လေးမြို့ နယ်ဆက်လမ်းကို BOT စနစ်နဲ့ လေလံရရှိထားတဲ့ ကုမ္ပဏီ စာချုပ်ပါစည်းမျဉ်းများအတိုင်း မလုပ်ရင် လုပ်ငန်းလုပ်ခွင့်ပြန်သိမ်းမည်

လေးမြို့ နယ်ဆက်လမ်းကို BOT စနစ်နဲ့ လေလံရရှိထားတဲ့ ကုမ္ပဏီ စာချုပ်ပါစည်းမျဉ်းများအတိုင်း မလုပ်ရင် လုပ်ငန်းလုပ်ခွင့်ပြန်သိမ်းမည်
March 16, 2018 Fame Asian

4:50 pm
လေးမြို့ နယ်ဆက်လမ်းကို BOT စနစ်နဲ့ လေလံရရှိထားတဲ့ ကုမ္ပဏီ စာချုပ်ပါစည်းမျဉ်းများအတိုင်း မလုပ်ရင် လုပ်ငန်းလုပ်ခွင့်ပြန်သိမ်းမည်

29249800_1725977670779524_2162646059375919104_n

ရန်ကုန် ၊ မတ် ၁၆

တွံတေး၊ဒလ၊ကော့မှူးနဲ့ ကွမ်းခြံကုန်း(၄)မြို့ နယ်ဆက် လမ်းကို BOT စနစ်နဲ့ လေလံရထားတဲ့ ကုမ္ပဏီလိမှ စာချုပ်ပါအချက်များအတိုင်း မေလအကုန်အပြီး လမ်းပြုပြင်ခြင်းလုပ်ငန်းမဆောင်ရွက်ပါက လုပ်ငန်းလုပ်ကိုင်ခွင့်ပြန်လည်ရုတ်သိမ်းသွားမယ်လို့ ရန်ကုန်ုတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ဒီကနေ့  တိုင်းဒေသကြီးလွှတ်တော်မှာပြောပါတယ်။

တွံတေးမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက ”တွံတေး၊ဒလ၊ကော့မှူးနဲ့ ကွမ်းခြံကုန်း(၄)မြို့ နယ်ဆက်သွယ်ထားတဲ့လမ်းကို BOT စနစ်နဲ့ လေလံရရှိထားတဲ့ ကုမ္ပဏီမှ စာချုပ်ပါစည်းကမ်း၊ စည်းမျဉ်းများနဲ့ အညီ လမ်းပြုပြင်ခြင်း၊ လမ်းတိုးချဲ့ ခြင်းစတာတွေကို မည်သည့်အချိန်ကာလမှာ အပြီိးလုပ်ဆောင်ပေးမယ်ဆိုတာကိုသိလိုကြောင်း” မေးခွန်းကိုဒီနေ့ ပြုလုပ်တဲ့ တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။

သူ့ ရဲ့မေးခွန်းကို တိုင်းအစိုးရအဖွဲ့  ၊ လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

”BOT ရထားတဲ့ ဇေကမ္ဘာကုမ္ပဏီလိမိတက်မှ ဥက္ကဌကနေ တွံတေး၊ဒလ၊ကော့မှူးနဲ့ ကွမ်းခြံကုန်းလမ်းပိုင်းများပြုပြင်ခြင်းလုပ်ငန်းကို ယခုနှစ် မေလ ၃၁ ရက်နေ့အပြီိးဆောင်ရွက်ပေးသွားမယ်လို့ ဝန်ခံကတိပြုသွားပါတယ်။ လမ်းတိုးချဲ့ ခြင်းလုပ်ငန်းမှာတော့ လမ်းပိုင်းအလိုက် လမ်းအကျယ်အ၀န်းတွေမတူညီလို့ ။ လမ်းပိုင်းအလိုက်ဆိုတာက လမ်းတိုးချဲ့ တဲ့နေရာမှာ ဒီိလမ်းပိုင်းတွေမှာဖြတ်သန်းသွားလာတဲ့ ကားအရေအတွက်အပေါ်မူတည်ပြီးတော့ လမ်းရဲ့အကျယ်အ၀န်းကိုသတ်မှတ်ရတဲ့အတွက် မြေသားပြုပြင်ဆောင်ရွက်ရမယ့်လုပ်ငန်းများပါဝင်နေတဲ့အတွက် ယခုပွင့်လင်းရာသီအထိ ဆောင်ရွက်သွားမယ်လို့ ဝန်ခံကတိပြုပြောသွားပါတယ်။ ကတိပြုချက်အတိုင်းလိုက်နာခြင်းမရှိရင် BOT လုပ်ငန်းလုပ်ပိုင်ခွင့်ရယူထားခြင်းကို ရုတ်သိမ်းသွားမှာဖြစ်ပါတယ်” လို ဒေါ်နီလာကျော်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  ၀န်ကြီးချုပ်နဲ့ တွံတေး၊ဒလ၊ကော့မှူး၊ ကွမ်းခြံကုန်းမြို့ နယ်တို့ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ BOT လုပ်ငန်းဆောင်ရွက်ခွင့်ရထားတဲ့ ဇေကမ္ဘာကုမ္ပဏီတို့ အစည်းအဝေးပြုလုပ်ခဲ့ပြီး ကုမ္ပဏီိဥက္ကဌဖြစ်သူက ၀န်ကြီးပြောခဲ့တဲ့အတိုင်း ၀န်ခံကတိပြုသွားတာဖြစ်တယ်လို့ သိရပါတယ်။

”လမ်းအသုံးပြုခတွေကို ပန်းလှိုင်တိုးဂိတ်၊ ပျော်ဘွယ်လေးတိုးဂိတ်နဲ့ ကန်ဘဲ့တိုးဂိတ်ဆိုပြီးနေရာသုံးခုခွဲပြီး ကောက်ခံနေတယ်။ ဒါပေမယ့် လမ်းပျက်စီးတာတွေကိုတော့ တာဝန်ကျေပွန်စွာလုပ်ကိုင်ခြင်းမရှိတာကိုတွေ့ ရပါတယ်။ အဲဒီလမ်းတွေမှာ လမ်းပြင်ဆင်တာ ၊ ပြုပြင်တာအားနည်းတဲ့အတွက် မတော်တဆယာဉ်တိုက်မှုတွေမကြာခနဖြစ်ပွားလေ့ရှိပြီးတော့ အသက်ဆုံးရှုံးတာ၊ ကိုယ်လက်အဂါဆုံးရှုံးတာ၊ အချို့ ယာဉ်မောင်းတွေလည်းထောင်ကျတာမျိုးတွေ နေ့စဉ်ကြုံတွေ့ နေရပါတယ်” လို့ မေးခွန်းမေးမြန်းခဲ့တဲ့ တွံတေးမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးနေနိုင်ဦးကပြောပါတယ်။

ဇေကမ္ဘာကုမ္ပဏီလိမိတက်ဟာ လှိုင်သာယာ-ဒလ-တွံတေးလမ်း၊ ကန်ဘဲ့-ပျော်ဘွယ်လေး-ဒလလမ်း၊ တွံတေး-ကော့မှူး-ကွမ်းခြံကုန်းလမ်း၊ တွံတေးမြို့ ရှောင်လမ်းတို့ ကို ဖောက်လုပ်ပြုပြင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းလွှဲပြောင်းပေးအပ်ခြင်းပဋိဥာဉ်စာချုပ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့  က စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*