ဇရာကနင်းချေ ကျန်းမာပါစေ ပင်လယ်စောင့်နတ်သမီး

ဇရာကနင်းချေ ကျန်းမာပါစေ ပင်လယ်စောင့်နတ်သမီး
July 13, 2016 Asian Fame

1:41 pm
ဇရာကနင်းချေ ကျန်းမာပါစေ ပင်လယ်စောင့်နတ်သမီး
IMG_8481 copy

ရေမိုင် ၇ မိုင် ခန့်မှ နေ၍ မီးပြတိုက် မီး ကို သဘောင်္ ကြီးများ အလွယ်တကူကောင်းမွန်စွာ မြင်တွေ့ရသည်။

မင်းသုအောင်၊ စိုင်းလမင်း၊ ရဲလွင် ၊ ဓာတ်ပုံ – ကျော်ကျော် ( AF )

နိုင်ငံတွင်း စီးဝင်လာသည့် သွင်းကုန် လေးပုံသုံးပုံကို ရေကြောင်းမှနေ၍ ရန်ကုန် သို့ နေ့ညမရွေး ချောချောမွေ့မွေ့ ဝင်၍ရ အောင် သူမသည် ရန်ကုန်မြစ်ဝအနီးရှိ သံ တဲစုကျေးရွာတွင် တစ်ကိုယ်တည်း နေထိုင် ပြီး အလုပ်လုပ်နေသူဖြစ်သည်။

သူမ၏စွမ်းအားက ကြီးမားသည်။ ထို နေရာတွင် သြဇာအရှိဆုံးဟု ပြော၍ရသည်။ သူမ အချက်မပြဘဲ မည်သူမျှမဝင်ရဲကြ။ ခေတ်မီတိုးတက်နေသည့် ယနေ့ အချိန် အထိပင် သူမက အရာရောက်နေသည်။

ရန်ကုန်မြစ်ဝ၌ ၆ စက္ကန့် ၁ ချက်ပွင့် အလင်းရောင်ပြပြီး နှစ်စဉ် ပြည်ပကုန် သင်္ဘောကြီး ၂ဝဝဝ ကျော်နှင့် ရေယာဉ် အများအပြား ကို ဘေးအန္တရာယ်ကင်း ရှင်း အောင် တစ်ကိုယ်တည်းတာဝန်ယူပေးနေ ဖြစ်သောကြောင့် ဖြစ်သည်။

လက်ရှိ မီပြတိုက် ၀န်ထမ်းက ညစဉ် မီးပြတိုက် မီးလင်း/မလင်း သိစေရန် မီပြတိုက် မျက်နှာမှုရာပင်လယ်ဘက် သို ဆင်း၍ စောင့်ကြည့် စစ်ဆေးရသည်။

လက်ရှိ မီးပြတိုက် ၀န်ထမ်းက ညစဉ် မီးပြတိုက် မီးလင်း/မလင်း သိစေရန် မီးပြတိုက် မျက်နှာမှုရာပင်လယ်ဘက် သို့ ဆင်း၍ စောင့်ကြည့် စစ်ဆေးရသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအ ဖွဲ့ချုပ်က လုပ်သားတစ်ဦးအတွက် သတ် မှတ်ပေးထားသည့် တစ်နေ့တာအလုပ်လုပ် ချိန်ထက်ကျော်လွန်ပြီး  နားရက် မရှိဘဲ နေ့ စဉ်ရက်ဆက် အလုပ်လုပ်နေရသည့် တစ် ဦးတည်းသောသူလည်း ဖြစ်သည်။

ဘဝတွင် မှတ်မှတ်ရရ နားခဲ့ဖူးသည့် ရက်က လူပေါင်းသိန်းကျော် သေခဲ့သည့် နာဂစ်မုန်တိုင်းကျရောက်ချိန်နှင့် ကျရောက် ပြီး ရက်အနည်းငယ်သာဖြစ်သည်ဟု သူမ နှင့်အနီးကပ်နေသူက ပြောပြသည်။

အလုပ်အများကြီး လုပ်နေရသူဟု ပတ်ဝန်းကျင်တစ်ခွင်က ပြောကြသည့် သူမ ထံတွင် တည်ကြည်မှု၊ ရင့်ကျက်မှု၊ ခိုင်မာမှု၊ ရဲရင့်မှုတို့ အပြည့်ရှိနေသည် ကို   တွေ့ရ သည်။

တစ်ဦးတည်း ထီးထီးကြီး နေထိုင်နေရ သော်လည်း သူမထံ၌ အလွမ်းအဆွေးများ သိပ်မတွေ့ရ။

အတူနေထိုင်ခဲ့သည့် လုပ်ဖော်ကိုင် ဖက်များ အချိန်တန်၍ ခွဲခွာသွားမှုကို  မတုန်မလှုပ် ရင်ဆိုင်နိုင်တတ်သည့် စွမ်း ရည်၊ ဆင်းရဲချမ်းသာ မခွဲခြားတတ်သည့် စိတ်ထား အပြည့်အဝပိုင်ဆိုင်ထားသည်။

ထို့ကြောင့် ပတ်ဝန်းကျင်မှ လူအများ အံ့အားသင့်နေကြသည်။

IMG_8202 copy

မီးပြတိုက် စောင့် ၀န်ထမ်းများ နေထိုင်နိုင်ဖို့ရန် ဆောက်ထားသည့် အခန်း နှစ်ခန်းမှာလည်း လူနေ၍ မရတော့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၄ နှစ်မှစကာ ယခုအချိန် အထိ သူမနှင့်အတူနေထိုင်နေသည့် ကိုသက် ကိုနိုင်က ပတ်ဝန်းကျင်က ယခုအံသြနေ ကြသည့်အတိုင်း သူမနေလာခဲ့ သည်မှာ သူ၏အဘိုး ဦးခင်မောင် လက်ထက် နှစ် ပေါင်း ၄ဝ၊ ဖခင် ဦးလှထွေး လက်ထက် ၃၂ နှစ်လုံးလုံးဖြစ်သည်ဟု ဆိုသည်။

ယင်းသို့သောဂုဏ်ဒြပ်တို့ရှိသည့် သူမ နှင့် ၃၂ နှစ်တိုင် နေထိုင်လာခဲ့ဖူးသူ ဦးလှ ထွေးက ”သူမက ရန်ကုန်အတွက် အဓိက သွေးကြောပဲ”ဟု သူမ၏အကြောင်း ကို ပြောပြသည်။

အဆိုပါ ”သူမ”ဟု အမည်ပေးထား သည့်အရာကား သက်ရှိအရာဝတ္ထုတစ်ခု မဟုတ်။ စကားမပြော၊ အသက်မရှူသော် လည်း အလုပ်မှန်မှန်လုပ်နေသည့် သက်မဲ့ အရာတစ်ခုသာ ဖြစ်သည်။ သို့သော် သူမ ၏ ကြီးကျယ်မြင့်မြတ်မှုကြောင့် နာမ်စား အဖြစ် ”သူမ” ဟုတင်စားခေါ်ဝေါ်ခြင်းဖြစ် သည်။

သူမဟူသည်ကား မြန်မာနိုင်ငံ တောင် ဘက်စွန်း ရန်ကုန်မြစ်ဝဘေးရှိ၊ ပင်လယ် ကမ်းခြေတစ်ခုတွင် ဘင်္ဂလားပင်လယ်အော် သို့ မျက်နှာမူလျက် မတ်မတ် ရပ်နေသည့် မီးပြတိုက်တစ်ခုသာဖြစ် သည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သံတဲစု ကျေးရွာအတွင်း ရှိ သံတဲ မီပြတိုက် သည် ဒေသခံတို့ ရဲ့ ခန့်မှန်းမှုအရ နှစ်ပေါင်း (၁၅၆)နှစ်  ရှိနေသော်လည်း ရန်ကုန်မြစ်အတွင်းဝင်ရောက်နေသည့် သင်္ဘောများအတွက် အထောက်အကူပြုနေဆဲ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သံတဲစု ကျေးရွာအတွင်း ရှိ သံတဲ မီးပြတိုက် သည် ဒေသခံတို့ ရဲ့ ခန့်မှန်းမှုအရ နှစ်ပေါင်း (၁၅၆)နှစ် ရှိနေသော်လည်း ရန်ကုန်မြစ်အတွင်းဝင်ရောက်နေသည့် သင်္ဘောများအတွက် အထောက်အကူပြုနေဆဲ ဖြစ်သည်။

ပင်လယ်စောင့် နတ်သမီး

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြတ် သန်း ခုတ်မောင်းလာသည့် ပင်လယ်ကူး သင်္ဘောများကို ရန်ကုန်မြစ်အတွင်း ဝင် ရာ၌ မြစ်ဘေးနှစ်ဖက်ရှိ သောင်များကို ဝင် တိုက်ခြင်းမဖြစ်စေရန် သူမက မီးဖြင့် အဓိ ကလမ်းကြောင်းပြလျက်ရှိသည်ဟု အဆိုပါ မီးပြတိုက် ဝန်ထမ်း ကိုသက်ကိုနိုင်က ဆို သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်လက် အောက်ရှိ မီးပြတိုက်ဌာနခွဲမှူး ဦးအေးလွင် က ”သူ မရှိရင်တော့ သောင်ထွန်းမှုတွေရှိ နေတဲ့ ရန်ကုန်မြစ်ထဲ သင်္ဘောကြီးတွေ သောင်တင်သွားမှာပေါ့”ဟု သူမ၏အရေး ပါအရာ ရောက်မှုကိုဆိုသည်။

သူမ၏ အချက်ပြမှုရမှသာ သီလဝါ ထိုမှတစ်ဆင့် ဗိုလ်တထောင်၊ ဗိုလ်အောင် ကျော်၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ အေးရှား ဝေါလ်အစရှိသည့် ရန်ကုန်ဆိပ်ကမ်း များထဲ သို့ သင်္ဘောများဝင်နိုင်သည်ဟု ဦးအေး လွင်က ဆက်ပြောသည်။

အလားတူ ငါးဖမ်းသင်္ဘောများ၊ ကမ်း ရိုးတန်းသွားသင်္ဘောများ၊ ခရီးသွားသင်္ဘော နှင့် ငါးဖမ်းစက်လှေများလည်း အန္တရာယ် ကင်းစေရန် သူမ၏အချက်ပြမှုကို မလွတ် တမ်းကြည့်နေကြရသည်။

ထိုမျှ အရေးပါအရာရောက်သည့် သူမ ကို ထိုနေရာတွင် မွေးဖွားပေးခဲ့သည့်နှစ်၊ တည်ဆောက်ခဲ့သည့်နှစ်ကိုမူ အမျိုးမျိုး ပြောနေကြသည်။

အခြေပြုခဲ့သည့်နှစ်ကို အစိုးရ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်က ၁၉၃၂ နှစ်ဟု ခန့် မှန်းထားသည်။ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်ခန့်မှန်းသည့် ၁၉၃၂ ခုနှစ်ကိုတွက် ချက် ကြည့်ပါက မြန်မာ-အင်္ဂလိပ် ၁၈၈၅ ခုနှစ် တတိယကျူးကျော်စစ်အပြီး ၄၇ နှစ်အကြာ တွင်တည်ဆောက်ခဲ့သည်ဟု သတ်မှတ်နိုင် မည်ဖြစ်သည်။ ယင်းကာလ ကား မြန်မာ နိုင်ငံသည် အင်္ဂလိပ်လက်တွင်းမှ လွတ်လပ် ရေးရရန်ကြိုးပမ်းနေသည့်ကာလ၊ အင်္ဂလိပ် အုပ်ချုပ်နေဆဲကာလလည်း ဖြစ်သည်။

ထို့အတူ သူမမွေးဖွားခဲ့သည့် နှစ်၊ တည်ဆောက်ခဲ့သည့်နှစ်အပေါ်  အပြည် ပြည်ဆိုင်ရာ ဂျပန်ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)က ခန့်မှန်းရာတွင်မူ အစိုးရခန့်မှန်းသည့် နှစ်ထက် နှစ်ပေါင်း ၆၃ နှစ်စောကာ ၁၈၆၉ ခုနှစ်တွင် တည် ဆောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းကာလကို ကြည့်ပါက မြန်မာ-အင်္ဂလိပ် ဒုတိယကျူးကျော်စစ် (၁၈၅၂ ခု နှစ်)ဖြစ်ပြီး ၁၇ နှစ်အကြာတွင် တည် ဆောက်ခဲ့သည်ဟုသတ်မှတ်နိုင်ပြီး ဒုတိယ ကျူးကျော်စစ်အပြီး အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ်တို့ သိမ်းပိုက်သွားပြီးကာလဖြစ်နေသည်။

မည်သို့ပင် ခန့်မှန်းစေကာမူ တိကျ သေချာသည့် ခုနှစ်တစ်ခုကို ကားမည်သူမျှ အတည်ပြုမပြောနိုင်ပေ။

ဒေသခံများကမူ ရှေးလူကြီး များ၏ မှတ်တမ်းစကားဖြစ်သည့် ”အုတ်ကျစ် ကျော်ကြား သံတဲထား”စကားကို မှီပြီး ကောဇာသက္ကရာဇ် ၁၂၂၂ ခုနှစ်၊ ခရစ် သက္က ရာဇ် ၁၈၆ဝ ပြည့်နှစ်တွင် တည် ဆောက်ခဲ့သည်ဟု ယုံကြည်နေကြသည်။

ယင်းကား ”အုတ်ကျစ်ကျော်အေး မန္တ လေး”ဟု လူသိများသော မြန်မာဘုရင်များ နန်းတော်တည်ရှိရာ မန္တလေးမြို့တည် မြန် မာသက္ကရာဇ် ၁၂၂၁ ခုနှစ်ထက် တစ်နှစ် သာနောက်ကျသည်ဟု မှတ်ယူနိုင်သည်။ အဆိုပါနှစ်ကာလများအတိုင်း တွက်ချက် ပါက သူမ၏သက်တမ်းနှင့် တာဝန်ထမ်း ဆောင်ခဲ့သည့် သက်တမ်း သည် နှစ်ပေါင်း ၁၅ဝ ကျော်နေပြီဖြစ်ပြီး အင်္ဂလိပ်တို့က တည်ဆောက်ခဲ့သည်ဟု ယူဆရမည် ဖြစ် သည်။

ခြုံငုံသုံးသပ်ကြည့်ပါက ဂျိုက်ကာ ခန့် မှန်းသည့် နှစ်နှင့်ဒေသခံတို့ ယုံကြည်သော နှစ်တို့သည် ၉ နှစ်တာ ကွာသဖြင့် ထိုကာ လအတွင်းက ပို၍ဖြစ်နိုင်သည်ဟု မီးပြ တိုက်ဌာနခွဲမှူး ဦးအေးလွင်က မှတ်ချက် ပြုသည်။

သက်တော်ရှည်လုပ်သား သို့မဟုတ် ခလွန်း

ရခိုင်ပြည်နယ်တွင် ခရစ်နှစ် ၁၈၈၄ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး နိုင်ငံ၏ ပထမဦးဆုံးမီးပြတိုက်ဟုဆိုနိုင်သည့် စစ်တွေ ကုလားတန် မြစ်ဝရှိ ”လေးရှင်းတောင်”မီးပြ တိုက်ပြီးလျှင် ဒုတိယမြောက် အစော ဆုံးမီးပြတိုက်ဖြစ်သည်ဟုလည်း ၄င်းက ပြောသည်။

သို့သော်လည်း အစောဆုံး ”လေးရှင်း တောင်”ပထမမီးပြတိုက်သည်  ပြည်တွင်း စစ်ကာလ ၁၉၆ဝ ပြည့်နှစ်က လက်နက် ကိုင်အဖွဲ့တစ်ခု၏ ဖောက်ခွဲဖျက် ဆီးမှု ကြောင့် ပျက်စီးသွားခဲ့သဖြင့် သံတဲမီးပြ တိုက်သည်သာ အစောဆုံးတည်ဆောက် ခဲ့ပြီး ယနေ့တိုင်ကျန်ရှိနေသည့် သက်တမ်း ရင့် မီးပြတိုက်အဖြစ် စာရင်း ဝင်သွားပြီဖြစ် သည်။

JICA ၏တွက်ချက်မှုအရဆိုလျှင် ထို မီးပြတိုက်သည် နှစ်ပေါင်း  ၁၄၇ နှစ်၊ ရှေး စကားများအပေါ် ဒေသခံတို့၏ ခန့်မှန်းမှု အရဆိုလျှင်  ၁၅၆ နှစ်ရှိသွားပြီဖြစ်၍ အို မင်းနေပြီဖြစ်သည်။

ယခင်ကဆိုလျှင် သူမသည် ခန့်ခန့် ငြားငြား၊ ခိုင်ခိုင်ခံ့ခံ့ဖြင့် လုပ်ငန်းတာဝန် များကိုထမ်းဆောင်ခဲ့သည်။  စတင်ဆောက် လုပ်သည့်နှစ်မှစပြီး ယင်းမီးပြတိုက်အပါ အဝင် နိုင်ငံတစ်ဝန်းရှိ မီးပြတိုက် ၂ဝ ကျော်တွင် အိန္ဒိယလုပ်သားများသာ တာ ဝန်ယူခဲ့ရသည်။လွတ်လပ်ရေးရပြီးနောက် ပိုင်း နှစ်ပေါင်း ၂ဝ ကျော်အထိ ယင်းအ တိုင်း ဆက်လက်သွားခဲ့ပြီး တော်လှန်ရေးကောင် စီအစိုးရလက်ထက် ၁၉၆၂ ခုနှစ်မှသာ  မြန်မာဝန်ထမ်းများကို အစားထိုးခန့်အပ် ကာ အိန္ဒိယဝန်ထမ်းများကို မိခင်နိုင်ငံသို့ ပြန်ပို့ခြင်း၊ ပင်စင်ပေးခြင်းများ ဆောင်ရွက် ခဲ့သည်။

ထိုအချိန်အတွင်းမှာပင် အင်္ဂလိပ် အ မည်နာမည်ပေးထားသည့် မီးပြတိုက်နာ မည်များကို မြန်မာနာမည်များဖြင့် ပြောင်း လဲခဲ့သည်။

ယခု ရန်ကုန်တိုင်းဒေသကြီး ကျောက် တန်းမြို့နယ်၊ သံတဲစုကျေးရွာအတွင်းရှိ သံတဲမီးပြတိုက်၏မူလနာမည်မှာ ”ခလွန်း” ဖြစ်သည်ဟု နှစ်ပေါင်း ၃၂ နှစ်ကြာမီးပြ တိုက်ဝန်ထမ်းလုပ်ခဲ့သူ ဦးလှထွေးက ဆို သည်။ သူ၏အဖေသည် ဘင်္ဂလားပြည် နယ်သားဖြစ်ပြီး အစ်ကိုဝမ်းကွဲထံ လာ ရောက်လည်ပတ်ရင်း   ”ခလွန်းမီးပြတိုက်” တွင် အလုပ်ရခဲ့သူဖြစ်ကြောင်း၊ ဖခင်ဖြစ်သူ ပင်စင်ယူသွားပြီးနောက် ၄င်း အလုပ်ရခဲ့ ကြောင်း၊ ယခုမူ ¤င်း၏သားဖြစ်သူ အလုပ် ဆက်လုပ်နေသည်ဟု ပြောပြသည်။

   မူလက မီးအိမ်ကြီးများ ယင်းနောက် အင်းဂျင်စက်ဖြင့်လည်းကောင်း၊ ထို့နောက် ဓာတ်ငွေ့ဖြင့်လည်းကောင်း အဆင့်ဆင့် ပြောင်းလဲခြင်းဖြင့် မီးပြပေးခဲ့သည်ဟု သိရ သည်။ ၂ဝဝ၈ ခုနှစ်ကျမှသာ ယခုလက်ရှိ အသုံးပြုနေသည့် ဆိုလာမီးအိမ်ဖြင့် မီးပြ ပေးခဲ့သည်။

မီးပြတိုက်လက်ရှိ အခြေအနေသည် ပြိုကျ နိုင်သည့် အခြေအနေ မရှိသေးသော် လည်း ဆိုးဆိုး ရွားရွား ယိုယွင်းနေပြီ ဖြစ်သည်။

မီးပြတိုက်လက်ရှိ အခြေအနေသည် ပြိုကျ နိုင်သည့် အခြေအနေ မရှိသေးသော် လည်း ဆိုးဆိုး ရွားရွား ယိုယွင်းနေပြီ ဖြစ်သည်။

ဇရာခြေမွနေသော်လည်း တာဝန်ကျေဆဲ

ပင်မဗဟို မီးအိမ်ပတ်ပတ်လည်တွင်  အဆပေါင်းများစွာချဲ့နိုင်သည့် မှန်ဘီလူး ကြီးများဖြင့် ပတ်ဝိုင်းကာရံထားခြင်းဖြင့် ရေမိုင် ၇ မိုင်ခန့်မှနေ၍ မီးပြတိုက်မီးကို သင်္ဘောကြီးများ အလွယ်တကူ ကောင်းစွာ မြင်နိုင်ကြောင်း ဦးလှထွေးက ရှင်းပြသည်။

ယခင်က မီးပြတိုက်၏ မီးအလင်းရောင် ကို ပင်လယ်ရေမိုင် ၁၆ မိုင်အကွာအဝေးရှိ သင်္ဘော ကြီးများ ကောင်းစွာမြင်နိုင်ခဲ့သော် လည်း ၂ဝဝ၈ ခုနှစ် နာဂစ် မုန်တိုင်းဒဏ် ကြောင့် မီးပြတိုက်အတွင်းရှိ စက်ပစ္စည်း များချို့ယွင်းခဲ့ကာ ယခုမူ ပင်လယ်ရေမိုင် ၇ မိုင်ခန့်မှ သင်္ဘောများသာ မီးရောင်ကို မြင်တွေ့နိုင်တော့ကြောင်း သူကဆိုသည်။

Lighint Box (2) copy

နှစ်ရာကျော်ရှိနေသည့် မီးပြတိုက် အစိတ်အပိုင်းများ သည် တာဝန်ရှိသူများ `၏ မေ့လျော့မှု ဒဏ် ခံနေရသည်။

နာဂစ်မုန်တိုင်းတိုက်ခဲ့သော်လည်း မီး ပြတိုက်ကိုကြီးမားသည့် ပြင်ဆင်မှုကြီးများ မပြုလုပ်ခဲ့သည့်အတွက် အမြင့်ပေ ၁၃၅ ပေရှိပြီး သံထည်များဖြင့် တည်ေ ဆာက် ထားသည့် ယင်းမီးပြတိုက်၏ အောက်ခြေရှိ ရေလှောင်ကန် ၃ ခု မှလွဲ၍ မီးဖိုချောင်ခန်း များနှင့် အိမ်သာတို့သည် လုံးဝပျက်စီးသွား သည်။

မီးပြဝန်ထမ်းများ နေထိုင်ရန်နှင့် ယခင်ကမီးအလင်းပေးရန် အင်ဂျင်စက်နှင့် ဂက်စ်အိုးများထား ရှိရန် ဆောက်ထားသည့် အပေါ် ဆောင် အဆောက်အအုံသို့ တက် သည့် လှေကားမှာလည်း လူတက်၍မရ တော့သည်အထိ အခြေအနေ ဆိုးရွားသွား ပြီး ထိုအဆောက်အအုံထဲသို့  ပျက်စီးနေ သည့် မီးဖိုခန်းအုတ်ခေါင် မိုးပေါ်မှ ကျော် လွှား၍ တက်ရသည်။ ထိုအဆောက်အအုံ သည် မီးပြတိုက်အတွက် အရေးကြီးသည့် ပင်မအဆောက်အအုံဖြစ်သည်။

ပြိုကျနိုင်သည့်အခြေအနေ မရှိသေး သော်လည်း ဆိုးဆိုးရွားရွားယိုယွင်းနေ သည်။ ယခင်က မီးပြတိုက်စောင့် ဝန်ထမ်း များနေထိုင်ဖို့ရန် ဆောက် ထားသည့် အခန်း နှစ်ခန်းမှာလည်း လူနေ၍မရတော့ပေ။

ထိုအခန်းထဲနှင့် အခန်းအပြင်ဘက်၊ ပင်မမီးအိမ်ရှိရာနေရာသို့ တက်သည့်လှေ ကားငယ်အပါအဝင် ပင်မဗဟိုမီးအိမ်ရှိရာ နေရာတို့၌ ရေးခြစ်ထားသည့် စာသား များသာ အကောင်းအတိုင်းရှိနေတော့ သည်။ တစ်ဦးတည်းသာရှိသည့် လက်ရှိ မီးပြတိုက်ဝန်ထမ်း ကိုသက်ကိုနိုင်က ”ဒီ စကားလုံးတွေက အရင်ကမီးပြ တိုက်စောင့် တွေ ရေးခြစ်ထားတဲ့ စာတွေပါ။များသော အားဖြင့်တော့ ချစ်သူကို သတိရကြောင်း၊ အိမ်ကိုလွမ်းကြောင်း အချိန်တန်ရင် ပြန် လာမယ် စတာတွေ ကို ရေးထားတာတွေပါ” ဟုဆို သည်။

လွမ်းလည်းလွမ်းစရာပင်။ ရှေ့တွင် ကမ်းဆုံးတစ်ဖက် မမြင်ရသည့်ပင်လယ် ပြင်၊ ဘေးနှင့် နောက်ဘက်တွင် လယ်ကွင်း တို့သာရှိသည်။ ယင်းအခြေ အနေများ ကြောင့် မီးပြတိုက်စောင့်ဝန်ထမ်းသည် မီး ပြတိုက် မလှမ်းမကန်းမြေနေရာ၌ တဲ ဆောက်နေထိုင်ရင်းဖြင့် မီးပြတိုက်ကို စောင့်နေရသည်။

လက်ရှိ ဝန်ထမ်းက ¤င်းသည် ညစဉ် မီးပြတိုက်မီး လင်း/မလင်း သိစေရန် မီးပြ တိုက်မျက်နှာမူရာ ပင်လယ်ပြင်ဘက်သို့ ဆင်း၍ စောင့်ကြည့်စစ်ဆေးခြင်း၊ မီးအား နည်းသွားသည်ဟု ထင်မြင်မိသည့်အချိန် တွင် မီးပြတိုက်ဗဟိုချက်သို့တက်၍ သန့် ရှင်းရေးလုပ်ခြင်း၊ စစ်ဆေးခြင်းများ လုပ် ကြောင်း ပြောသည်။

”တစ်ခါတလေ အပေါ်တက်စစ်တဲ့အ ခါ စိုးရိမ်မိတာတော့ရှိတယ်။ မီးပြတိုက် ဗဟိုကိုတက်တဲ့ လေကားထစ် ၆၆ ထစ်ထဲ က တချို့က ဆွေးမြည့်နေတော့ အချိန်မ ရွေး ပြုတ်ကျသွားနိုင်တယ်” ဟု သူကပြော သည်။

လွန်ခဲ့သည့် အနှစ် ၅ဝ က ဆိုလျှင် ယင်းဒေသတွင် အိမ်ခြေ လေးငါးအိမ်ပင် မရှိဟု ၃၂ နှစ် မီးပြတိုက်ဝန်ထမ်းလုပ်ခဲ့သည့်၎င်း၏ဖခင်ဖြစ်သူ ဦးလှထွေး က ပြော သည်။ ထို့နောက်ပိုင်းမှ လူနေတဲများ တစ်စတစ်စ များလာပြီး ယခုအချိန်တွင် အိမ်ခြေ ၁ဝဝ ကျော်ရှိသည့် ရွာငယ်လေးတစ်ရွာ ဖြစ်လာ သည်ဟု ၄င်းကဆိုသည်။

မီးပြတိုက်သည် သံဖြင့်ဆောက်ထား သဖြင့် သံတဲရွာ၊ နောက်ပိုင်း သံတဲစုကျေး ရွာဟု ခေါ်ဝေါ်ကြောင်း ကျေးရွာအုပ်ချုပ် ရေးမှူးက ရှင်းပြသည်။ မီးပြတိုက်နှင့် ရွာ သည် အနည်းငယ်သာ ကွာဝေးတော့သည်။

သံတဲစုကျေးရွာသည် တစ်စတစ်စ ဖွံ့ဖြိုး တိုးတက်လာသော်လည်း သံတဲမီးပြတိုက် ၏အခြေအနေမှာမူ တစ်စတစ်စ ယိုယွင်း လာသည်ကို ရွာခံများနှင့် အနီး အနားပတ် ဝန်းကျင်တွင်ရှိသည့် ပန်းတောကျေးရွာ၊ ကမာကလုတ်ကျေးရွာ၊ ဇွဲဘာကုန်းကျေးရွာ၊ မီးပြကျေးရွာ ဒေသခံအချို့က ဆိုကြသည် က ”အမြင်မတော် ဆင်တော်နှင့်ခလောက်” ဟူသတည်း။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ တရား ဝင် အချက်အလက်များအရ မီးပြတိုက်ကြီး ၈ ခု၊ မီးပြ ၁၆ ခု၊ မီးပြလှေ ၂ ခု ရှိသည့် အထဲတွင် အစောင့်ထားသည့် မီးပြတိုက် က ၁ဝ ခုပင်မပြည့်။

သံတဲမီးပြတိုက်သည် ပင်လယ်မီးပြ တိုက် ၈ ခုထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် အပြင် အစောဆုံးဆောက်လုပ်သည့်ဂုဏ် ဒြပ်၊ ပင်လယ်ရေကြောင်း ကုန်စည်စီးဆင်း မှုအတွက်အရေးပါသည့် ပြယုဂ်၊ ဘင်္ဂလား ပင်လယ်အော်အတွင်းမှ ရန်ကုန်မြစ်အ

တွင်းဝင်ရောက်မည့် ပင်လယ်ကူးသင်္ဘော ကြီးများ၏လမ်းပြ အစရှိသည့် ဂုဏ်ပုဒ် များရယူထားသော်လည်း မီးပြတိုက်အစိတ် အပိုင်းများသည် တာဝန်ရှိသူများ ၏ မေ့ လျော့မှုဒဏ်ကို ခံနေရသည်။

ယင်းအပြင် ပထမအကြိမ် ပြည် ထောင်စုလွှတ်တော်ကပြဋ္ဌာန်းခဲ့သည့် မြန် မာနိုင်ငံမီးပြတိုက် အက်ဥပဒေကို ပြင်ဆင် သည့် ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း မီးပြ တိုက်ပရဝဏ်ဟူ၍လည်း တိတိကျကျမရှိ၊ လူနေအိမ်များက မီးပြတိုက်ပတ်ဝန်းကျင် သို့ ချဉ်းကပ်ဆောက်လုပ်မှုများ ရှိနေသည် ကို တွေ့နေရသည်။

တန်ဖိုးရှိသည့်အရာတစ်ခုဖြစ်ပြီး လွန် စွာအသုံးဝင်နေဆဲ ပစ္စည်းတစ်ခုဖြစ်သည့် အတွက် ပြင်ဆင်ပေးရန် သင့်နေပြီဖြစ် ကြောင်း မီးပြတိုက်လုပ်သားဟောင်း ဦးလှ ထွေးက ဆိုသည်။

ပြင်ဆင်ခြင်းမပြုပါက ပြိုကျပျက်စီး သွားမှုနှင့်အတူ ရန်ကုန်မြစ်အတွင်း ဝင် ရောက်မည့် သင်္ဘောများအတွက်လည်း အခက်အခဲဖြစ်သွား လိမ့်မည်ဟု   ထောက် ပြသည်။

”ကျွန်တော်တို့ ရေလုပ်သားတွေအ တွက် ဒီသံတဲကြီးက အသက်ကယ်ပေးနေ တဲ့ သံတဲကြီးဆိုလည်း ဟုတ်တယ်”ဟု သံ တဲစုကျေးရွာမှ တံငါလုပ်သား တစ်ဦးက ပြောသည်။

မင်းသုအောင်၊ စိုင်းလမင်း၊ ရဲလွင် ၊ ဓာတ်ပုံ – ကျော်ကျော် ( AF )

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*