ဥပဒေနှစ်ခု ထိပ်တိုက်တွေ့ ခြင်းကြောင့် အဂတိလိုက်စားသူများ ထွက်ပြေးချိန်ရနေ

ဥပဒေနှစ်ခု ထိပ်တိုက်တွေ့ ခြင်းကြောင့် အဂတိလိုက်စားသူများ ထွက်ပြေးချိန်ရနေ
May 31, 2017 Asian Fame

2:53 pm
ဥပဒေနှစ်ခု ထိပ်တိုက်တွေ့ ခြင်းကြောင့် အဂတိလိုက်စားသူများ ထွက်ပြေးချိန်ရနေ

P-News
နေပြည်တော် မေ ၃ဝ

အဂတိလိုက်စားခဲ့သည့် ဝန်ထမ်းအချို့သည် အထူးဥပဒေနှစ်ခု ထိပ်တိုက်တွေ့နေမှုကြောင့် အမှု ဖွင့်အရေးယူမှု မခံရခင် ထွက်ပြေး ချိန်ရနေသည်ဟု အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြောသည်။ အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေအရ ကော်မရှင်က ၃ နှစ်တာကာလအတွင်း အရေးယူ တရားစွဲဆိုလိုက်သည့် စုံစမ်းစစ် ဆေးမှု ၃ဝ ကျော်တွင် တရားခံ ပြေး ၇ ဦး ရှိခဲ့သည်။ ထိုသို့ ဝန်ထမ်းများ ထွက်ပြေးခွင့်ရနေသည့် အဓိကအချက်ကို မေးမြန်းရာတွင် ကော်မရှင်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ပြဋ္ဌာန်းထားသော ဥပဒေတို့တွင် ပြည်သူ့ဝန်ထမ်း ဥပဒေနှင့် အဂတိလိုက်စားမှု တိုက် ဖျက်ရေး ဥပဒေတို့သည် အထူး ဥပဒေများ ဖြစ်ကြသည်။နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၆၅ (ခ) တွင် ဝန်ထမ်းတစ်ဦး ကို ဖမ်းဆီး ချုပ်နှောင်၊ တရားစွဲဆိုမည်ဆိုပါက ဝန်ထမ်းအကြီးအကဲ ၏ ခွင့်ပြုမိန့်ကို တောင်းခံရမည်ဟု ပါရှိသည်။ယင်းကြောင့် ကော်မရှင်က ဝန်ထမ်းအကြီးအကဲ၏ သဘော ထားကို စောင့်ရချိန်တွင် အဂတိ လိုက်စားသည့် ဝန်ထမ်းအဖို့ ထွက် ပြေးရန် အခွင့်အလမ်းအသာစီး ရနေကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသင်းမောင်က ပြောသည်။ ”တို့လည်း ဘာမှ မတတ်နိုင်ဘူး”ဟု ၎င်းက ပြောသည်။ ထွက်ပြေးသွားသည့် တရားခံ ပြေးများတွင် တရားသူကြီးများက အများဆုံးဖြစ်နေပြီး ပါမောက္ခချုပ်တစ်ဦးလည်း ပါဝင်ကြောင်းသိရသည်။

ပြည်သူ့လွှတ်တော်၊ ဥပဒေ ကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်း ထွန်းဟိန်က ”တရားဥပဒေ အတိုင်း မှန်မှန်ကန်ကန်အကောင်အထည်ဖော်မယ်ဆိုရင်တော့ ထွက်ပြေးတာတွေက ရှိမှာ မဟုတ်ဘူးလေ။ ဆွဲလိုသူက တရားစွဲတော့မယ့်သူကို စောင့်ကြည့်ထားရမှာပေါ့။ နောက်ပြီး လျှို့ဝှက်ချက် အက်ဥပဒေတွေလည်း ရှိတာပဲလေ”ဟု ပြောသည်။ မူလက ထွက်ပြေးသူ (၇)ဦးရှိ ရာတွင် တရားစွဲခံထားရသည့် မူးယစ်တပ်ဖွဲ့မှ ရဲအုပ်တစ်ဦးကို ပြန်လည်ဖမ်းမိခဲ့သဖြင့် လက်ရှိတွင် (၆)ဦးသာ တရားခံပြေးအဖြစ် ရှိတော့သည်။”ရှားရှားပါးပါး ဒီတစ်ယောက်ပဲ မိခဲ့တယ်”ဟု ဦးသင်းမောင်က ပြောသည်။ တရားပြေးများထဲမှ အချို့သည် တိမ်းရှောင် လွတ်မြောက်နေသည်မှာ ၂ နှစ်ကျော် ကြာနေပြီ ဟု
သိရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေပြင်ဆင်ရေးကို လွှတ်တော်ကသာ လုပ်နိုင်သည့်အတွက် ချို့ယွင်းအားနည်းချက်ရှိလျှင် လွှတ်တော်က ပြင်သင့်ကြောင်း တရား လွှတ်တော် ရှေ့နေအချို့က မှတ်ချက်ပြုကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*