ရေခံစာမျက်နှာ

ရေခံစာမျက်နှာ
May 4, 2017 Asian Fame

5:23 pm
ရေခံစာမျက်နှာ

UMစာအုပ် တစ်အုပ်ရဲ့ ရှေ့ဆုံးမှာ မျက်နှာဖုံးကို လှန်လိုက်ပြီ ဆိုတာနဲ့ အရင်ဆုံးတွေ့ရတဲ့ စာရွက်လွတ် ဖြူလွှ လွှ တွေ ဟာ ရေခံ စာမျက်နှာ ပေါ့။

နှင်းတွေ ပိတ်နေအောင် ကျ တဲ့နေ့လည်း အပျင်းထူနေလို့မရ။ လူပျိုကြီး တစ်ကိုယ်တည်း ဆိုပေ မယ့် ဝမ်းရေးက ဒီစာအုပ်ဆိုင်လေး က ဖြေ ရှင်း ပေးနေတာလေ။ ”အင်း ခက်တယ် ခက်တယ် ဒီအပေအ တေလေး ရောက်နေပြန်ပြီ” နှင်း တွေကြားက ဝိုးတဝါး အရိပ်ဟာ စွပ်ကျယ် ချိုင်းပြတ်နဲ့ ရေခဲချောင်း ပုံးလွယ်ထားတဲ့ ကောင်လေး၊ သူ လည်းမချမ်းနိုင်ရှာ။ ခဏနေ ဆိုင် ခင်းပြီး စာအုပ်တွေ စီပြီးပြီ ဆိုတာနဲ့ ကောင်လေး ပြန်သွားနေကျ။ ဦး ကြီးသန်းတစ်ယောက် စဉ်းစားရ ကျပ်နေတာ တစ်ပတ်လောက် ရှိပြီ။ ဆိုင်ရှေ့ကို ကောင်လေး စရောက် လာတဲ့နေ့က စလို့ပေါ့။

”ဟေ့ကောင် သွား..သွား .. သွား..ဘယ်လိုပေါက်လွှတ်ပဲ စားလေးလဲကွ ဟေ။  နေ့တိုင်းဆိုင် ရှေ့ ဘာခိုးမလို့ လာချောင်းနေတာ လဲ”

မောင်းထုတ် လိုက်တော့လည်း ကောင်လေးက ပြုံးဖြဲဖြဲနဲ့ ကျုပ် ဆိုင်ထဲကို တစ်ချက် စူးစူးစိုက်စိုက် ကြည့်၊ ဂလိုင်လေး လွှဲပြီး ရေခဲ ချောင်းပုံးကြီး မနိုင့်တနိုင်နဲ့ ပြေး ထွက်သွားတာပဲ။ ကျုပ်ကလည်း လူတစ်မျိုးဗျ။ ကျုပ်ကို လာစောင့် ကြည့်နေသလို၊ လာချောင်းနေသ လို လုပ်ရင်ဘယ်သူ ဖြစ်ဖြစ် မ ကြိုက်ဘူး။ ဝင်လိုက် ထွက်လိုက်နဲ့ ခေတ်ဆိုး ခေတ်ပျက်ကြီးထဲ တစ် ကိုယ်ရေ လုံခြုံ မှုတွေ စော်ကားခံနေ ရတဲ့ ကာလတွေ မဟုတ်လားဗျ။

”ဦးလေး … ဦးလေး”

ဟော နေ့တိုင်း လာနေတဲ့ ကောင် လေး ”ဘာလဲကွ ဟေ မင်းငါ့ ဆိုင်ရှေ့ နေ့တိုင်း ဘာလာရှုပ် တာလဲကွ ဟေ”

”ဟာ ကျွန်တော်ရှုပ်မလို့ မ ဟုတ်ပါဘူး ဦးလေးရာ၊ ဦးလေး ဆိုင်က စာအုပ်လေး တစ်အုပ် ဝယ် ချင်လို့” ”ဘာကွ၊ မင်းက”   ”ဟုတ် တယ် ဦးလေးရ ဟိုစင်ပေါ်က စာ အုပ်လေ” ကောင်လေး လက်ညှိုး ထိုးပြတဲ့နေရာက ဒီကောင် နေ့ တိုင်း လာကြည့်နေကျ နေရာပဲ။              ”ကျွန်တော်က စာအုပ်ကလေး သူ များ ဝယ်သွားပြီလားလို့ လာလာ ကြည့်တာပါ ဦးလေးရ။ အဲဒီစာ အုပ်လေး လာကြည့်ပြီး ဈေးရောင်း ရင် အားရှိတယ် ဦးလေးရ”။ ”ဟေ ဟုတ်လား၊ မင်းက အလာကြီးပါ လား။ ဘာစာအုပ်တုန်း”ကောင် လေးဆိုင်ထဲ ဝင်လာပြီး စာအုပ်စင် ကို လက်ညှိုး ထိုးပြတယ်။ သူ့အ ရပ်နဲ့က မမီ။ ”ဒါလားဆိုတော့ သူ ခေါင်းညိတ်ပြတယ်” ကြည့်လိုက် တော့ စာအုပ်မျက်နှာဖုံး သရုပ်ဖော် ပုံက ဦးထုပ် နောက်ပြန်ဆောင်း ထားတဲ့ ကောင်လေးတစ်ယောက် ခွေးကြီး တစ်ကောင်ပေါ် မှီအိပ်ပြီး ကောင်းကင်ကို ငေးနေတဲ့ပုံနဲ့။
‘ဗိုလ်အေးမောင်’ဘာသာပြန်ထား တဲ့ ‘တွမ်’။ ကောင်လေး တစ်ယောက် ရဲ့ ကလေးဘဝ စွန့်စားခန်းတွေအ ကြောင်းရေးထားတဲ့ စာအုပ်။

”ကျွန်တော် ဦးလေးနဲ့ နည်း နည်းညှိလို့ရမလား”။ ”ဘာကွ မင်းစကားကဘာလဲ။ ကလေးက ကလေးစကား ပြောကွ”။ ညှိတယ် ဆိုတဲ့စကား ကျုပ် အမုန်းဆုံး။ ”ဒီ လို ဦးလေးရာ ဒီစာအုပ်က ကျွန် တော်မနှစ်က ကျောင်းစာကြည့် တိုက်မှာ တစ်ဝက်လောက် ဖတ် ထားပြီးသားဗျ။ ဒီနှစ်ကျောင်းထွက် ထားရတော့ ကျွန်တော် ဆက်ဖတ် ခွင့်မရဘူး။ ဒီတော့ အပိုင်ဝယ် ဖတ်မယ် ဦးလေးရာ။ ဒါပေမယ့် စာအုပ်က ၁၅ဝဝ ဆိုတော့ ကျွန် တော် ချက်ချင်း မဝယ်နိုင်သေးလို့ ပါ” ”ဒီတော့ ဘာဖြစ်လဲ”  ကျုပ် နည်းနည်းတော့ စိတ်ဝင်စားလာ ပြီ။”ဒီတော့ ကျွန်တော် တစ်နေ့ကို ၅ဝ သွင်းမယ် ဦးလေးရာ။ ပုံမှန် ပေးသွားရင် ဆယ်ရက်ကို ၅ဝဝ၊ ရက် ၃ဝ ဆိုရင် စာအုပ်ဖိုးပြည့်ပြီ။ တစ်လတော့ ကြာမယ်ဦးလေးရာ”
အံမယ် ဒီကောင်လေးက အလာ ကြီး သူ့တွက်ချက်မှု နဲ့သူဗျ။ ကျုပ် ကောင်လေးကို တဖြည်းဖြည်းစိတ် ဝင်စားလာတယ်။ ”ငါ စဉ်းစား” ကျုပ်စကားတောင် မဆုံးသေးဘူး။ ”ဟုတ်တယ်၊ ကျွန်တော့်ကိုစဉ်းစား ပေး ဦးလေးရာ။ မနက်ဖြန် ကျွန် တော်ပြန်လာမယ်။ အခုတော့  ရေခဲချောင်းတွေ အရေပျော်ကုန် မှာစိုးလို့ သွားရောင်းလိုက်ဦးမယ် ဗျာ” ပြောပြောဆိုဆိုနဲ့ ရေခဲ ချောင်းပုံးကောက်လွယ်ပြီး ထွက် သွားတဲ့ ကောင်လေးရဲ့ ဂလိုင်သံ လေးက နေပူပူထဲ တဖြည်းဖြည်း ဝေးဝေး သွားလေရဲ့။

”အဖေလည်း ဦးလေးလိုပဲ စာ အုပ်တွေ အများကြီးရှိတယ်။ သူ လည်းဖတ်တယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေကိုလည်း ပေးဖတ် တယ်”။ ကျုပ်ကို စဉ်းစားဖို့ ပြော ထားပြီး နောက်နေ့ ကောင်လေး ရောက်လာတယ်။ ဆိုင်းမဆင့် ဗုံ မဆင့် သူ့အဖေ အကြောင်း စပြော တာပဲ။ ”အော်…မင်းအဖေက ဘာမှမလုပ်ဘဲ စာတွေချည်း ဖတ် နေတာလားကွ ဟေ” အဖေတစ် ယောက်လုံးရှိရက်နဲ့ သားလုပ်သူ က ရေခဲချောင်း ရောင်းနေရတယ် ဆိုတော့ ကောင်လေး အဖေက ဘာလဲ။ ”ဟာ… မဟုတ်ဘူးဗျ ဦးလေးရ။ အဖေက ကျွန်တော် ၁ဝ နှစ်သားကတည်းက ညဘက် ကြီး ရဲတွေလာခေါ်သွားတာဗျ။ ခု ထိအိမ်ပြန် မရောက်လာသေးဘူး ဦးလေးရာ” ”ရပ်ကွက်ထဲက ပြော တာတော့ နင့်အဖေက နိုင်ငံရေး သမားတဲ့” ”အမေလည်း ကျွန် တော်တို့ကို ကြိုးစားပြီး ကျောင်း ထားတာပဲ။ ဒီနှစ်တော့ အောက် က အငယ်တွေကို ဦးစားပေးမယ် ဆိုလို့ ကျွန်တော် ကျောင်းထွက်ပြီး ပိုက်ဆံရှာတာဗျ” ပြောပြောဆိုဆို နဲ့ သူ့အကြည့်က လမ်းပေါ်က ကျောင်းသားလေးတွေဆီ ငေးလို့။
”အဖေရှိတုန်းက တေဇ၊ ရွှေသွေး၊ မိုးသောက်ပန်း အပတ်စဉ် ဖတ်ရ တယ်ဗျ”။ သူ့အပြောတွေမှာ ကျုပ် အတွေးနယ်ချဲ့နေတုန်း ”ဦးလေး စဉ်းစားပြီးပြီလား” ”အေး ငါ သ ဘောတူတယ်ကွာ”ကောင်လေး မျက်နှာ ဝင်းလက်သွားတယ်ပြီး တော့ ပြုံးလာတယ်။ ”ရော့” ကျုပ် လက်ထဲ  ငါးကျပ်တန် အနွမ်းလေး တွေလာထည့်ပေးတယ်။ စုစုပေါင်း ၅ဝ ကျပ်။ ”ဒီနေ့က စမှတ်ပေးနော်။ ကျွန်တော် အလုပ်လုပ်ပြီး ဝယ်ဖတ် တဲ့ စာအုပ်လေး အဖေ့ဆီလည်း ပို့ ပေးချင်လို့ပါ ဦးလေးရာ”။ ကျုပ် စာရင်းမှတ်နေတာ တစ်ချက်ကြည့် ပြီး ကောင်လေး ဆိုင်အပြင်ကို ထွက်သွားလေရဲ့။ ထုံးစံအတိုင်း ဂလိုင်လေး တလှုပ်လှုပ်နဲ့ပေါ့။

”ဦးလေး ဦးလေး” မောကြီး ပန်းကြီး ချွေးတွေသန်တွေနဲ့ နေ့ ခင်း ၂ နာရီလောက်ကြီး ကောင် လေးပေါက်ချ လာတယ်။ ”ဟေ့ ကောင် ဘာဖြစ်လာတာလဲ ဟင်.. မျက်နှာမှာလည်း ဒဏ်ရာတွေ နဲ့ပါ လားကွ””ဟုတ်တယ် ဦးလေးရာ ဒီနေ့ ကျွန်တော် ပိုက်ဆံ ပိုလိုချင် တာနဲ့ ရေခဲချောင်းတွေ အပိုယူပြီး တာလေးဘက် သွားရောင်းတာ ဟို ဘက်ပိုင်းကကောင်တွေက နယ် ကျော်တယ်ဆိုပြီး ဝိုင်းလိုက်ကြ တာဗျာ”  ”မင်းလည်း တယ်ခက် ပါလား။ ကျောင်းရှေ့မှာ ရောင်းနေ တာ အဟုတ်သားနဲ့ကို” ”ကျောင်း ရှေ့မှာ အဆင်မပြေတော့ဘူး ဦး လေးရ ပညာရေးဝန်ကြီးက ဆရာ၊ ဆရာမတွေ သက်သာ ရောင်းရမယ် ဆိုပြီး ကျောင်းထဲမှာ ဈေးရောင်း ခိုင်းတယ်တဲ့။ ကျွန်တော့် ဆရာကြီး ဦးစောမာရကူး ရေခဲချောင်းရောင်း နေတာတွေ့တော့ ကျွန်တော် စိတ် မကောင်းလိုက်တာ ဦးလေးရာ” ”ဟေ … မင်းလည်း ချိုတကူးပဲ ကွ ကိုယ့်ဒုက္ခ ကိုယ်ဒုက္ခလို့ မမြင် နိုင်ပဲကွ” ”ကဲ..ထားတော့ အခု မင်းကိစ္စက” ”ကျွန်တော့် ရေခဲ ချောင်းပုံး မှောက်သွားတယ် ဦး လေးရာ ထွက်ပြေးရင်းနဲ့။ ကျွန် တော် လျော်ရတော့မယ်” ”အဲ .. ဒီတော့” ”ဦးလေးဆီမှာ စုထားတဲ့ စာအုပ် ဖိုးလေးတွေ ကျွန်တော့်ကို ခဏပြန်ပေးပါလား ဦးလေးရာ”။ အင်း…ကျုပ်ထင်တော့ ထင်သား။ ဒီကောင် ကျုပ်ဆီလာပြီး အကြံ အဖန် လုပ်တာလားမသိ။  ”မင်း လူလည်မလုပ်နဲ့နော်” ”ကျွန်တော် ညာတာ မဟုတ်ပါဘူး ဦးလေးရာ၊ မယုံရင် ဒီမှာကြည့်”။ ပြောပြောဆို ဆိုနဲ့ ပိန်လိန်နေတဲ့ သူ့ရေခဲချောင်း ပုံးလေးကို ဖွင့်ပြတယ်။ ”ဟုတ်ပ။ ကြေမွနေတဲ့ ရေခဲချောင်းတွေ။ ”ရော့။ မင်းစုထားတဲ့ ငွေ ၁ဝဝဝ” ”ဟာ… အကုန် ပြန်မယူဘူး ဦး လေး ၅ဝဝ ပဲ” ငွေတွေကို ရေပြီး ကျုပ်လက်ထဲ ၅ဝဝ ပြန်ထည့်ပေး တယ်။ ”စာအုပ်ရဖို့ ၁ဝရက် နောက် ဆုတ်သွားတာပေါ့ ဦးလေးရာ”။ ကျုပ်ဆီက ပြန်ထုတ်သွားတဲ့ငွေ ၅ဝဝ ကို ရေခဲချောင်းပုံးလေးထဲ ထည့်ပြီး ကောင်လေး ထွက်သွား တော့မှ ”ဟေ့ မင်းနာမည် ဘယ်လို ခေါ်လဲကွ”။ ကျုပ်လှမ်းအော်မေး လိုက်တော့ ”ထွန်းမင်းအောင်။ အားလုံးက အထွန်းလို့ခေါ်တယ် ဦးလေးရေ”။ ကျုပ်ကို လှမ်းအော် ပြောပြီး နေပူကျဲကျဲထဲ ထွက်သွား လေရဲ့။ ဒီတစ်ခါတော့ ကောင် လေး အဲ… အထွန်း ခြေလှမ်း တွေ လေးကန်နေသလားလို့။

ဒီလိုနဲ့ ရက်တွေ တဖြည်းဖြည်း ကုန်လာလိုက်တာ ဒီနေ့ အထွန်းနဲ့ ကျုပ်သဘောတူ ထားတဲ့ စာအုပ်ဖိုး ပြည့်တဲ့နေ့။ ဒီနေ့ အထွန်း ၅ဝ သွင်းရင် ၁၅ဝဝ ပြည့်ပြီ။ မနက် အစောကြီး နိုးနေတော့ ဘုရားရှိခိုး ပြီး ဆိုင်ကို စောစောလေး ထွက် လာလိုက်တယ်။ ဇန်နဝါရီ ပထမ ပတ်ဆိုတော့ နှင်းတွေ မြူတွေ ပိန်း ပိတ်အောင် မှောင်နေတုန်းပဲ။ အ လင်းလေး စသန်းတာနဲ့ ကျုပ်ဆိုင် တံခါးဖွင့်တာ နဲ့က ကွက်တိ။ ဟော ဟိုမှာအထွန်းရယ် ကျုပ် ဆိုင်ဘက် ကို တရွေ့ရွေ့လာနေတာလေ။ ကျုပ်ထင်တယ်။ ဒီကောင်လေး ည က စိတ်ကူးတွေ ယဉ်ပြီး အိပ်ပျော်ပုံ မရဘူး။ သူ့လုပ်အားနဲ့ ရင်းပြီးရတဲ့ စာအုပ်ကလေးကို ဆက်ဖတ်ရ တော့မယ်ဆိုတဲ့အတွေးနဲ့ ဒီကောင် ရင်ခုန်နေမှာပဲ။ ကျုပ်ဆိုတဲ့ လူက လည်း အချောင် မလိုချင်တဲ့ စိတ် ဓာတ်ဆို သိပ်တန်ဖိုးထားတာဗျ။ ညက တစ်ညလုံးလည်း ဒီကောင် လိုချင်တဲ့ စာအုပ်ကို ကျုပ်တစ်ထိုင် တည်း ဖတ်ပစ်လိုက်တယ်။ စာအုပ် ထဲက ဇာတ်ကောင် ‘တွမ်ဆောရား’ ရဲ့ စွန့်စားခန်းတွေကို ကျုပ်စိတ် ကူးနဲ့ ရုပ်ရှင် ရိုက်ပစ်လိုက်တယ်။ အထွန်းလည်း စွန့်စားခန်းတွေကို လူငယ်ပီပီ သဘောကျမှာပဲလေ။ အထွန်းကို တာဝန်ယူတတ် တာ ဝန်ခံတတ်တဲ့ လူငယ်လေးတစ် ယောက် ဖြစ်ဖို့ ကျုပ်လည်း ဝိုင်းကူ မှပါလေ။ ”ဦးလေး တစ်ယောက် တည်း စိတ်ကူးနေလိုက်တာ အ ထွန်း အနားရောက်လာတာ သတိ မထားလိုက်မိဘူး” ”ဟင်.. အထွန်းလည်း မဟုတ်ပါလား။ အထွန်းနဲ့ အတော်ဆင် တဲ့ ကောင်လေးတစ်ယောက်။ အထွန်း ထက်တော့ နည်းနည်းငယ်မယ့်ပုံ။

”မင်းက ဘယ်သူ” ”ကျွန်တော် အ ထွန်းရဲ့ ညီလေးပါ ဦးလေး”

”အထွန်းရော သူနေမကောင်းဘူး လား” ကျုပ်အမေးကို ကောင်လေး မဖြေ။ မျက်ရည်တွေ တလှိ့မ်လှိမ့် ကျနေတဲ့ မျက်နှာပေါ်မှာ ကျုပ် ရင်ထဲ ထိတ်ခနဲ။ ”အစ်ကိုကြီး မနေ့က ရထားပေါ် ရေခဲချောင်း လိုက်ရောင်းရင်း တွဲအကူးမှာ ရ ထားကြိတ်ပြီး ညကသေပြီ ဦးလေး ရယ်”
”ဟာ… ဟာ…ဟာ..”
ကျုပ်ရင်ဘတ်ကြီးတစ်ခု လုံးပွင့်ထွက်သွားမတတ် ကျုပ်နား ကို ကျုပ်မယုံနိုင်။
”မင်း ဒါ စော စောစီးစီး နောက်စရာမဟုတ်ဘူး ကွနော်” ကျုပ်အသံတွေ မောဟနဲ့   ဒေါသသံပါနေတယ် ။
”ဒီမှာ သူမ သေခင် ဦးလေးကို ပေးဖို့မှာသွားတဲ့ စာအုပ်ဖိုး” ကျုပ်လက်ထဲကို ကောင် လေးလာ ထည့်ပေးတာ ၅ဝ တန် အကြေအနွမ်းလေး တစ်ရွက်။ ”အသုဘကို  ဦးလေးလာဖို့ အမေ က မှာလိုက်တယ်။ ကျွန်တော်သွား တော့မယ်”။

အထွန်းရဲ့ညီ ဘာတွေ ဆက် ပြောသွားမှန်း ကျုပ် မကြားနိုင် တော့။ ကျုပ်  နဝေတိမ်တောင်နဲ့ လက်ထဲက ၅ဝ တန်လေးကို အ ထွန်း နေ့တိုင်း လာပေးနေကျ ပိုက် ဆံတွေ ကြားထဲ ထည့်လိုက်တယ်။ ၁၄၅ဝ က ညကတည်းက အထွန်း လိုချင်တဲ့ စာအုပ်ကြားထဲ ညှပ်ထား ပြီးသား။ ”ရော့ မင်းစုထားတဲ့ငွေ ၁၅ဝဝ”လို့ပြောပြီး အထွန်းရဲ့ လုပ် အားကို ဂုဏ်ပြုမယ် ဆိုတဲ့ ကျုပ် စိတ်ကူး။ ခုတော့။ ကျုပ်အတွေး တွေဆို့နင့် လာရင်းက အထွန်း ဖတ်ပြီးရင် သူ့အဖေဆီ ပို့ပေးမယ့် စာအုပ်လေးရဲ့ ‘ရေခံစာမျက်နှာ’ ကို ကျုပ် လှန်လိုက်တယ်။ ”အ ချောင်မလိုချင်တဲ့ အထွန်း အတွက် ဦးလေးရဲ့ဂါရဝ” ကျုပ် ပါးပြင်ပေါ် က မျက်ရည်ပေါက်တွေ မရည်ရွယ် ဘဲ ‘ရေခံ စာမျက်နှာပေါ်’ လွင့် ကျလာတယ်။ ဆော့ပင် အနီနဲ့ ရေး ထားတဲ့စာတွေက ကျုပ်မျက်ရည် တွေနဲ့ စာရွက် တစ်ခုလုံးပြန့်လို့ ရဲရဲ နီ။ ကျုပ် မျက်လုံးအိမ်တွေ ဝေဝါး။
ကျုပ်နားတွေ မကြားတော့။ ကျုပ် ပတ်ဝန်းကျင်က အချောင် မလိုချင် တဲ့ လူငယ်လေး တစ်ယောက်ကို သေမင်းဟာ အကောင်းကြိုက်လွန်း ပြန်ပေါ့။

လေးစားစွာဖြင့်
အောင်ကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*