အချိန်မှီ ထိန်းသိမ်း ကာကွယ်ရန် လိုအပ်နေသည့် မြန်မာ့ကြိုးကြာ မျိုးစိတ်

အချိန်မှီ ထိန်းသိမ်း ကာကွယ်ရန် လိုအပ်နေသည့် မြန်မာ့ကြိုးကြာ မျိုးစိတ်
July 17, 2017 Asian Fame

1:55 pm
အချိန်မှီ ထိန်းသိမ်း ကာကွယ်ရန် လိုအပ်နေသည့် မြန်မာ့ကြိုးကြာ မျိုးစိတ်

crane(ရန်ကုန်၊ ဇူလိုင် ၁၇)

မြန်‌မာနိုင်‌ငံတွင်‌ အကောင်ရေ ၂ဝဝ မှ ၄ဝဝ ထိသာ ကျန်ရှိတော့မည်ဟု ခန့်မှန်းထားပြီး အချိန်မီ ထိန်းသိမ်း ကာကွယ်ခြင်း မပြုပါက မျိုးသုဉ်း ပျောက်ကွယ်နိုင်သည့် မျိုးစိတ် စာရင်းထဲတွင် ပါဝင်နေ‌သော ဧရာဝတီ ဌာ‌နေ ကြိုးကြာငှက်‌များ၏ နေထိုင်ရာ အသိုက်တည်နေရာ များကို သားဌက် ထိန်းသိမ်းရေးအဖွဲ့ (WCS) အား သတင်းပေးပါက ထိုက်သင့်သည့် ဂုဏ်ပြုချီးမြှင့်မှု များပြုလုပ်ပေးမည်ဟု WCS အဖွဲ့ ကပြောသည်။

“မြန်မာနိုင်ငံမှာ ကြိုးကြာငှက် ၃ မျိုးတွေ့ရတယ်။ အဲ့ဒီ သုံးမျိုးထဲမှာ မြန်မာနိုင်ငံမှာ အမြဲတွေ့ရတဲ့ ကြိုးကြာဌက်က ရှားပါးလာတာ။ ကျန်တဲ့နှစ်မျိုးက ဆောင်းခို ကြိုးကြာငှက်တွေ။ အခု သတင်းပေးရမှာလဲ ဌာနေ ကြိုးကြာဌက်တွေပါ။”ဟု WCS မှ ဌက်ပညာရှင် ဦးသက်ဇော်နိုင် ကပြောသည်။

ကမ္ဘာပေါ်တွင် သာမက မြန်မာနိုင်ငံတွင် အလွန်ရှားပါး လာသော ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသရှိ ဌာနေကြိုးကြာငှက် များကို ရေကြည်မြို့၊ ဟင်္သာတမြို့၊ ဝါးခယ်မမြို့၊ ကျိုက်လတ်မြို့၊ မော်လမြိုင်ကျွန်း၊ မအူပင်မြို့၊ မြောင်းမြမြို့၊အိမ်မဲမြို့စသည့် မြို့များ၏ ပတ်ဝန်းကျင် တွင် အများဆုံး ပျံ့နှံ့ကျက်စားလျက်‌ရှိ‌ကြောင်း WCS မှ ဌက်ပညာရှင် ဦးသက်ဇော်နိုင်ကပြောသည်။

လက်‌ရှိတွင်‌ ဧရာဝတီတိုင်း‌ဒေသကြီး၏ မအူပင်မြို့၊ ဝါးခယ်‌မမြို့၊ အိမ်‌မဲမြို့နယ်‌နှင့်‌ ပန်း‌တ‌နော်‌မြို့ အတွင်းရှိ ‌ကျေးရွာ၇၀တွင်‌ ရှားပါး ကြိုးကြာငှက်‌နှင့်‌ ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်း‌ရေး‌ ဟော‌ပြောပွဲများပြုလုပ်‌ သွားမည်‌ဟု ၎င်းက‌ပြောသည်‌။

ကမ္ဘာ့ရှားပါး ကြိုးကြာငှက်မျိုးစိတ်များ မျိုးမသုဉ်းရေးအတွက် အသိုက်တည်နေရာ၊ အသိုက်အရေ အတွက်၊ ပုံမှန်လာရောက် ကျက်စားသော ရာသီနှင့် အကောင်အရေ အတွက်စသည့် သတင်းအချက် အလက်များကို အောက်ပါဖုန်းနံပါတ် ဝ၁-၅၃၅ ၇၁၁၊ ဝ၉-၈၆၁ ၆၉၈၁၊ ဝ၉-၇၉၈၄ ၃၉၈၅၅၊ ဝ၉-၂၅ဝဝ ၅၈၉၃၁၊ ဝ၉-၇၈ဝ ၄၄၉ ဝ၇၈၊ဝ၉- ၄၂၁ဝ၈၃၈၆၃သို့ လှမ်းသတင်းပေးနိုင်ကြောင်း ဦးသက်ဇော်နိုင်ကပြောသည်။

“သတင်းပေးသူတွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုမှာပါ။ အသိုက် တစ်သိုက်ကို တစ်သောင်းပေးဖို့ လျာထားတယ်။ အသိုက်ရှိရာနေရာကို ရှာဖွေသွားလာရတဲ့ လမ်းစရိတ်ပေါ့။ ကျွန်တော် တို့ကလဲ ဌာနေဌက်တွေ ရှိတဲ့ ဒေသက အဖွဲ့အစည်းတွေ နဲ့ ကွင်းဆင်း လေ့လာပြီး ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။”ဟု ဦးသက်ဇော်နိုင်ကပြောသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*