၁၈ မြင်တိုင်း သတိရနေစေချင်တဲ့ ဥက္ကာမင်းမောင် တေးစီးရီးပရိုမိုးရှင်းပွဲ နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည်

၁၈ မြင်တိုင်း သတိရနေစေချင်တဲ့ ဥက္ကာမင်းမောင် တေးစီးရီးပရိုမိုးရှင်းပွဲ နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည်
November 16, 2016 Asian Fame

11:05 am
၁၈ မြင်တိုင်း သတိရနေစေချင်တဲ့ ဥက္ကာမင်းမောင် တေးစီးရီးပရိုမိုးရှင်းပွဲ နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည်
In Local

oakkar-min-mg

ထူးထူး
ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရုပ်ရှင်သရုပ်ဆောင် ဥက္ကာမင်းမောင်ကိုယ်တိုင်ရေး သီချင်းများပါဝင်သည့် ‘၁၈’ အမည်ရ ပထမဦးဆုံး တစ်ကိုယ်တော်တေးစီးရီးကို စတင်ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း သိရသည်။

”ဒီလို ကိုယ်တိုင်ရေးဖြစ်တာက ကျွန်တော့်ဘဝကြီးကို ထင်ဟပ်စေချင်တာပါ။ ကျွန်တော်တွေ့ခဲ့ကြုံခဲ့ဖူးတဲ့အရာတွေကို ကျွန်တော်သိသလောက် ဒီအခွေမှာ ထည့်သုံးချင် တယ်။ ကိုယ်ဆိုချင်တဲ့ ပုံစံတွေကျ တော့လည်း ကိုယ်ကိုယ်တိုင်ပဲသိတယ်လေ။ အဲ့ဒါကြောင့် တေးရေးဆရာ တွေဆီသီချင်းအပ်ကတည်းက ခေါင်းစဉ်တွေပေးပြီးအပ်တယ်”ဟု ဥက္ကာမင်းမောင်က ပြောသည်။

‘၁၈’ ဟု ပေးဖြစ်ရခြင်းနှင့် ပတ်သက်ပြီး ဥက္ကာမင်းမောင်က ”မြန်မာလို အဓိပ္ပါယ်မယူဘူး။ ၁ နဲ့ ၈ လို့လည်းပြောလို့ရတယ်။ ဘာကြောင့် လဲဆိုတော့ ကျွန်တော့ကို စက်တင်ဘာ ၁၈ မှာမွေးတယ်။ အနုပညာ လောကထဲကို အသက် ၁၈ နှစ်သား မှာ စရောက်တယ်။ပြီးတော့ ငါးနှစ်လောက် ရိုက်ခဲ့တယ်။ အခုဒီကို ပြန်လာပြီး ဒီကား စရိုက်တဲ့အချိန်မှာ မရိုက်တာ ၈ နှစ် လောက်ကြာသွားခဲ့ပြီ။ နောက်တစ်ခုက လတိုင်းမှာ ၁၈ ဆိုတာရှိတယ်။ ၁၈ မြင်တိုင်း ကျွန်တော့်ကိုသတိရနေ စေချင်လို့ Title ကို ၁၈ လို့ ပေးခဲ့တာပါ” ဟု ၎င်းကဆက်ပြောသည်။

တေးစီးရီးကို နိုဝင်ဘာ ၁၁ ရက်နေ့ကတည်းက စဖြန့်လိုက်ပြီဖြစ်ပြီး ပရိုမိုးရှင်းပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် လှည်းတန်းစင်တာ၌ ပြုလုပ်သွားမည်ဖြစ်သည်။ ထိုပွဲတွင် ” Be You ” သီချင်းကို စင်ပေါ်တွင် ပရိသတ် ၁၈ ယောက်နှင့်အတူဖျော် ဖြေပေးမည်ဟု သိရသည်။ ၎င်းအစီအစဉ်ကို အမှတ်တရအဖြစ် ရိုက်ကူးထားမည်ဖြစ်ပြီး MTV တွင် ပြန်လည်အသုံးပြုသွားမည်ဟု ၎င်းက ပြောသည်။

” Be You သီချင်းတစ်ပုဒ်လုံးပရိသတ်ပုံတွေနဲ့တူတူ တင်ပေးချင်တဲ့အတွက် Be You စာတန်းလေးကိုင်ပြီး ကျွန်တော့်ကို ၂ ရက်အတွင်း Facebook Comment Box မှာ ပုံပို့ပေးရမယ်။ ဒါကျွန်တော်ဖန်တီးပေးချင်တဲ့အမှတ်တရပါ။ စင်ပေါ်ကျွန်တော်နဲ့တူတူတက်ဆိုမယ့် ၁၈ ယောက် နာမည်စာရင်းကြိုပေးပါမယ်”ဟု ဥက္ကာမင်းမောင်က ပြောသည်။ ဥက္ကာမင်းမောင်သည် ဖိလစ်ပိုင်နိုင်ငံတွင် ဒီဇင်ဘာလ ၃ ရက် နေ့မှ ၁ဝ ရက်နေ့အထိ ကျင်းပမည့် Mr.Tourism World 2016 တွင် မြန်မာနိုင်ငံကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*