မန္တလေးတက္ကသိုလ်မှာ ပထမဦးဆုံးအကြိမ် Job Fair ပြုလုပ်သွားမယ်

မန္တလေးတက္ကသိုလ်မှာ ပထမဦးဆုံးအကြိမ် Job Fair ပြုလုပ်သွားမယ်
August 30, 2017 Fame Asian

3:23 pm
မန္တလေးတက္ကသိုလ်မှာ ပထမဦးဆုံးအကြိမ် Job Fair ပြုလုပ်သွားမယ်

21150103_1543823895679887_5460770022565453161_n

မန္တလေး၊သြဂုတ်၃၀

ပြည်တွင်းက ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် ၄၈ ခုထဲ နံပါတ် ၁ အဆင့်ချိတ်ထားတဲ့ မန္တလေးတက္ကသိုလ်မှာ လာမယ့်စက်တင်ဘာဒုတိယပတ်အတွင်း ပထမဦးဆုံးအကြိမ် Job Fair ပြုလုပ် သွားဖို့ရှိတယ်လို့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းက  ပြောပါတယ်။

“စက်တင်ဘာလ ၁၂ ရက်နေ့မှာ တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့လမ်းညွှန်မှုနဲ့ Job Fair လုပ်ဖို့ရှိပါတယ်၊ အဲဒီ Job Fair မှာ ကျွန်မတို့က ငွေကုန်ကြေးကျများစရာမရှိပါဘူး၊ ကုလားထိုင်တွေစားပွဲခုံတွေစီစဉ်ပေးပါမယ်၊ ကုမ္ပဏီတွေကလာရောက်ပြသရုံပဲရှိပါတယ်” လို့
ပါမောက္ခ ချုပ်ကဆိုပါတယ်။

ပထမဦးဆုံးအကြိမ်ပြုလုပ်မယ့်အစီအစဉ်ဖြစ်တဲ့အတွက်လည်း အတူတစ်ကွလာရောက်ပူးပေါင်းပါဝင်လိုတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေကို အထူးတလည်ဖိတ်ခေါ်ထားပြီး စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၃ နာရီနောက်ဆုံးထားစာရင်းပေးကြဖို့လည်း ကြေညာထားပါတယ်။

“ကျောင်းပြီးသွားတဲ့ကလေးတွေရော ကျောင်းတက်ဆဲမေဂျာပေါင်းစုံကကလေးတွေပါ ဗဟုသုတရအောင်ပါ၊ ကျွန်မတို့မှာအတွေ့အကြုံ တော့မရှိပါဘူး၊ ဒါပထမဦးဆုံးအကြိမ်ပါ၊ တစ်ချို့တက္ကသိုလ်တွေမှာ Job Fair တွေလုပ်ကြတာအောင်မြင်ကြတယ်၊ ကလေးတွေလည်း အလုပ်အကိုင်ရသွားကြတယ်၊ ကျွန်မတို့လည်း အဲဒါကိုဖြစ်စေချင်တာပါ” လို့လည်း ပါမောက္ခချုပ်ကပြောပါတယ်။

စက်တင်ဘာ ၁၂ ရက် မနက် ၈ နာရီမှာ ဖွင့်ပွဲအခမ်းအနားနဲ့တစ်ကွ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကိုယ် တိုင်တက်ရောက်ဖွင့်လှစ်ပေးသွားမှာလည်းဖြစ်တယ်လို့သိရပါတယ်။

မန္တလေးတက္ကသိုလ်ဟာ အခုနှစ်အတွက် အကောင်းဆုံးကျောင်းအဆင့်နံပါတ် ၁ ရထားတာဖြစ်ပြီး မနက်ဖြန်သြဂုတ် ၃၁ ရက် မှာတော့ မေဂျာစုစုပေါင်း ၂၀ ထဲက ထူးချွန်ကျောင်းသားကျောင်းသူအယောက် ၂၀ အတွက် ရွှေတစ်ကျပ်သားဆုချီးမြှင့်မယ့် အခမ်းအနားတစ်ခုပြု လုပ်သွားဖို့လည်းစီစဉ်နေပါတယ်။ ဒီအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်တက်ရောက်မှာလို့လည်းသိရပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*