရွှေတိဂုံစေတီတော်ကို သွားရောက် ဖူးမျှော်ခဲ့ပါတယ်။ ၀န်ကြီးချုပ် ဟာ မနေ့ ကတော့ ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားကွင်းမှာ အိန္ဒိယနွယ်ဖွား၊ မြန်မာနိုင်ငံသားတွေ နဲ့ တွေ့ဆုံပွဲ တစ်ခု ကိုပြုလုပ်ခဲ့ပါတယ်။

21430445_1410743868974270_6171687124333524417_nအိန္ဒိယ ၀န်ကြီးချုပ်ဟာ မြန်မာနိုင်ငံကို ၃ရက်ကြာ ချစ်ကြည်ရေး အလည် အပတ် ခရီးအဖြစ် စက်တင်ဘာလ ၅ ရက်နေ့ ည ကရောက်ရှိ လာ တာဖြစ်ပါတယ်။ ၎င်းကိုနိုင်ငံတော် သမ္မတက သမ္မတ အိမ်တော်မှာ ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်း မှာတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက် နားလည်မှု စာချွန်လွှာတွေ ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ ၀န်ကြီးချုပ် နဲ့ တွေ့ ဆုံရာမှာ လတ်တလော ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် အတွင်းက အကြမ်းဖက် ခြိမ်းခြောက်မှု များနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယနိုင်ငံ ရဲ့ခိုင်မာတဲ့ ရပ်တည်ချက် အပေါ် ကျေးဇူးတင် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဖြိုးထက်အောင်

ဓါတ်ပုံ – ကောင်းစွမ်းသာ၊ သားဒွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*