အနုတ်မှသည် အပေါင်းဆီသို့

အနုတ်မှသည် အပေါင်းဆီသို့
August 31, 2016 Asian Fame

12:46 pm
အနုတ်မှသည် အပေါင်းဆီသို့

Untitled-1

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ကိုယ်တိုင် ပါဝင်ခဲ့သူများ၏ သုံးသပ်ချက်များဟူသည့် စာအုပ်တစ်အုပ်ကိုMyanmar Peace Center က ၂ဝ၁၆ ခုနှစ် မတ်လအတွင်းက ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်ပါရေးသားဖော်ပြ ချက်များသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခုလုံးကို လွှမ်းခြုံမိမည် မဟုတ်သော်လည်း၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် တောက်လျှောက် ပါဝင် ခဲ့သော ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် MPC မှ အကြံပေးများ၊ ဒါရိုက်တာများ၏ အတွေ့အကြုံ တို့ကိုတတ်နိုင်သလောက် စုစည်း တင်ပြ ထားခြ င်းဖြစ်ပြီး အမှား အမှန်ဆိုသည်ထက် ပဋိပက္ခပြေလည်ရေးအတွက် ယင်းဆောင်းပါးများမှ စဉ်းစားချက်များရရှိမည် ဆိုလျှင် ထုတ်ဝေရကျိုးနပ်ပြီဟုလည်း စီစဉ်သူ များ က အမှာ စာတွင်ဆိုထားပါသည်။ ထို့ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သော ဦးသန်းဌေး ၏ ဆောင်းပါးကို ယင်းစာအုပ်မှ ပြန်လည်ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

  ဦးသန်းဌေး ကိုယ်ရေးအကျဉ်း

14079735_1438595656156225_2561788788503158090_n
ဦးသန်းဌေးသည်တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝဝ၁ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်အထိ တပ်မ ၇၇ တပ်မမှူးတာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၂ဝဝ၃ ခုနှစ်တွင် စွမ်းအင်ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင် ခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ်တွင် စွမ်းအင်ဝန်ကြီး အဖြစ် ပြောင်းလဲ တာဝန် ထမ်းဆောင် ခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင်မူ ရထားပို့ဆောင်ရေးဝန်ကြီးအဖြစ်ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက်တာဝန်မှ အငြိမ်းစားယူခဲ့သည်။ ဦးသန်းဌေး သည် ပြည်ခိုင်ဖြိုး ပါတီ တွင် ဗဟိုအလုပ်အမှုဆောင်တစ်ဦးအဖြစ်နှင့် လူငယ် ရေးရာကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး၊ ၂ဝ၁၆ ခုနှစ် သြဂုတ်လ၂၃ရက်နေ့ ဒုတိယအကြိမ် ပါတီညီလာခံ အပြီးတွင် ပါတီဥက္ကဋ္ဌတာဝန်ကို အများဆန္ဒနှင့်အညီ လွှဲပြောင်းတာဝန်ယူခဲ့သည်။တပ်မတော်သား ဘဝတာဝန်ကျရာ ဒေသများသို့ အကြိမ်ကြိမ် ပြောင်းရွှေ့ခဲ့ဖူးရာ မအေးချမ်း သောဒေသ များမှာ နေရတိုင်း အေးချမ်းမှုကို တောင့်တသည် ။ အဲဒီမှာနေနေကြ ရ သူ တွေကို ကိုယ်ချင်းစာသနားမိသည်။ အမြဲထိတ် လန့်နေရသော ဘဝ။ နယ်မြေ မအေးချမ်း လို့ ရှေ့တန်း ထွက်ရတဲ့ တပ်မတော် သားဘဝအန္တရာယ် များတာ ပင်ပန်းတာ မ ဆန်းဘူး ဆိုလျှင် ဇနီးမယား မိသားစုဘဝ များကရောတဲ့။ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ် လိုက်တော့ ကျွန်တော် စစ်သား ကြီး၏ အိမ်ထောင်သည်ဘဝသည် လည်း အစထဲက ယဉ် သကိုဟု ဆိုရမည်ထင်သည်။ စိုးနဲ့လက်ထပ် တော့ ခလရ ၉၉ လွိုင်လင်မှာ ဗိုလ်အဆင့်တပ်ခွဲမှူး၊ မင်္ဂလာဦး ဇနီးမောင်နှံ မင်္ဂလာဆွမ်းကျွေးဖို့ ကြက်သွန်လှီးသူလှီး အာလူးခွာ သူ ခွာ ပြင်ဆင်နေတုန်းမှာ တောင် ကြီး ရပခက ညွှန်ကြားချက်ဝင် လာသည်၊ မိုင်းပွန်အနီးမှာ ရန်သူ သတင်းေ ပ်ါသဖြင့် ခလရ ၉၉ တိုင်း အရန်တပ်ခွဲ ချက်ချင်းချီတက် ရှင်းလင်းပါ တဲ့။

ကျွန်တော့်လက်မောင်းကို ဆွဲ ကာ ငိုရုံကလွဲ၍ ဘာလုပ်ရမှန်းမသိ ဖြစ်နေသော ပူပူနွေးနွေး ဇနီးသည် ကို တတ်သမျှမှတ်သမျှ ချော့မော့ ကာ တပ်ကို ခေါင်းဆောင်ပြီး စစ် တိုက်ထွက်ခဲ့ရပါ၏။ အဲဒါပျော် စရာကောင်းပါသလား။တစ်ကြိမ်မှာတော့ ရှေ့တန်း စစ်ဆင်ရေး ၈ လလောက် ကြာ သွားတဲ့ တပ်ခွဲတစ်ခွဲအနားယူ စုဖွဲ့ လေ့ကျင့်ဖို့ တပ် ရင်းပြန် ဝင်လာသည်။ ယာဉ်တန်းချီတက်နေစဉ် ရန်သူ့သတင်းပေါ်လာတော့ တပ် အဝင်ဂိတ်မှာ တပ်ရဲဆိုင်ကယ်ကန့် လန့်ပိတ်ပြီး ရန်သူ့သတင်းပေါ် ရာသို့ ဆက်လက် ချီတက် ရှင်း လင်းရန် ညွှန်ကြားသည်။ စစ်သားမို့ နာခံရမည်လေ၊ သို့သော်လည်းပေါ့၊ အနားယူလေ့ကျင့်မည်ဟု စိတ်ကူး ယဉ်မောင်း တင်လာကြသော စစ်သားကြီး များ မောင်း တဝ က် half cock ဖြစ်ကာ သက်ပြင်းတွေချ ဂိတ်ဝမှာ လာစောင့်နေကြသော ရဲမေများလည်း ငိုမဲ့မဲ့ဖြစ်ကုန်ကြ သည်။ ရုတ် ချည်း ဖြစ်ပေါ် လာ သော အခြေအနေအကျပ်အတည်း ကို ခေါင်းေ ဆာင်ကောင်းပီသသော တပ်ခွဲမှူးကြီးက လျှပ်တစ်ပြက် သုံး သပ်၍ ဖြေရှင်းလိုက်ပါသည်။ ဂိတ်မှာပဲ တပ်ခွဲကိုတန်းစီ၍ တိုက် စစ် နှုတ်မိန့်ပေးသည်။

”အားလုံးနားထောင်၊ ဒို့တွေ ပင်ပန်းလာပေမယ့် နောက်ဆုံးရ ရန်သူ့သတင်းအရ ခုယာဉ်တန်းနဲ့ မိုးနဲကိုဆက်ထွက်ရမယ်၊ အုပ်ချုပ် မှု ကိစ္စဆောင်ရွက်ဖို့ တစ်နာရီ အချိန်ပေးမယ်၊ ခု ၃ နာရီခွဲရှိပြီ၊ ညနေ ၄ နာရီခွဲ ကားပေါ်မှာ နေရာယူပြီးဖြစ်ရမယ်။ အချိန်မီ မရောက်တဲ့သူ ဗဟိုကင်းသတင်းပို့ ပြီး အချုပ်ထဲမှာနေခဲ့ပါ၊ ရှင်းရင် တန်းဖြုတ်” ရဲဘော်ရဲမေများထဲမှ ”ဟေး” ဆိုသော အသံကြီး ဟိန်း ထွက်လာပြီး ကြက်ပျောက်ငှက် ပျောက် ပျောက်သွားကြသည်။ နောက်တစ်နာရီအကြာမှာ တော့ လူစုံတက်စုံနဲ့ ယာဉ်တန်း ထွက်ရန်အသင့်၊ ကားပေါ်မှာ သူ့ ကြည့်လည်း ပြုံးစိစိ၊ ကိုယ့်ကြည့် လည်း ပြုံးစိစိ၊ အုပ်ချုပ်မှုကိစ္စတော့ ဘယ်လိုဖြေရှင်း ခဲ့ကြသည်မသိ တကယ့်ဖြစ်ရပ်တွေပါ အဲဒါရော ပျော်စရာကောင်း ပါ သလား။

ဗိုလ်ကြီးအဆင့်နဲ့ ခမရ ၁ဝ၇ ရောက်တော့ မင်းရန်အောင် စစ်ဆင်ရေးပြီးစ မော်ဖ ဂွင်ထဲမှာ ဗကပစခန်းတွေကို ရင်ဆိုင်ထိန်း ချုပ်လှုပ်ရှားရသည်။ တိုက်ပွဲကြီး များမဖြစ်ပေမယ့် ရွာတွေမရှိ လူ မရှိ စားရေးသောက်ရေးရှားပါး သည်။ ကျောက်ဂျင်းတို့ ကျောက် ချဉ်ပေါင်တို့ စားတတ်ခဲ့သည်၊ ဆေးလိပ်ကြိုက်သော ရဲဘော်များ ဆေးပေါ့လိပ် တစ်ဖွာ တစ် ကျပ်ဖြင့် အာသာဖြေကြရသည်။ ငတ်တယ် ဆိုတာ ပျော်စရာမဟုတ်ပါ။ တပ်ရေးဗိုလ်ကြီးအဖြစ် ရုံး တာဝန်များလုပ်ရတော့ အသက် အန္တရာယ်ဝေးပေ မယ့် နောက်တန်း မှာ ကိုယ်ကအကြီးအမှူး၊ ရှေ့တန်း မှာ တိုက်ပွဲဖြစ်လို့၊ တစ်စုံတစ်ခု ဖြစ်လို့ စစ်သည်များသေကျေ ဒဏ်ရာရလျှင် မိသားစုကို တရား ဝင်အသိပေးလုပ် စရာရှိတာ လုပ် ပေးရသည်။ ရဲဘော်ကျဆုံးလို့အိမ်သူ ကို အသိပေးရတဲ့ စိတ်ဆင်းရဲမှုက ဘာနဲ့မှမတူ၊ မလုပ်ချင်ဆုံးအလုပ် ဖြစ်သည်။ ရှေ့တန်းမှာ တိုက်ပွဲ ဖြစ် တယ်ကြားပြီးမှ တပ်ရင်းမှူး ကတော်တို့ တပ်ရေးဗိုလ်ကြီးတို့ အိမ်ရောက်လာမှာကို ရဲမေများ အလွန်ကြောက်သည်။ ဒီအဖွဲ့ လိုင်းထဲ ဝင်လာလျှင်ပင် ရဲမေတွေ မျက်နှာမကောင်း၊ ကိုယ့်အခန်း ရှေ့ရပ်ပြီဆိုလျှင် သူ့ခမျာတွေငိုရပြီ နေစရာမရှိတော့။ စကားပြောဖို့ပြင် သည်နှင့် ”အမလေး မပြောပါနဲ့ အစ်မရဲ့ မကြားရဲလို့ပါ” ”အမလေး ဗိုလ်ကြီးရဲ့ ကျွန်မ မယုံဘူး” စတဲ့ အသံတွေကမ္ဘာပျက် သလို ကြေကွဲ ခံစားရသည်။ စစ်ဆိုသည်နှင့် ရှေ့ တန်းနောက်တန်းမဟူ ပတ်သက် ဆက်နွှယ်နေသောဘဝများ အတွက် အနိဋ္ဌာရုံများသာ။

 ကော့ကရိတ်မြောက်ခြမ်း လှုပ်ရှားစဉ် တစ်ရက်မှာတော့ ကြားဖြတ်သတင်းအရ ထော့ကို ကိုးရွာအနီး ရန်သူအင်အား ၃ဝဝ ခန့်စုဖွဲ့နေကြောင်း ဗျူဟာက ချပြ သည်။ စက ၂ မှူးက ယာယီခွဲမှူး (ဗိုလ်မှူး)၊ ဗိုလ်ကြီးကျော်ဆွေ (ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ) ကို ထီဖိုး ဇံဘက်က လှမ်းခေါ်ပြီး နဘူးမှာဆုံ၊ ညီအစ်ကို ၂ ယောက် တိုင် ပင်၍ ထော့ကိုကိုးကို ချီတက်ကိုယ့်ထက် အင်အားသာလွန်သော ရန်သူကို ဝင်ချကြရာ မွန်းလွဲ ၂ နာရီခန့်မှ ညမှောင်သည်ထိ တိုက်ပွဲဖြစ်သည်။ရန်သူက အသင့် အနေအထား၊ ကိုယ့်ထက်အင်အားသာလွန်သည်။ ရွာကို ရှင်းပြီး ပြန်အထွက်မှာဖြစ်၍ ရှေ့က ဗိုလ်ကြီးစိုင်းသော်လင်း တပ်ခွဲမှာ ကွင်းစပ်မှာ ဖိပစ်ခံရပြီး ဆက်သွယ်ရေးတပ်သား ကျော်မြင့် ကျဆုံးသည်။ စစ်ကြောင်း ၂ မှူး အပါအဝင် ၅ ယောက် ဒဏ်ရာရ ထားသည်။

မှောင်လာလေ ပစ် အားက ပိုများလေ ဖြစ်လာသည်။ အထောက် အကူတပ်နဲ့လည်း အဆက် အသွ ယ်မရ ပြောက်ကျား နယ်မြေဖြစ်တော့ အချိန်ကြာလေ သူတို့အင်အား စုစည်း မိလေဖြစ် မည်။ ကွန်မင်ဒါဘာလုပ်မည်နည်း။ အခြေအနေအရပ်ရပ်ကို သုံးသပ် ကာ ဆုတ်ခွာ ဖို့ ဆုံးဖြတ်လိုက်သည်။ ကံကောင်းတာက ဆုတ်ခွာဖို့ လုပ် နေတုန်းမှာ မတ် လကြီး တွင် မိုးတွေ သည်းသည်းမည်းမည်း ရွာလာ ခြင်းဖြစ်သည်။ မိုးသည်းသည်း ညမှောင်မှောင်မှာ တပ်တွေပြန် ပေါင်း၊ ရန်သူကို အဆက်ဖြတ်၊ လူနာတွေ ကိုထမ်းပိုး၍ ခွာ စစ်ဆင် ရတာလည်း စိတ်ဓာတ်ကြံ့ခိုင်ဖို့ အများကြီးလိုပါသည်။ မှတ်မှတ်ရရ ၁၉၉၃ မတ်လ ၉ ရက်နေ့ဖြစ် သည်။ နဘူးစခန်းကို ပြန်ရောက်လို့ ဒဏ်ရာရ သူတွေကို စစ်ဆေြး ကည့်တော့ ကိုကျော်ဆွေ ဘယ်ဘက် ရင်အုံ နှလုံးသားပေါ်မှာ ကျည်ရာ တွေ့ရသည်။ ကံကောင်း စွာတည့် တည့်မဖောက်ဘဲ ဘေးကိုရှပ်သွား ၍ အသက်နဲ့ကိုယ် အိုးစား မကွဲခြင်း ဖြစ်သည်။

စစ်သားကောင်း ဖြစ် သောကိုကျော်ဆွေက ကျွန်တော် စိတ်ပူမှာစိုး၍ သူဒဏ်ရာရထား တာကို တိုက်ပွဲကာလအတွင်း ကျွန်တော့်ကို အသိမပေးခဲ့ပါ။ ရဲဘော်တွေ ဆီကသာ သိရ တာဖြစ် သည်။ ထိုကာလများတွင် ရောက် ခဲ့သမျှ ရွာများ၌တွေ့သမျှ သူကြီး မများ ရွာသားများကတစ်ဆင့် ငြိမ်းချမ်းရေးစကား ကမ်းလှမ်းခဲ့သည်။ အေးချမ်း၍ ပြောင်းလဲတိုး တ က်နေသော အထူးဒေသများ အကြောင်း ဒေသခံတွေကို ရှင်းပြ သည်။ ဘယ်ရွာဝင်ဝင် သူကြီးမ များ၊ အမျိုးသမီးအချို့နှင့် ကလေး တွေပဲ တွေ့ရတာများသည်။ သူတို့ ဘဝကို စာနာသည်။ကျွန်တော် ကော့ကရိတ်ဇာတိမဟုတ် တပ်က ထွက်လျှင်လည်း အဲဒီမှာအခြေချ မည့်သူမဟုတ်။ ဒါပေမယ့် သူတို့ ဘဝတွေနဲ့ သူတို့ ပတ်ဝန်းကျင်တွေ အေးချမ်းေ စချင်တာကတော့ ကိုယ် ချင်းစာစိတ်ကလာသည့် ရင်ထဲက ဆန္ဒအမှန်ပင်။

တပ်ရင်းမှူးဖြစ်တော့ ခမရ ၃၆၇ ဖောင်းပြင်ကို ပြောင်းရသည်။ မြို့နဲ့ (၃) မိုင်လောက်ဝေးတဲ့ တောင် ကုန်းပေါ်က အင်တောကြီးထဲမှာ တောခုတ်ပြီး တပ်သစ်ကို တည် ဆောက်၊ တပ်အဆောက်အအုံများ အပြင် မိသားစုဝင် ကလေးတွေနေ ဖို့မူလတန်းကျောင်းကိုပါ ကိုယ့်ဘာ သာဆောက်၊ တပ်ရင်းမှူးကလေး တွေကအစ အဲဒီသက်ငယ်မိုး ထရံ ကာ၊ ဝါးတောထဲက ကျောင်းလေး မှာပဲ ခေတ်ပညာတွေကို ဖြုတ်တ လောင်းလောင်းနဲ့ သင်ခဲ့ကြရတာ ကျွန်တော်မမေ့နိုင်။ ကျွန်တော် ပြောင်းရွှေ့လေရာ တတန်းလန်း လန်းနဲ့ လိုက်ပါနေရတဲ့ ကလေးတွေ ရဲ့ ပညာရေးကောက်ကြောင်းကို ပြန်ကြည့်လိုက်တော့ သူတို့အား လုံး (၁ဝ)တန်းဖြေတဲ့အချိန်မှာ ကျောင်းပေါင်း (၁ဝ) ကျောင်းနဲ့ အ ထက် နေခဲ့ရ ပြီးပြီ ဆိုတာ အံ့သြ ဖွယ်ရာ တွေ့ရသည်။ စာသင်နှစ် တစ်နှစ်ထဲမှာ (၂)ကျောင်းပြောင်း ခဲ့ရတဲ့အကြိမ်တွေလည်း မနည်းမနောရှိခဲ့။ ဒီတော့တည်ငြိမ်တဲ့ ပညာရေး အခြေခံေ ကာင်း မဖြစ်။ (၁ဝ) တန်းအောင်တော့ အမှတ် မကောင်း။ လိုင်းကောင်းမရ။ တကယ်တော့ အဖေစစ်သားကြီးရဲ့ စစ်ဘေးစစ်ဒဏ်ကို သူတို့ခံလိုက်ကြ ရတာဖြစ် ပါသည်။ သားကြီး (၉) တန်းနှစ်မှာ ယောက္ခမများ ရန်ကုန် မှာ အထိုင်ကျလို့ သားကြီးကိုရန် ကုန်မှာ ကျောင်းထားလိုက်နိုင် သည်။ ရှေ့တန်း စစ်ဆင်ရေးထွက် တော့ ဇနီးနဲ့သမီး ငယ်က ဖောင်း ပြင်ဆိပ်ကမ်းကိုလိုက်ပို့ကြရာ စက် လှေထွက်ချိန်မှာ ကျွန်တော်က လှေပေါ်က လက်ပြ၊ ဇနီးနဲ့သမီးက ကမ်းပေါ်က လက်ပြ၊ သားကြီးက အဝေး တစ်နေ ရာ။ သြော်…လူ တွေပြောပြောနေကြတဲ့ သားတကွဲ၊ မယားတကွဲဆိုတာ ဒီလိုပဲဖြစ်မှာ ပေါ့လေ…ဆိုတဲ့ခံစားချက်နှလုံး သားထိအောင် စွဲထင်ခဲ့ရသည်။

စစ်ဦးစီးမှူး ပထမတန်းအဖြစ် နဲ့ ဒကစလွိုင်ကော်ရောက်ပြန်တော့ မအေးချမ်းသောနယ်မြေဖြစ်၍ လွိုင်ကော်မှာ နေရချိန်သိပ်မရှိ။ ဂျီ ဝမ်းကိုယ်တိုင် တပ်ကိုင်ပြီးလှုပ်ရှား ရသည်။ စဗခ(ဘောလခဲ)မှ ဗျူဟာ မှူးဗိုလ်မှူးကြီး ရဲမြင့် (ဒုတိယဗိုလ် ချုပ်ကြီး၊ မန္တလေးတိုင်းဝန်ကြီးချုပ်) NDC သင်တန်းတက်၍ ခေတ္တဗျူ ဟာမှူးသွားလုပ်ရသည်။ သူကလာ ပစ်လိုက်၊ ကိုယ်ကသွားပစ်လိုက်၊ သူ့စခန်းသွားတိုက်လိုက်၊ ကိုယ့်စစ် ကြောင်းကို ဖြတ်တိုက်လိုက်နှင့် ဘယ်နေရာမှ စိတ်အေးလက်အေး မနေနိုင်။ ဒါကြောင့်လည်း အထက် ကဆိုခဲ့သလို ငြိမ်းချမ်းရင်သိပ် ကောင်းမှာဟု ဖွင့်ဟတမ်းတမိခြင်း ဖြစ်ပါသည်။ ဖြစ်စေလိုသောစေတ နာကို နည်းလမ်းပေါင်းစုံဖြင့် အ ကောင်အထည်ဖော်ရာတွင် ဘုရား ကု ကုတာ လည်း ပါ သည်။ အထက် ပုဂ္ဂိုလ်က တောင်ကွဲစေတီရင်ပြင် တော်ကို တစ်ဆက်တစ်စပ်တည်း ဖြစ်အောင် ပေါင်းစပ်နိုင်လျှင် ကယားပြည်နယ် ငြိမ်းချမ်းမည်ဟု အမိန့်ရှိ သဖြင့် ဒကစမှူး ဗိုလ်မှူး ချုပ်မြင့်သိန်း (စလရ ဒုဝန်ကြီး ငြိမ်း)နဲ့ ကျွန်တော်တို့ တကယ်ဆက် စပ်အောင် ကြိုးစားခဲ့ကြပါသည်။

ဗျူဟာမှူးအဖြစ် ရာထူးတိုးပြီး စကခ (၇) ကိုပြောင်းတော့ ရင်းနှီး သူများက ကျွန်တော့်ကို ”ဗျူဟာ မှူးကြီးက အကပ်ကောင်းတယ်” ဟု ကျီစယ်ကြသည်။ ကယား မြို့တော် လွိုင်ကော်မှ တစ်နာရီခန့် ခရီးအကွာရှိ ရှမ်း/ကယားနယ်စပ် ဖယ်ခုံကိုကပ်ပြီး ပြောင်းရတာဖြစ် သည်။ စစ်ဆင်ရေးနယ်မြေက လည်း ကယားထဲက ထွက်ရတယ် လို့ မရှိလှ။ ကျွန်တော်က စစ်သားမို့ မထောင်းသာသော်လည်း မိသားစု ကတော့ ပျော်ရွှင်ကြမည်မဟုတ်ဟု ဆိုလျှင် ကျွန်တော်မုသာဝါဒကံကို ထိန်းသိမ်းရာရောက်ပါမည်။ နည်းဗျူဟာ မှူးအဖြစ် ထမ်း ဆောင်စဉ်ကာလများမှာလည်း တစ်ဖက်ရန်သူကို ထိခိုက်နစ်နာ အောင်လုပ်ခဲ့သလို ကိုယ့်လူတွေ ထိခိုက်ကျဆုံးခဲ့တာတွေလည်း မနည်းပါ။ နေရာတိုင်းမှာ မိုင်းရှိ သည်ဟု ပြောရလောက်အောင်ပင် မွနေအောင်ထောင် ထားသော မြေ မြှုပ်မိုင်းများ၊ တိုက်မိုင်းဆွဲမိုင်းများ ကြောင့် ကျွန်တော်တို့ ခြေတစ် လှမ်းကို ကုဋေတစ်သန်းမက ဂရု စိုက်ကြရသည်။ ဟွေပုံလောင်းစခန်းကို ဗျူ ဟာမှူးသွားစစ်ရာ အသွားမှာလမ်း လုံခြုံရေးယူသော တပ်ကြပ်ကြီး မိုင်းထိသည်။ စခန်းစစ်ဆေးပြီးပြန် လာတဲ့နေ့မှာတော့ ကျားပါးစပ် အနီးမှာ မိုးခြိမ်းသံကြားရပြီး လျှပ်စီးလက်သလို ဝင်းခနဲမြင်လိုက်ရကာ ကျွန်တော့်ရှေ့က ဆက်သွယ် ရေး ရဲဘော် ပျောက်သွား သည်။မိုင်းထိပြီး  မြောက်တက် သွားခြင် ဖြစ် သည်။ ပြန်ကျ လာတော့ တစ်ကိုယ်လုံး မီးခိုးတွေ၊ ဖုန်မှုန့်တွေနဲ့ ခြေတစ်ဖက်က အရိုးဖြူဖြူကြီးငေါ ထွ က်နေ ကာ သွေးကြောမျှင်တွေ သွေးတွေ၊ ဖုန်တွေ အလိမ်း လိမ်းနဲ့ ညည်းညူ အော်ဟစ် သံတွေ နား ရောမျက်စိပါ မချမ်းသာ။ ၂ ရက် မှာ ၂ ယောက်ထိတာဖြစ်သည်။ မယ်ပိုင် ချောင်းဘေး၊ ဟွေအွန်မှာ ၃ လလောက် နည်းဗျူဟာ အခြေပြု စဉ်အတွင်း ဗျူဟာဆေးခန်း မှာခွဲစိတ်ဖြတ်တောက် လိုက်ရတဲ့ ခြေ လက်တွေများ စွာနဲ့ အော်သံဟစ်သံ တွေများစွာ မြင်ခဲ့ကြားခဲ့ရသလို ချောင်းဘေးမှာ မြှုပ်နှံခဲ့ရတဲ့ အ လော င်းတွေ၊ ခြေလက် အင်္ဂါ အစိတ် အပိုင်းတွေ သူ့ဘက်ရော၊ ကိုယ့် ဘက်ကပါ မနည်းမနောရှိခဲ့ပါသည်။

တပ်မ (၇၇) မှာတပ်မမှူး ဖြစ် တော့ ဝင်ရတဲ့ခွင်က ကမမောင်း၊ လေးကေဒေသ၊ ကယားပြည်နယ်နဲ့ ထူးမခြားနားဆိုတော့ စစ်ပွဲနယ်မြေ ဆိုတာ ဘာမှမကောင်း။ နှစ်ဖက် တပ်ဖွဲ့တွေ သေကျေထိခိုက်၊ ပြတ် တောက်၊ ကျိုးကန်းသလို ကြားက မြေစာပင်တွေ ပြေးကြ ရှောင်ကြရ သဖြင့် ရွာတွေပျက်၊ ကျောင်းတွေ ပျက်၊ မီးလောင်ပြာပုံ ဖြစ်ရသည်။ မပျက်မစီးသော ဘုရားကျောင်း ကန်၊ ဘာသာရေး အဆောက်အအုံ များ စောင့်ရှောက်သူမရှိတော့၍ ဖုန်တွေတက်၊ ခြုံတွေယှက်၊ အနုတ် လက္ခဏာတွေချည်းဖြစ်သည်။အုန်းပင်၊ ကွမ်းသီးပင်၊ ရှောက် ပင်တွေနဲ့ စိမ်းစိုနေသောရွာများ ရောက်သွားလိုက်လျှင် ရှောက်ပွင့် နံ့၊ ကျွဲကောပွင့်ရနံ့များနဲ့ တအား လန်းဆန်းကြည်နူးဖွယ်ကောင်း သော်လည်း ဘယ် အချိန်ရောက် လာမည် မသိနိုင်တဲ့ ကျည်ဆန်တွေ၊ ဗုံးဆန်တွေ၊ ဘယ်နားက ထကွဲမလဲ မသိနိုင်တဲ့ မိုင်းတွေကြောင့် မလန်းဆန်း မကြည်နူးနိုင်ခဲ့တာလည်း ကြာခဲ့ပြီ။ အယူ အဆ မတူကွဲပြား ကြသူ တစ်မြေတည်းနေ သားချင်း တွေကြား အပြုတ်တိုက်ခဲ့ကြတာ ဘာအဖြေထွက်ပါသနည်း။ သူ့ အသက်ကို နုတ်ဖို့ကြိုးစားရင်း ကိုယ့်ဘက်ကလည်း အသက်ေ တွ နုတ်ခံရသည်။ခြေနှစ်ဖက်ရှိသူတစ်ဖက်နုတ်ခံရသည်။

လက်နုတ်ခံရ၊ မျက်လုံးနုတ်ခံရ၊ တံတားတွေ နုတ်ခံရ၊ ကျောင်းတွေ နုတ်ခံရ၊ မြေပုံပေါ်ကရွာတွေ နုတ်ပယ်ရ။အို… အနုတ်၊ အနုတ်၊ အနု တ် လက္ခဏာတွေချည်းပါလား။ စီးပွားေ ရးအနုတ်၊ လူမှုရေးအနုတ်ဖြင့် အနုတ် လက္ခဏာနိုင်ငံကြီးဖြစ်ခဲ့ တာကြာပေါ့။ ဆိုရလျှင် ကျွန်တော် တို့တစ် သက်ရှိခဲ့ပြီ။ အနုတ်တွေ ရပ်ဆိုင်း ပါစေ၊အပေါင်း လက္ခ ဏာ တွေ တိုးပွားပါစေလို့ ဆုတောင်း မိတာအခါခါ။ ပြောကြကြေးဆို လျှင် တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး လွှမ်းခြုံမည့် ငြိမ်းချမ်းရေး လိုလားတောင့်တ ခဲ့သည့်ဆန္ဒမှာ သာမန် ပြည်သူတွေ နဲ့ နှိုင်းစာလျှင်တော့ ကျွန်တော်တို့စစ်သားတွေက ပိုပါ လိမ့်မည်ခင်ဗျား။

ငြိမ်းချမ်းရေးအတွက် ကျွန် တော်တို့တွေ တကယ်ကြိုးစားခဲ့ကြ ပါသည်။ နှစ်ဖက်အဖွဲ့တွေ အကြိမ် ကြိမ်တွေ့ဆုံပြီး နားလည်မှုမှတစ်ဆင့် ရင်းနှီးမှုတွေရခဲ့သည်၊ တစ်ယောက် နဲ့ တစ်ယောက် မမြင် မတွေ့ဖူးဘဲ၊ တစ်ယောက်အကြောင်း တစ် ယောက် မသိပါဘဲ ရန်သူဖြစ်ကာ အသေသတ်၊ အပြတ်ရှင်း၊ အပြုတ် တိုက်ဖို့ ကြိုးစားခဲ့သူချင်း ဖက်လှဲ တကင်း ရင်းနှီးလာခဲ့သည်။ လွိုင် ကော်မြို့ပေါ်တွင်KNPP အတွက် ဆက်ဆံရေး ရုံးသစ်ကြီးကို ကျွန် တော် မတည် တည်ဆောက်ပေး ခဲ့သည်။ တရားဝင်စီးပွားရေး လုပ်ငန်း များ ဆောင်ရွက်နိုင်ရန် ကူညီ ပေးခဲ့သည်။ မတူကွဲပြားမှုကိုလက် နက်ဖြင့် ဖြေရှင်းခြင်းသည် မှန်ကန် သော နည်းလမ်းမဟုတ်ကြောင်း နှစ်ဖက်အဖွဲ့များ ကောင်းကောင်း နား လည်နေကြပြီ။ သို့တိုင် သမိုင်း ရှည်ကြာ ရန်ဘက်ပြုခဲ့သူများကြား မှာ နာစရာတွေ၊ မယုံနိုင်စရာတွေ က များလွန်းသည်မို့ ချက်ချင်းကြီး တော့ မီးကို ရေနဲ့သတ်သလို လုံးဝ အပူက အအေး မဖြစ်နိုင်ကြောင်း လည်း နားလည်ကြပါသည်။ KNPP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက ”ဝန်ကြီးတို့ဘက်က တာဝါတိုင် အခြေတွေမှာ ထောင်ထားတဲ့မိုင်း တွေ ရှင်းပေး ရင်ကောင်းမယ်၊ ကျွဲ တွေ၊ နွားတွေ ခဏခဏထိတယ်” ဟု ဆိုသည်။ ”ကျွန်တော်တို့က ထောင်ချင်လို့ ထောင်တာမဟုတ် ဘူးဗျ တာဝါတိုင်တွေ ခဏခဏ မိုင်းခွဲခံနေရလို့ ကာ ကွယ်ထားရ တာပါ”ဟု ပြန်ပြောတော့ ”တာဝါ တိုင်မိုင်းခွဲတာ ကျွန်တော်တို့လုပ် တာလေ ခု ကျွန်တော်တို့မှ မလုပ် တော့တာ” ရယ်ကာမောကာ ပြန် ပြောသည်။ ဘယ်လောက် စိတ်ချမ်း မြေ့စရာ ကောင်းလိုက်ပါသလဲ။

ငြိမ်းချမ်းရေး စဆွေးနွေးကတည်းက ခုချိန်ထိ ကယားပြည်နယ်မှာ သေ နတ်သံတစ်ချက် မထွက်တော့တာ ကတော့ လက်တွေ့ကောင်းကျိုးဖြစ် သည်။ ဒီလိုဒီလို တိုင်းနဲ့ပြည်နယ် အသီးသီးမှာရှိနေကြသော၊ နောက် ခံအခြေအနေချင်း မတူညီကြသော အဖွဲ့အားလုံးနဲ့ ဆွေးနွေးညှိနှိုင်းရ ကာ အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ကျော်လွှားခဲ့ကြရသည်၊ လက်နက်ကိုင် ဆန့်ကျင်ဘက်တစ် ဖွဲ့သာရှိသော တခြား တိုင်းပြည်များ က ငြိမ်းချမ်းရေးညှိနှိုင်းမှုများနဲ့နှိုင်း ယှဉ်ဝေဖန်ဖို့တော့ မသင့်ဘူးထင်သည်။NCA ကို လက်မှတ်ထိုး ကြ တော့ မည်ဆိုတော့ အဖွဲ့မစုံလို့ ရုပ်ပြဟန်ပြပဲ ဖြစ်သယောင်ယောင် ငြိမ်းချမ်းရေးမစစ်သ လိုလိုတချို့က ပြောကြသည် ။ ကေအဲန်ယူခေါင်း ဆောင် တစ်ယောက်ဖြစ်သော ဖဒို မန်းငြိမ်းမောင်က ”လက်နက်ကိုင် အဖွဲ့တွေ ဒီလောက်များတဲ့ တိုင်း ပြည်မှာ အားလုံးစုံမှလက်မှတ်ထိုး ရမယ်ဆိုရင် လေးသင်္ချေနဲ့ ကမ္ဘာ တစ် သိန်းကြာတောင် မဖြစ်နိုင်ဘူး၊ ကျွန်တော်တို့ကရင်တွေက သေနတ် သံပေါက်လေ ဒုက္ခရောက်လေဗျ” ဟု မီဒီယာတစ်ခုမှာ ပြောသံကြား လိုက်ရသည်။ တကယ် အမှန်တရား ပါပဲ၊ နှစ်ဖက်တပ်များ ကိုယ် စား ပြည်သူများကိုယ်စား အထူးကျေး ဇူးတင်ပါသည် ဖဒိုကြီးခင်ဗျား။ ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ် နေသူများ လက်မှတ်ရေးထိုးသမိုင်း တင်ခဲ့ပါပြီ။ နောက်ထပ် အ သင့် ဖြစ်သူများ ဆက်လိုက်ခဲ့ကြပါ။

ဤခရီးနီးသလားဆိုတော့ မနီးဘူးဆိုတာ တကယ်ထဲထဲဝင်ဝင် လုပ်နေကြသူများ ကောင်းကောင်း သိပါသည်။ သို့သော် ခြေလှမ်းများ စွာပေါက်ခဲ့ပြီ။ ယုံကြည်ချက်ခိုင်မာစွာ ဆ က်လျှောက်ကြပါမည်၊။စစ်၏အနိဌာရုံကို နှလုံးသားပေါ် မှာ အက္ခရာတင်ခဲ့သော ဗိုလ်မှူး ကျော်ဆွေတို့လို ပုဂ္ဂိုလ်များ ဒီနေ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် များအဖြစ်နဲ့ ငြိမ်းချမ်းရေးကို ဆက် လက်တည်ဆောက်ကြပါလိမ့်မည်။ကျွန်တော် တပ်မတော်သား ဘဝအတွေ့အကြုံများအရ အပြုတ် တိုက်၊ အပြတ်ရှင်းလမ်းစဉ်၏ ရှေ့တန်းနောက်တ န်း ကောင်းကျိုးဆိုး ကျိုးတွေကို ပြက်ပြက်ထင်ထင်တွေ့ ရှိ ကိုယ်တိုင်ခံစားနားလည်ခဲ့ပြီ၊ ကျွန်တော့်လိုပဲ တစ်ဖက်အဖွဲ့အစည်း ဝင်တွေလည်း အတိအကျခံစားကြ ရလိမ့်မည်လို့ တထစ်ချယုံကြည်သည်။

ခံစားချက်တွေ တူညီသည်၊ တူညီဆန္ဒတွေကို အကောင်အထည် ဖော်ဖို့ အခွင့်အလမ်းတွေ ပွင့်လန်း လာခဲ့ပြီ၊ တိုက်ခိုက်မှုရပ်စဲပြီးသော နယ်မြေမှာ အနုတ်လက္ခဏာတွေ မဖြစ်ေ တာ့တာ သေချာသည်၊ အသက်တွေနုတ်ဖို့ ကြိုးစားခဲ့သူချင်း ပူးပေါင်း မိကြပြီ၊ အဲဒါ အပေါင်း လက္ခဏာပေါ့။အနုတ်တွေရပ်၊ အပေါင်းတွေ ထပ်ကာ ထပ်ကာ ဖြစ်ထွန်းပါစေ။ အေး ချမ်းသာယာ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော ပြည် ထောင်စုကြီးထဲမှာ ပြည်သူများဘဝ လှပလုံခြုံပါစေတော့လေ။

ဦးသန်းဌေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*