မြန်မာနှင့် အိန္ဒိယကြား လူကုန်​ကူးမှု ကာကွယ် တားဆီးရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ ရေးထိုးမည်

မြန်မာနှင့် အိန္ဒိယကြား လူကုန်​ကူးမှု ကာကွယ် တားဆီးရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ ရေးထိုးမည်
April 5, 2017 Asian Fame

2:16 pm
မြန်မာနှင့် အိန္ဒိယကြား လူကုန်​ကူးမှု ကာကွယ် တားဆီးရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ ရေးထိုးမည်

Thai (Labour)

စိုင်းလမင်း
ရန်ကုန် ၊ ဧပြီ ၃

အိန္ဒိယနှင့် မြန်မာအကြား လူကုန်ကူးမှုကာကွယ်တားဆီးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးမည်ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး သက်နောင်က ပြောသည်။ ”ဘယ်အချိန်မှာ လက်မှတ်ရေးထိုးမလဲဆိုတာ ကာလသတ်မှတ်ချက်က ပြောလို့မရသေးဘူး။မူကြမ်းတော့ ရေးဆွဲနေပါပြီ” ဟု ၎င်းကပြောသည်။

ထိုသို့လက်မှတ် ရေးထိုးရန် အိန္ဒိယနိုင်ငံမှ ယခုနှစ် ဖေဖော်ဝါ ရီလ အကုန်ပိုင်းက စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ လက်မှတ်ထိုးပြီးပါက နှစ်နိုင်ငံအစိုးရကြားတွင် လူကုန်ကူးမှုအတွက် ထိရောက်စွာ တားဆီးကာကွယ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ”လူကုန်ကူးမှု အဖြစ်များတဲ့ နိုင်ငံတွေနဲ့မှ ကျွန်တော်တို့က လက်မှတ် ထိုးတာ မဟုတ်ဘူး။ လာကမ်းလှမ်းတဲ့ နိုင်ငံတိုင်းနဲ့ ထိုးမှာပါ။ နောက်တစ်ခုက ကိုယ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်နေလို့ပါ။ ဖြစ်မှလုပ်ဆောင်တာ ထက် ကြိုတင် ကာကွယ်တာ အကောင်းဆုံးလေ” ဟု ဒုတိယရဲ မှူးကြီးက ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံနှင့် သဘောတူ လက်မှတ်ရေးထိုးရန် အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့မှ လည်း ကမ်းလှမ်းမှုများရှိကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံသည် လူကုန်ကူး မှု တားဆီးကာကွယ်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် သဘောတူ လက်မှတ်ရေးထိုးထားပြီး အိန္ဒိယပါ ပါဝင်မည်ဆိုပါက သုံးနိုင်ငံ ရှိလာမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ လူကုန်ကူး မှုတွင် တရုတ်နိုင်ငံသို့ လူကုန်ကူး မှုအများဆုံးဖြစ်ပြီး ဒုတိယအ များဆုံးမှာ ထိုင်းနိုင်ငံဖြစ် ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*