တို့များခေတ်ဆီက(၁၈)

တို့များခေတ်ဆီက(၁၈)
December 8, 2016 Asian Fame

4:55 am
တို့များခေတ်ဆီက(၁၈)

mst

၂ဝ၁၆ ခုနှစ် အစိုးရသစ်ဖွဲ့စည်းရေးအတွက် ၂ဝ၁၅ ခုနှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲကာလက အသံအကျယ်ဆုံးကြားခဲ့ရသည်က CHANGE ဟူ၍ ဖြစ်သည်။ လွှတ်တော်အသစ်ခေါ်သည်။ အစိုးရ အဖွဲ့သစ်ဖွဲ့သည်။ တောင်သူလယ်သမားတွေ စီးပွားတိုးဖို့အလုပ်သမားတွေ ဝင်ငွေတိုးရဖို့ CHANGE ကို ချက်ချင်းမြင်တွေ့စရာမရှိ။

မြို့ကြီးနေသော လူတန်းစားတွေအတွက် ထင်သာမြင်သာသော ပြောင်းလဲမှုကို ပြဖို့က အရေးကြီးသည်။ မြို့ကြီးမှာနေသော လူတန်းစားက အသံပိုကျယ်သည်။ ရန်ကုန် တိုင်းအစိုးရအဖွဲ့က မြို့နေလူတွေထံမှ အ ကျယ်ဆုံးထွက်နေသော အသံတွေအတွက် စတင်လှုပ်ရှားသည်။မြို့လူထုနှင့် ထိတွေ့မှု အများဆုံးက မြို့တော်စည်ပင်ဖြစ်သည်။ ရေရယ်၊ မီးရယ်၊ အမှိုက်ရယ်၊ ကားရယ်(သွားလာမှု) အဓိက ကျသည်။
ရေနှင့် မီးကို ရန်ကုန်တိုင်းဒေသကြီး မတတ်နိုင်၊ ပြည်ထောင်စုအစိုးရကို အားကိုးမှရမည်။ အမှိုက်သိမ်းဖို့၊ ကားကျပ်တာတွေရှင်း ဖို့ ပြဿနာတွေက တိုင်းဒေသကြီးအစိုးရ လုပ်ပိုင်ခွင့်ထဲမှာရှိသည်။ အစိုးရအဖွဲ့က လှုပ်ရှားပါသည်။ အမှိုက်စွန့်သူနှင့် အမှိုက် သိမ်းသူတို့ကြား ကွာဟမှု၊ ပြတ်တောက်မှု တွေကို ပြေလည်အောင် စတင်ဆောင်ရွက် နေတာတွေ့ရပါသည်။ မြို့လယ်ခေါင်မှ နောက်ဖေးလမ်းကြားတွေ ကိစ္စကိုင်တွယ် သည်။ လက်ခုပ်တီးကြပါသည်။ ရပ်ကွက် ထဲ အမှိုက်သိမ်းစနစ် ခြေလှမ်းနေပါပြီ။ အများသုံး ဘတ်စ်ကားတွေကိစ္စစလုပ် နေပြီး မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ စလုပ်သည်။ မပြေလည်သေး။ စိတ်ရှည် သည်းခံစွာ စောင့်နေကြရပါသည်။

လမ်းပေါ်ကျူးကျော် ဈေးဆိုင်တွေကိစ္စ စတင်ကိုင်တွယ်တာ တွေ့ရသည်။ လမ်းမ ကြီးပေါ်မှ ဆိုင်တွေ(နံပါတ်တပ်ထားသော လမ်းများ)အတွင်းပိုင်း ရွှေ့ရန်ဟူသော ကိစ္စဂျာနယ်တွေမှာ ဖတ်ရပါသည်။ အသေးစိတ် မလေ့လာရသေးပါ။ မရေးသေးပါ။ သတ်မှတ် မြို့နယ်တွင်းမှ လမ်းပေါ်ရှိ ဆိုင်တွေကို ကမ်းနားလမ်းမှာ နေရာစီစဉ် ပေးသည်။ စီစဉ်နေချိန်မှာ တစ်ပတ်လျှောက် ကြည့်သည်။ အကွက်တွေချထားသည်။ ဆေးကြောသန့်စင်ဖို့ ရေပိုက်တွေသွယ် ထားသည်။ သင့်ပါ၏၊ စိတ်ထဲမှ မှတ်ချက် ပြုမိသည်။ ယခုတစ်ဖန်ကြားရပြန်ပြီ။ ရွှေ့ပြောင်း ဈေးသည်တွေနှင့် ဈေးဆိုင်တွေ မမျှတဟု ဖတ်ရပြန်ပြီ။စံပြတီထွင်လိုက်သော ကမ်းနားလမ်း ညဈေးမှာ နေရာမရသူများက နေရာစီစဉ် ပေးရန် တောင်းဆိုသည်ဟူသော သတင်း ဖတ်ရပြန်သည်။ ဆိုင်ခန်းမရသော ဈေးသည် ၃ဝဝ ၏ ကိုယ်စားလှယ် ၃ဝ က မြန် မာဂျာနယ်လစ် ကွန်ရက်ရုံးသို့သွားရောက် တင်ပြသည်ဟူသောသတင်းကို ဖတ်ရပြန်သည်။ ဂျာနယ်တွေအသာချပြီး စဉ်းစားမိသည်။ ယခင် အစိုးရလက်ထက်ကသာ ယခု လိုအခြေအနေဆိုလျှင် ဂျာနယ်လစ်ကွန် ရက်ရုံးကို အားကိုးလိမ့်မည်မထင်။ တို့အ ရေးလုပ်လိုက်ရင် ထိရောက်မည်။ ယခုလို ကိုယ်စားလှယ်တွေ သွားရောက်ရှင်းပြတောင်း ဆိုတာ ကောင်းပါသည်။ တို့အရေးတွေ ပျောက်သွားတာ ကောင်းပါသည်။မြန်မာလူမျိုးများက ဝေးဝေးမသွားချင်။ အိမ်ကထွက် ခြေလှမ်းအနည်းငယ်နှင့်ဈေး ဝယ်ချင်ကြသည်။ ထားတော့။ ယခုစီစဉ်သူ က စီစဉ်ပေးသည်။ မပြေလည်သေး။

ထိုင်ရင်းတွေးရင်း အိမ်ကအထွက် ခြေလှမ်းဆယ်လှမ်းအတွင်း ဈေးဝယ်ချင်၊ စားသောက်ချင်သူတွေဆိုတာ ယခု ဦးထင် ကျော်လက်ထက်၊ ဦးသိန်းစိန် လက်ထက် ရောက်မှ ဖြစ်ပေါ်လာသော ”ညဈေးတန်း ယဉ်ကျေးမှု” မဟုတ်ပါ။ ဟိုးဟိုး ရှေးယခင် ဖဆပလ ခေတ်ကာလကတည်းကရှိခဲ့သော ”ပလက်ဖောင်းပေါ်၌ ဈေးဆိုင်နှင့် မြူနီစ ပါယ်”တို့ ကြုံတွေ့ခဲ့ရဖူးသော အတွေ့အ ကြုံဖြစ်ကြောင်း ခေါင်းထဲပေါ်လာမိသည်။ တို့များ ခေတ်ကာလအကြောင်း ပြန် ပြောင်းပြောပြလိုစိတ်ဖြစ်လာသည်။ အချက် အလက်ထရှာသည်။ နှစ်ရက်ရှာရသည်။ တွေ့ပါပြီ။ ”၁၉၅၄ ခုနှစ် မတ်လ ၃၁ ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာ”မှာ အစ လေးတစ်စတွေ့ပါပြီ။ ”ရဲနှင့် ထိန်း၍ လမ်းဘေးဆိုင်ဖျက်ပြီ” ဟူသော ခေါင်းစဉ်ကြီးက သတင်းစာမျက် နှာဖုံးမှာ နေရာယူထားသည်။ လွန်ခဲ့သော နှစ်ပေါင်း ခြောက်ဆယ် ကျော်က ဖြစ်ပါ၏။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*