လီဆူတိုင်းရင်းသားများ မှတ်ပုံတင် ရရှိရေး ခက်ခဲနေသဖြင့် အစိုးရ ဆောင်ရွက်ပေးရန် တောင်းဆို

လီဆူတိုင်းရင်းသားများ မှတ်ပုံတင် ရရှိရေး ခက်ခဲနေသဖြင့် အစိုးရ ဆောင်ရွက်ပေးရန် တောင်းဆို
June 6, 2017 Asian Fame

4:49 pm
လီဆူတိုင်းရင်းသားများ မှတ်ပုံတင် ရရှိရေး ခက်ခဲနေသဖြင့် အစိုးရ ဆောင်ရွက်ပေးရန် တောင်းဆို

LiSue(မန္တလေး -ဇွန် ၆) 

အခေါ်အဝေါ် ရောနှောမှားယွင်းမှုကြောင့် ခေတ် အဆက်ဆက် နိုင်ငံသား ကတ်ပြားရရှိရန် အခက်အခဲဖြစ်နေသည့် လီဆူ တိုင်းရင်းသား များအရေးကို တည်ဆဲ အစိုးရကပြေလည်အောင် ဆောင်ရွက်ပေးစေလိုကြောင်း မိုးကုတ်မြို့ လီဆူအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ(ဒူးလေးပါတီ) အကြီးအကဲ များကပြောသည် ။

ပြည်တွင်း ငြိမ်းချမ်းရေး အတွက် လက်နက်နှင့် ငြိမ်းချမ်းရေးလဲစဉ် ကာလက ခိုလုံလီရှော ဆိုသည့် လူမျိုး တစ်မျိုး ပြည်တွင်း သို့ ၀င်ရောက် လာကြောင်း၊ ထို့နောက်ပိုင်းတွင် လီရှော ဟူသော အခေါ်အဝေါ် မှားယွင်းမှုကြောင့် တိုင်းရင်းသား လီဆူလူမျိုးများပါ ခိုလုံလီရှော များနှင့် ရောထွေးသွားရကြောင်း၊ အကျိုး ဆက်အနေဖြင့် သံသယမျိုးနွယ်စု စာရင်း ထည့်သွင်း ခံလိုက်ရကြောင်း၊ သံသယ မျိုးနွယ်စု စာရင်းထည့်သွင်း ခံလိုက်ရသဖြင့် နိုင်ငံသား ကတ်ပြားလုပ် ဆောင်ရာတွင် အခက်အခဲ များဖြစ်ရကြောင်း မိုးကုတ်မြို့၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) အတွင်းရေးမှူး ဒေါ်ခင်မာဦး ကပြောသည် ။

နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသည့် လီဆူတိုင်းရင်းသား များအနေနှင့် ကျောင်းပညာရေး အတွက် အခက်အခဲ ဖြစ်နေကြရသလို အလုပ်အကိုင်နှင့် ဘ၀ တက်လမ်းပါ တိုးတက်မှု နှောင့်နှေးနေရကြောင်းလည်း သိရသည်။  “ကျွန်မတို့က ခိုလုံလီရှော နဲ့လုံးဝမတူပါဘူး၊ ဘာတစ်ခု မှမတူပါဘူး၊ ရုပ်ရည် အရရော နေတာထိုင်တာရော ယဉ်ကျေးမှု အရရောမတူပါဘူး ။ ကျွန်မတို့ဟာ လီဆူလူမျိုး ပဲဖြစ်တယ် ဆိုပြီးတော့ လွှတ်တော်ကနေ လူမျိုး အမည်မှန် သတ်မှတ်ပေးလိုက်မယ် ဆိုရင်တော့ ကျွန်မတို့အဆင်ပြေသွားမှာပါ်” ဟုလည်း ၄င်း ကပြောသည် ။  ၂၀၁၅ ရွေးကောက်ပွဲ စာရင်းအရ မြန်မာနိုင်ငံတွင် လီဆူ တိုင်းရင်းသား ဦးရေငါးသိန်းကျော် ရှိပြီး မန္တလေး တိုင်းဒေသ ကြီး အတွင်း လူဦးရေခြောက်သောင်းကျော် ရှိရာတွင် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား ကတ်ပြား မရသေးသူ တစ်သောင်းကျော် ရှိကြောင်း၊ လီဆူ တိုင်းရင်းသားများသည် ကချင်ပြည် နယ်တွင် အများဆုံးနေထိုင်ကြပြီး မန္တလေး တိုင်းဒေသကြီး ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့တွင်လည်း နေထိုင်လျက်ရှိကြောင်းသိရသည်။  အဆိုပါ ပါတီ ဗဟိုနာယက ဦးအောင်သိန်းက “ကျွန်တော် တို့မှာ ရေးရာ ၀န်ကြီးတစ်ပါးရဖို့ အခွင့်အလမ်းရှိတယ်၊ လူဦးရေပြည့်တယ်ပေါ့ဗျာ၊ ဒါပေမယ့် ဒီမှတ်ပုံတင် ကိစ္စကြောင့် ၀န်ကြီး တစ်ပါးရဖို့ အခွင့်အလမ်း မရှိတော့ဘူး၊ ဒါကို နိုင်ငံတော် ကပြန်စိစစ်ပြီးဆောင်ရွက်ပေးသင့်တယ်၊ ကျွန်တော်တို့လည်း ဒီကိစ္စအလျဉ်းသင့် တိုင်းပြောတယ်၊ ဒါပေမယ့် ဒီဘက် အစိုးရလက်ထက်အထိ အဆင်မပြေသေးဘူး” ဟု ပြောသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*