မြိတ်ကျွန်းစုမှ အသစ်ထပ်တွေ့ထားသော အသည်းပုံရေကန် ခရီးသွားများ သွားရောက် လည်ပတ်နိုင်ပြီ

မြိတ်ကျွန်းစုမှ အသစ်ထပ်တွေ့ထားသော အသည်းပုံရေကန် ခရီးသွားများ သွားရောက် လည်ပတ်နိုင်ပြီ
March 3, 2017 Asian Fame

2:10 pm
မြိတ်ကျွန်းစုမှ အသစ်ထပ်တွေ့ထားသော အသည်းပုံရေကန် ခရီးသွားများ သွားရောက် လည်ပတ်နိုင်ပြီ

Myike

မေဇင်ဝင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မြိတ်ကျွန်းစုတွင် အသည်းပုံသဏ္ဌာန် ရေကန်တစ်ခု အသစ်ထပ်တွေ့ထားသဖြင့် ခရီးသွားများသွားရောက် အပန်းဖြေအနားယူနိုင်မည် ဖြစ်ကြောင်း Grand Andaman ကုမ္ပဏီအုပ်စုမှ အမှုဆောင် ဒါရိုက်တာ ဦးမျိုးဝင်းသန်း က ပြောသည်။

အဆိုပါ အသည်းပုံသဏ္ဌာန် ရေကန်ကို ကော့သောင်းမြို့၏ ရေမိုင် ၂၅ မိုင်အကွာတွင်ရှိသော ကြက်မောက်ကျွန်းအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျောက် ကမ်းပါးယံ ကာရံထားသည့် ပုံ သဏ္ဌာန် ဖြစ်ကြောင်း၊ မူလက ကြက်မောက်ကျွန်းတွင် ရှိထားသော အသည်းပုံရေကန်နှင့် အရွယ်အစားချင်း မတူကြောင်း ၎င်းက ပြောသည်။”ပထမတစ်ခုကတော့ အ ကြီးပေါ့။ ပင်လယ်ဘေး နံရံက နေဝင်လို့ရတယ်။ အခု အသစ်ထပ်တွေ့တာကတော့ မူလရေကန်ရဲ့ သုံးပုံတစ်ပုံပဲရှိပါတယ်။ ထူးခြားတာက အသည်းပုံရေကန် နှစ်ခုဖြစ်သွားတာပေါ့။ သူ့ကို အပေါ်စီးကနေ ကြည့်လို့ရတယ်။ ဓာတ်ပုံရိုက်လို့ရတယ်” ဟု ၎င်းက ပြောသည်။အသည်းပုံရေကန်သို့ သွား ရောက်လည်ပတ်ရင်း မြင်းခွာကျွန်း၊ စေတန်ကျွန်းတို့တွင်လည်း ရေကူးရင်းပင်လယ်ရေအောက် အလှအပများကို ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် Grand Andaman ကုမ္ပဏီအုပ်စုမှ ဧက ၁၈ဝဝ ရှိသော သူဌေးကျွန်းကို အခြေခံပြီး ကြက်မောက်ကျွန်းနှင့် မြင်းခွာကျွန်းကို သဘာဝအခြေခံခရီးသွားလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*