မန္တလေးရှိ တောင်သူတွေရဲ့သပိတ်စခန်းကို ဒီကနေ့ မနက်မှာပဲ ရဲက ဖြိုခွင်းခဲ့

မန္တလေးရှိ တောင်သူတွေရဲ့သပိတ်စခန်းကို ဒီကနေ့ မနက်မှာပဲ ရဲက ဖြိုခွင်းခဲ့
July 28, 2017 Asian Fame

2:12 pm
မန္တလေးရှိ တောင်သူတွေရဲ့သပိတ်စခန်းကို ဒီကနေ့ မနက်မှာပဲ ရဲက ဖြိုခွင်းခဲ့

2(မန္တလေး၊ ဇူလိုင် ၂၈)

သိမ်းဆည်းခံ လယ်မြေတွေပြန်ရဖို့ ၊တရားစွဲခံတောင်သူတွေရဲ့အမှုကို ရုတ်သိမ်းပေးဖို့ တောင်းဆိုနေတဲ့ မန္တလေးက တောင်သူတွေ ရဲ့သပိတ် စခန်းကို ဒီနေ့မနက် အစောပိုင်းမှာပဲ ရဲတပ်ဖွဲ့က ဖြိုခွင်းလိုက်ပြီဖြစ်ပါတယ်။

မနက် ၂ နာရီလောက်မှာ ရဲ အင်အား ၁၀၀ ခန့်နဲ့ ၀င်ရောက် စီးနင်းလိုက်ကြတာ ဖြစ်ပြီး သပိတ်စခန်း ကတောင်သူ ၁၂ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။

လောလောဆယ် မှာတော့ တောင်သူတွေကို ပြန်လွှတ် ပေးထားပြီး တောင်သူ အရေးဦးဆောင်သူ ၁၂ ဦးကို ငြိမ်းစုစီဥပဒေနဲ့ အရေးယူ ထားတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့က ကိုစိုးဌေး၊ မြောက်ဥက္ကလာက ကိုအောင်သူ၊ ခင်ဦးမြို့က ကိုတင်အုန်းကျော်၊ ပြင်ဦးလွင်မြို့က ကိုမင်းသူ ကိုစိုးဝင်း ဒေါက်တာအောင်ဌေး၊ စဥ့်ကိုင်မြို့က ကိုစိုးလွင် နဲ့ မတ္တရာမြို့နယ်နေ ကိုရဲရင့်အောင် ကိုသန်းလွင် ကိုမောင်စိုး ကိုစိုးမင်းတို့ ၁၁ ဦးကို အောင်မြေသာစံမြို့ နယ် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးခင်မောင်လွင်က အမှတ် ၁ ရဲစခန်းမှာ တရားလိုပြုလုပ် တိုင်ကြား အမှု ဖွင့်ခဲ့တာဖြစ်ပြီး အဲဒီရဲစခန်းက (ပ)၄၆၆/၂၀၁၇၊ ငြိမ်းစု စီပုဒ်မ ၁၉/၂၀ နဲ့အမှုဖွင့် အရေးယူထားတာဖြစ်တယ် လို့သိရပါတယ်။

မန္တလေး၊ ပြင်ဦးလွင် ၊ မတ္တရာ၊ စဥ့်ကိုင်အစရှိတဲ့ ဒေသတွင်း မြို့ ၉ မြို့ ၊ ကျေးရွာ ၁၂ ရွာက မြေသိမ်းခံတောင်သူတွေဟာ ၄င်းတို့ ရဲ့တောင်းဆိုမှုတွေကိုနိုင်ငံတော် သမ္မတ၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ဦး ဆောင်တဲ့ ပြည်ထောင်စု အစိုးရ သိရှိပြီး အချိန်နဲ့ တပြေး ညီ ဖြေရှင်းပေးနိုင်ဖို့အတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေ ရင်း အခုကိစ္စဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*