သီးခြားကမ္ဘာလေးထဲက မေတ္တာဇာတ်လမ်းတစ်ပုဒ်

သီးခြားကမ္ဘာလေးထဲက မေတ္တာဇာတ်လမ်းတစ်ပုဒ်
November 16, 2016 Asian Fame

8:33 am
သီးခြားကမ္ဘာလေးထဲက မေတ္တာဇာတ်လမ်းတစ်ပုဒ်
In Photo Essay

         လုပ်ခလစာထက် ဆင်တွေအပေါ်ထားတဲ့ သူတို့ရဲ့မေတ္တာတရား ကြောင့်သာ အသက်အန္တရာယ်ကိုရင်းပြီး အသက်ထက်ဆုံး နေထိုင်လုပ် ကိုင်နေကြတဲ့ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်၊ သရက်စမ်း ဆင်စခန်းက ဆင်သမားတွေရဲ့ ဘဝပုံရိပ်မှတ်တမ်းတွေပဲ ဖြစ်ပါတယ်။

သစ်ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းထားတာကြောင့် ဆင်များနဲ့ သစ်ဆွဲ ခြင်းကို မလုပ်ကြသော်လည်း မနက်ဝေလီဝေလင်း ဆင်တွေကို ပြန် ကောက်ပြီး(လွှတ်ထားရာကနေ ပြန်ခေါ်ခြင်း)ရေမိုးချိုးပေးခြင်း၊ လေ့ကျင့် သင်ကြားပေးခြင်းနဲ့ ကျန်းမာရေးစစ်ဆေးပေးခြင်းတွေကိုသာ နေ့စဉ် ပြု လုပ်ပေးလေ့ရှိပြီး ညနေစောင်းမှာတော့ တောတောင်ထဲသို့ ပြန်လည်လွှတ် ကျောင်းလေ့ရှိကြပါတယ်။ ကြမ်းတမ်းလှတဲ့ တောတောင်တွေထဲ ဆင်းရဲနုံ ချာတဲ့သူတို့ဘဝတွေကို ဆင်တွေကြားမြှုပ်နှံရင်း ပျော်ရွှင်လွတ်လပ်နေတဲ့ ဆင်သမားတွေနဲ့ မိသားစုဘဝတွေကို သီးခြားကမ္ဘာလေးသို့ အလည်အပတ် စာနာမှုခရီးစဉ်အဖြစ် မှတ်တမ်းပြုဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ – ကိုမျိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*