ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် လှုပ်ရှားမှုများမြင့်တက်လာတယ်​လို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ကုလသမဂ္ဂကို​ပြော

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် လှုပ်ရှားမှုများမြင့်တက်လာတယ်​လို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ကုလသမဂ္ဂကို​ပြော
July 18, 2017 Asian Fame

8:01 pm
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် လှုပ်ရှားမှုများမြင့်တက်လာတယ်​လို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ကုလသမဂ္ဂကို​ပြော

20108488_1829926973689756_1051752273041372496_n

 

ရန်ကုန် ဇူလိုင် ၁၈

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် လှုပ်ရှားမှုများမြင့်တက်လာတယ်လို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ကုလသမဂ္ဂနဲ့နိုင်ငံတကာ အဖွဲ့အစည်းများကို ဒီကနေ့ပြောလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျောင်တင့်ဆွေနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းတို့ဟာ သံတမန်များ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများကို ဒီကနေ့ ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံး အခြေအနေများရှင်းပြခဲ့ပါတယ်။
ရခိုင်ပြည်နယ် အရေးကိစ္စရဲ့ ရှုပ်ထွေးနက်နဲသည့်သဘောသဘာဝနှင့် ယင်းအရေးကိစ္စကို ဖြေရှင်းဖို့ အစိုးရက ရေတို၊ ရေရှည်အစီအစဉ်များချမှတ်ဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်းနဲ့ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီက ချမှတ်ခဲ့တဲ့အချက်အလက် ရှာဖွေရေးအဖွဲ့ ကို စေလွှတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အစိုးရကသဘောမတူတာဟာ မြန်မာနိုင်ငံတွင်း အခြေအနေများကို ပိုမို ဆိုးရွားသွားစေနိုင်ကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များကိုပြောခဲ့တယ်လို့သိရပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလမှစပြီး အပြစ်မဲ့အရပ်သား ၄၄ ဦး သတ်ဖြတ်ခြင်း ခံခဲ့ရကာ၂၇ ဦး ပျောက် ဆုံးလျက် ရှိတယ်ဆိုတာနဲ့ ဇွန်လ ၂၀ ရက်နေ့က မေယု တောင်တန်းပေါ်မှာ လူလုပ်ဥမင်လှိုဏ်ခေါင်းများ၊ သေနတ်များနဲ့လေ့ကျင့်ရေးစခန်းတစ်ခုကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတာတွေကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ကအတည်ပြုပြောကြားခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*