ကျောက်စိမ်းကျောက်မျက်အတွဲများကို ဈေးအပြိုင်ပေးဝယ်ယူမှု အားနည်းလာသည့်အတွက် ယခုပြပွဲတွင် အိတ်ဖွင့်တင်ဒါစနစ် တစ်မျိုးတည်း ကိုသာအသုံးပြုရောင်းချသွားမည်။

ကျောက်စိမ်းကျောက်မျက်အတွဲများကို ဈေးအပြိုင်ပေးဝယ်ယူမှု အားနည်းလာသည့်အတွက် ယခုပြပွဲတွင် အိတ်ဖွင့်တင်ဒါစနစ် တစ်မျိုးတည်း ကိုသာအသုံးပြုရောင်းချသွားမည်။
July 25, 2017 Fame Asian

1:56 pm
ကျောက်စိမ်းကျောက်မျက်အတွဲများကို ဈေးအပြိုင်ပေးဝယ်ယူမှု အားနည်းလာသည့်အတွက် ယခုပြပွဲတွင် အိတ်ဖွင့်တင်ဒါစနစ် တစ်မျိုးတည်း ကိုသာအသုံးပြုရောင်းချသွားမည်။

ff

နေပြည်တော် ဇူလိုင် ၂၅

(၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို သြဂုတ်လ(၂)ရက်နေ့မှ(၁၁)ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး ယခင်အကြိမ်များကဲ့သို့ဈေးပြိုင်နှင့်တင်ဒါစနစ်(၂)မျိုးစလုံးအသုံးပြုမည်မဟုတ်ဘဲ အိတ်ဖွင့်တင်ဒါစနစ် တစ်မျိုးထဲဖြင့်သာ ရောင်းချသွားရန်စီစဉ်ထားသည်။

“ကုန်သည်တွေက သတ်မှတ်ထားတဲ့ ကြမ်းခင်းဈေးကိုအပြိုင်အဆိုင် ပေးဝယ်မှသာ ဈေးပြိုင်စနစ်က အားကောင်းစေတာပါ၊အခုနောက်ပိုင်း ဈေးအပြိုင်ပေးဝယ်တဲ့ အခြေအနေမျိုး နည်းပါးလာတဲ့အတွက် ဒီတကြိမ်ကိုတော့ တင်ဒါစနစ်တစ်မျိုးထဲနဲ့ပဲရောင်းဖို့စီစဉ်ထားပါတယ်”ဟု စီမံရေးရာလုပ်ငန်းကော်မတီဒုတိယ ဥက္ကဌ ဦးသန်းဇော်ဦးက ဆိုသည်။

ယခုကျင်းပမည့် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲပေါင်း(၃၂၆)တွဲနှင့်ကျောက်စိမ်းအတွဲပေါင်း(၆၅၆၁)တွဲရောင်းချမည်ဖြစ်သည်။စုစုပေါင်းရောင်းချမည့်တန်ဖိုးမှာ ယူရို(၂၀၈)သန်းကျော် ဖိုးဖြစ်ကြောင်းသိရသည်။

ယခုကျင်းပမည့်(၅၄)ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲသို့ ကုမ္မဏီစုစုပေါင်း (၁၃၀၉)ခုလာရောက်ခင်းကျင်းရောင်းချရန်စီစဉ်ထားသည်။ယခုတကြိမ်ကျင်းပမည့်ပြပွဲတွင် ပြည်တွင်းမှရတနာကုန်သည်များအတွက် ပြပွဲတိုင်းအတွက်ဝင်ရောက်လေ့လာဝယ်ယူနိုင်မည့် ပါမစ်နစ်ကဒ်(၁၄၀၀)ခန့်ကိုလည်းထုတ်ပေးသွားရန်စီစဉ်နေသည်။

“ပြပွဲတစ်ကြိမ်ကျင်းပတိုင်းတစ်ကြိမ် ဝင်ခွင့်တင်ရတဲ့အခြေအနေအစား စီစစ်မှုတွေပြုလုပ်ပြီး(၂)နှစ်သက်တမ်းရှိတဲ့ ပါမစ်နစ်ကဒ်တွေကို ပြည်တွင်းရတနာကုန်သည်တွေအတွက် လုပ်ပေးမှာပါ”ဟု ဦးသန်းဇော်ဦးကပြောသည်။

ယခုတစ်ကြိမ်ကျင်းပမည့်ကျောက်မျက်ရတနာ ရောင်းချပွဲသို့ ပြည်တွင်းရတနာကုန်သည်နှစ်ထောင်ကျော်နှင့် ပြည်ပရတနာကုန်သည်နှစ်ထောင့်ငါးရာခန့်အထိ တတ်ရောက်မည်ဟု ကျောက်မျက်ရတနာ ပြပွဲကျင်းပသူများက ခန့်မှန်းထားကြသည်။

အောင်ပြည့်စုံ

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*