ယခုနှစ် ပွင့်လင်းရာသီတွင် အပျော်စီးသင်္ဘော လာရောက်လည်ပတ်မှု ယမန်နှစ်ထက်နည်း

ယခုနှစ် ပွင့်လင်းရာသီတွင် အပျော်စီးသင်္ဘော လာရောက်လည်ပတ်မှု ယမန်နှစ်ထက်နည်း
November 23, 2016 Asian Fame

7:55 am
ယခုနှစ် ပွင့်လင်းရာသီတွင် အပျော်စီးသင်္ဘော လာရောက်လည်ပတ်မှု ယမန်နှစ်ထက်နည်း
In Travel

မေဇင်ဝင်း
ရန်ကုန်၊ နိုဝင်ဘာ ၁၇

ယခုနှစ်ပွင့်လင်းရာသီတွင် ကမ္ဘာ လှည့်ခရီးသည်များ အပျော်စီးသင်္ဘော များဖြင့် လာရောက်လည်ပတ်မှုသည် ယမန်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါ က လျော့နည်းနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန် သော စာရင်းအရ သိရသည်။

ယမန်နှစ် ဇန်နဝါရီလမှ အောက်တို ဘာလအထိ ကမ္ဘာလှည့်အပျော်စီးသင်္ဘော ၂၂ စီးလာရောက်ခဲ့ပြီး ယခုနှစ်အလားတူ ကာလတွင် ၁၆ စီးလာရောက်ခဲ့သဖြင့် ယမန်နှစ်ထက် ၆ စီးလျော့နည်းနေခြင်း ဖြစ်သည်။

ယမန်နှစ် တစ်နှစ်လုံးတွင် အပျော်စီး သင်္ဘော ၂၆ စီးလာရောက်ခဲ့ပြီး ယခုနှစ် တွင်လည်း ထိုအရေအတွက်လောက် ဖြစ် မည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်/ ခရီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာပြည်သို့ လာရောက်သော အ ပျော်စီးသင်္ဘောများသည် လူ ၃ဝဝဝ ခန့် ပါဝင်သည့် ဆိုက်ကြီး သင်္ဘောများကြောင်း၊ အဆိုပါ သင်္ဘောများ လာရောက်သည့်အ ခါ ဆိပ်ကမ်းအခွန်ဈေးကြီးခြင်း၊ အရွယ် အစား ကန့်သတ်ချက် ရှိခြင်းစသည်တို့ ကြောင့် လျော့နည်းခြင်း   ဖြစ်နိုင်ကြောင်း၊ သို့ရာတွင် သင်္ဘောTour  ၏ သဘာဝသည် အတက်အကျ ရှိကြောင်းMyanmar Voyages ခရီးသွားလုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုးကပြော သည်။

”၂ဝ၁၄ နဲ့ ၂ဝ၁၅ မှာ သင်္ဘောTour များခဲ့တယ်။ ဒီနှစ် ဒီဇင်ဘာအထိဆိုရင် ၂ဝ လောက် အထိတော့ တက်ပါလိမ့်မယ်။   အပျော်စီး သင်္ဘောတွေက အာရှကို ဝင်တဲ့ အခါ မြန်မာပြည်ကို ဝင်တာရှိသလို ကျော် သွားတာလည်းရှိတယ်။ အဲဒါတွေကို ၂ နှစ်လောက်ကြိုဆွဲရ တယ်။ ကိုယ့်စရိတ် ကိုယ်စားပြီး ပရိုမိုးရှင်းလုပ်ရတယ်။ အရင် ဆို တစ်နှစ်လုံးကိုမှ ၆ စီးလောက်ပဲရှိပါ တယ်” ဟု ၄င်းကပြောသည်။

ယခုနှစ်တွင်သင်္ဘော Tour  လျော့ နည်းနိုင်သော်လည်း ကျပြီးပါက ပြန်တက် တတ်သည့် သဘာဝရှိသဖြင့် ၂ဝ၁၈ ခုနှစ် တွင် အခြေအနေ ကောင်းနိုင်ကြောင်း ဦးသက်လွင်တိုးက သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ်မှစ၍ အပျော်စီးသင်္ဘောများ ခရီးစဉ်ဝန်ဆောင် မှုကို  ခွင့်ပြုခဲ့ရာ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ လအထိ နိုင်ငံ တကာမှ အပျော်စီးသင်္ဘော ကြီးပေါင်း ၁၄ဝ ကျော်ခန့် ရန်ကုန် အ ပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ဝင်ရောက် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ်တွင် ကမ္ဘာလှည့် အပျော် စီးသင်္ဘော ၁၈ စင်းဖြင့် ကမ္ဘာလှည့်ခရီး သည် ၁၈၆၁၁ ဦး ဝင်ရောက်ခဲ့ပြီး၊ ၂ဝ၁၅ ခုနှစ်တွင် ၂၆ စင်းဖြင့် ကမ္ဘာလှည့်ခရီး သည် ၂၆၇၇၆ ဦး ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*