Yangon Ultimate Football Tournament အလွတ်‌တန်း‌ဘောလုံးပြိုင်‌ပွဲ စက်‌တင်‌ဘာလ၂ တွင်ကျင်းပမည်

Yangon Ultimate Football Tournament အလွတ်‌တန်း‌ဘောလုံးပြိုင်‌ပွဲ စက်‌တင်‌ဘာလ၂ တွင်ကျင်းပမည်
August 28, 2017 Fame Asian

3:34 pm
Yangon Ultimate Football Tournament အလွတ်‌တန်း‌ဘောလုံးပြိုင်‌ပွဲ စက်‌တင်‌ဘာလ၂ တွင်ကျင်းပမည်

p

ရန်‌ကုန်‌၊သြဂုတ်‌ ၂၈

Yangon Ultimate Football Tournament အလွတ်‌တန်း‌ဘောလုံးပြိုင်‌ပွဲကို စက်‌တင်‌ဘာလ၂ရက်‌‌နေ့မှ စတင်‌၍ ရန်‌ကုန်‌ယူနိုက်‌တက်‌‌ဘောလုံးကွင်းတွင်‌ ကျင်းပမည်‌ဖြစ်‌ကြောင်း Yangon Ultimate Football Tournament ဦး‌ဆောင်‌ပွဲစီစဉ်‌ကျင်းပသူ ကို‌အောင်‌ရဲ‌မောင်‌‌မောင်‌က ‌ပြောသည်‌။

“အကိုတို့ကို စာရင်း‌ပေးထားတာ ၁၆သင်းပါ။အသင်းလဲပြည့်‌ပါပြီ။စက်‌တင်‌ဘာ၂ရက်‌‌နေ့က‌နေပြီး ‌အောက်‌တိုဘာ၂၉အထိ ကျင်းပမှာပါ။ “ဟု ၎င်းက‌ပြောသည်‌။

Yangon Ultimate Football Tournament ကို အသက်‌၁၅နှစ်‌မှ ၃၅နှစ်‌အထိပါဝင်‌ကစားနိုင်‌ပြီး နိုင်‌ငံခြားသားများအ‌နေဖြင့်‌ အသက်‌၁၈နှစ်‌နှင့်‌ ၁၈နှစ်‌‌အောက်‌လူငယ်‌များပါဝင်‌ကစားနိုင်‌‌ကြောင်း ၎င်းက‌ပြောသည်‌။

ရန်‌ကုန်‌ယူနိုက်‌တက်‌ကစားကွင်းတွင်‌ အသင်း၁၆သင်းအ‌နေဖြင့်‌ စ‌နေနှင့်‌ တနင်္ဂ‌နွေနှစ်‌ရက်‌ယှဉ်‌ပြိုင်‌ကစားရမည်‌ဖြစ်‌ပြီး အသင်းဝင်‌‌ကြေးအ‌နေဖြင့်‌ ၂သိန်း၈‌သောင်းကုန်‌ကျမည်‌ဖြစ်‌ကာ တစ်‌သင်းလျှင်‌၂၅ဦးပါဝင်‌ခွင့်‌ပြုထား‌ကြောင်း သိရသည်‌။

“ပါဝင်‌ယှဉ်‌ပြိုင်‌သူ‌တွေကို MNLအသင်း‌တွေမှာ လက်‌မှတ်‌မထိုးထားတဲ့ ကစား‌သမား‌တွေပဲပါဝင်‌ခွင့်‌ပြုမှာပါ။အသင်း၁၆သင်းထဲက‌နေ ၂၂ဦး‌ရွေးချယ်‌ပြီး MNLအသင်းတစ်‌သင်းနဲ့ ကန်‌ခိုင်းဖို့လဲ စီစဉ်‌ထားပါတယ်‌။ “ဟု ကို‌အောင်‌ရဲ‌မောင်‌‌မောင်‌က ‌ပြောသည်‌။

Yangon ultimate football tournamentအလွတ်‌တန်း‌ဘောလုံးပြိုင်‌ပွဲတွင်‌ ပထမရရှိ‌သောအသင်းကို ဆု‌ငွေ ၁၀သိန်းနှင့်‌ ဒုတိယ၊တတိယရရှိသူများကို ဆုတံဆိပ်‌များ‌ပေးအပ်‌ခြင်း၊အ‌ကောင်းဆုံးကစားသမားဆု၁ဆု‌ပေးအပ်‌မည်‌ဖြစ်‌‌ကြောင်းနှင့်‌ ဒိုင်‌လူကြီး၊လုံခြုံ ‌ရေးနှင့်‌ အသင်းဝတ်‌စုံများကို စီစဉ်‌‌ပေးမည်‌ဟု ၎င်းက‌ဆက်‌‌ပြောသည်‌။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*