မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား ပေါင်းကူး ဆက်သွယ်ရေး တည်ဆောက်မှုတွင် အင်ဒိုနီးရှား နိုင်ငံက ပါဝင်ကူညီရန် ကြိုးစားလျက်ရှိ

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား ပေါင်းကူး ဆက်သွယ်ရေး တည်ဆောက်မှုတွင် အင်ဒိုနီးရှား နိုင်ငံက ပါဝင်ကူညီရန် ကြိုးစားလျက်ရှိ
January 4, 2017 Asian Fame

2:15 pm
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား ပေါင်းကူး ဆက်သွယ်ရေး တည်ဆောက်မှုတွင် အင်ဒိုနီးရှား နိုင်ငံက ပါဝင်ကူညီရန် ကြိုးစားလျက်ရှိ

in(ဂျကာတာ၊ ဇန်နဝါရီ ၃)

မြန်မာနိုင်ငံနှင့် ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံ အကြား ပေါင်းကူး ဆက်သွယ်ရေး တည်ဆောက်မှု တွင် အင်ဒိုနီးရှား နိုင်ငံက ပါဝင် ကူညီရန် ကြိုးစားနေကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စရက်နို မာဆူဒီက တနင်္ဂနွေနေ့ က ပြောကြားခဲ့ကြောင်း STRAITS  TIMES  သတင်း တစ်ပုဒ်အရ သိရ သည်။

”သံတမန် ဆက်ဆံရေးကို ကျွန်မတို့ အနေနဲ့ သတိထားပြီး ဆောင်ရွက်နေပါတယ်။ ဒါမှလည်း အုတ်အော် သောင်းတင်းတွေ မဖြစ် မှာပေါ့လေ။ ဘာလို့လဲ ဆိုတော့ ကာ ဘင်္ဂါလီ အရေးကိစ္စဟာ ဘင်္ဂ လားဒေ့ရှ်- မြန်မာနှစ်နိုင်ငံ စလုံး နဲ့ဆိုင်နေပြီး တုံ့ပြန်လွယ်တဲ့ ကိစ္စ ဖြစ်နေတာကြောင့်ပါပဲ။ နိုင်ငံ တစ်နိုင်ငံရဲ့ အချုပ် အခြာအာဏာ ဆိုတာ လေးစားမှု ရှိရမယ်လေ”ဟု မစ္စရက်နိုက ပြောပါသည်။

အင်ဒိုနီးရှား နိုင်ငံအနေဖြင့် အစိုးရအချင်းချင်း ကူညီသောအား ဖြင့် ခေါက်ဆွဲများ၊ ကလေးအစား အစာများ၊ ဂျုံနှင့် အဝတ်အထည် များသော ကွန်တိန်နာ သေတ္တာ ဆယ်လုံးကို ပြီးခဲ့သည့် ကြာသပ တေးနေ့က ပေးပို့ကူညီခဲ့ဖြစ် ကြောင်းကိုလည်း သူမက ပြော ပါ  ။

PN002
Ref: Jakarta to help in Myanmar-Bangladesh bridge building

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*