တစ်သောင်းအားနှင့် လှူ

တစ်သောင်းအားနှင့် လှူ
July 6, 2016 Asian Fame

5:54 am
တစ်သောင်းအားနှင့် လှူ

mgswethetသျှောင်နောက် ဆံထုံးပါဟု ဆိုရိုးရှိသော်လည်း စစ်ကိုင်းသား ကျွန်တော်သည် စစ်ကိုင်းသို့ မှန်မှန်မ ရောက်ဖြစ်ဘဲ  မသက်ဆွေ၏ ဇာတိ မြို့ဖြစ်သော သရက်မြို့သို့ ပုံမှန် တစ်နှစ် တစ်ခေါက် ရောက်ဖြစ်ခဲ့ပါ သည်။

ကျွန်တော့် အဖိုးသည် ဟံသာဝတီ ခရိုင် သန်လျင် မြို့နယ် ပုဂံတောင်ကျေးရွာ ဇာတိ ဖြစ်သော်လည်း ခရိုင်ရဲဝန်ဘဝမှ အငြိမ်းစား ယူသော အခါမှာ အထက် အညာဒေသ စစ်ကိုင်းမြို့မှာ အခြေချခဲ့ပါသည်။ နယ် စုံအနှံ့ ခြေဆန့် ခဲ့ရသော ရဲအရာရှိဘဝ ရောက်ခဲ့ဖူး သမျှ အရပ် ရပ် အေးချမ်းသောသာယာသော စစ်ကိုင်းမြို့မှာ အခြေချဖြစ်သည်။ အဖိုး အခြေချသော စစ်ကိုင်းမှာ ဦးဦးဖျားဖျား ကျွန်တော့် ကို မွေး သည်။ သည်ပုံ သည် နည်း စစ်ကိုင်းသားဖြစ်ခဲ့သော ကျွန်တော့်ဆွေမျိုး ရင်းချာတို့သည် စစ်ကိုင်းမြို့ မှာ တစ်ယောက်မှ မကျန် တော့သောကြောင့် အမည်ခံစစ်ကိုင်းသားသာ ဖြစ်ခဲ့ ရပါတော့သည်။ စစ်ကိုင်းကျောင်း မှာလည်း ပညာ မသင်ဖူးခဲ့။

သည်တော့လည်း ‘သျှောင်နောက် ဆံထုံး’ မပါနိုင်တော့ဘဲ ‘ဆံထုံးနောက်သျှောင်ပါ’ ဘဝနှင့် မိုးဦးကျ ကျောင်းတွေဖွင့်စ မှာ နှစ် စဉ် ရောက် မြဲ သရက်မြို့သို့ မပျက်မကွက် ရောက်နေရသည်မှာ ၁၄ ခေါက်ရှိပြီ။

အဖိုးရော၊ အဖေရော၊ အမေရော သရက် ဇာတိ တွေမို့ မသက်ဆွေကို တစ်မြို့လုံး သိကြသည်။ သူ့ အဖိုးရှေ့နေကြီး ဦးရွှေနီ ရှိစဉ်က ပညာရေး မြှင့်တင်မှု အသင်း ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

ထိုအမွေဆက်ကို ထိန်းသောအားဖြင့် ကျေးရွာရှိ မူလတန်း ကျောင်းသားလေးများ ပံ့ပိုးရေး အတွက် ‘ရွှေနီအောင်သိန်း ဖောင်ဒေးရှင်း’ ဟူသော အမည်နှင့် အဖိုးရော အဖေပါ နာမည်သုံးလျက် ပညာသင် စရိတ် ထောက်ပံ့ရေး အစီအစဉ်လေး တစ်ခုကို ၂ဝဝ၂ ခုနှစ်မှ စခဲ့မိ ပါသည်။

 နှစ်စဉ် မူလတန်းကျောင်းများ ဖွင့်လှစ်ချိန်မှာ ထောက်ပံ့ရေး အစီအစဉ် လုပ်ခဲ့ရာ ယခုနှစ်တွင် ၁၄ ကြိမ် ရှိခဲ့ပြီ။ သူငယ်တန်းမှ စတုတ္ထတန်း အထိ ပညာ တော်၍ နွမ်းပါးသော ကလေးများ ထောက်ပံ့ခြင်းသည် ခရိုနီ မဟုတ်သော ကျွန်တော် တို့လို လူလတ်တန်း စား များ တတ်နိုင်သော ပညာအလှူဖြစ် ပါ၏။

ကျွန်တော်တို့က တစ်နိုင်တစ်ပိုင် လှူဒါန်းမှု ပြုသည်ကို တကယ်တမ်း အကောင် အထည်ဖော်ပေးရ ညသူများက သရက်မြို့မှ စေတနာ ရှင် များဖြစ်ကြသည်။ စေတနာ့ဝန်ထမ်းများ ဖြစ်ကြ သည်။

 ဦးစန်းအောင်၊ ဦးအောင်ကျော်စိုး စသူတို့က ၂ဝဝ၂-၂ဝဝ၃ ခုနှစ် ပညာသင်နှစ်မှစ၍ ပညာရေး မှူးဟောင်း ဆရာကြီး ဦးလွန်းရွှေ၊ ခယက၊ မယက တို့နှင့် လက်တွဲညီညီ ဆောင်ရွက်ခဲ့ကြ သည်။

ပညာရေး ဝန်ထမ်းတို့ အငြိမ်းစားယူသည်။ ခရိုင် မြို့နယ် အဆင့်တွေ ပြောင်းကြရွှေ့ကြသည်။ မြို့ခံ စေတနာရှင် များကတော့ ဆက်လက် လှုပ်ရှားဆဲ ဖြစ်သည်။ ယခုဆိုလျှင် တစ်ဆယ့်လေးနှစ် ပြည့်ပြီ။ လုပ်ငန်း ကော်မတီဖွဲ့ထားသည်။

 ကျေးရွာသို့ ဆင်းကြသည်။ ကျေးရွာ မူလတန်း ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ညှိနှိုင်းကြ သည်။ သာမန် စာတော် သူ ထောက် ပံ့ပေးခြင်း အပြင် ‘ဘက်စုံ လူရည်မွန်’ ဟူ၍ ရွေးချယ် ဆုပေးသေးသည်။

 ပညာရည် ထူးချွန်မှု၊ အပြုအမူယဉ်ကျေးမှု၊ ပေါင်း သင်းဆက်ဆံမှု၊ ကျန်းမာကြံ့ခိုင် အလေ့အထရှိမှု၊ ရသ စွမ်းရည် နားလည် ခံစား တတ်မှု ဟူသော ခေါင်းစဉ်ကြီး ၅ ခု အောက်မှ စွမ်းရည် ၂၂ ခု အသေးစိတ်လေ့လာ အကဲဖြတ်သည်။  အပြော အဆို အနေ အထိုင် ၊ ပေါင်း သင်းဆက်ဆံရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးမှစ ခေါင်းဆောင်မှုပါ မကျန် အကဲဖြတ်မှုကို အနီးကပ် ဆရာ၊ ဆရာမများက အကဲဖြတ် အမှတ်ပေးကြသည်။

ပညာသင်နှစ် တစ်နှစ်လုံး ထို ကော်မတီက ကြိုး စားပေးမှုကို ခရိုင်၊ မြို့နယ်တာဝန်ခံများက အားပေး သည်။ ခရိုင်၊ မြို့နယ် ပညာရေးမှူး များက ကိုယ်တိုင် ပါ ဝင်ပေးကြသည်။ သူတို့ သူတို့တွေ စေတနာထား ကြိုးစားပေးမှုဖြင့် ရွေးချယ် ရရှိသော ကျောင်းသား လေးများကို ဆုပေးပွဲ အချိန်ကျမှ ကျွန်တော်တို့က သွားရောက်နိုင်ပါတော့သည်။

မြို့ခံစေတနာရှင် များကလည်း ကျွန်တော်တို့လို ရပ်ဝေး စေတနာရှင်တွေ များများပေါ်ထွက် လျှင်လည်း  ကိုယ်စား ကူညီကြရန် အသင့်ဟု ဆိုသည်။ ယခင်နှစ်များ က ကျောင်းသားလေး များအား ဆုပေးရန် စာအုပ်၊ ခဲတံ၊ ပေတံ၊ ကွန်ပါဘူး၊ မှတ်စုစာအုပ် စသည်တို့ ရန်ကုန် မှ အကုန်ပို့ရသည်။

သည်နှစ်မှာ ကျွန်တော်တို့ ကိုယ်စား ကော်မတီမှ တာဝန်ယူကြသည်။ ရန်ကုန်မှ သရက်မြို့ အရောက် ကားလမ်းက လည်း ကောင်း သဖြင့် ကုန်တင်မော်တော် ယာဉ်များ တိုက်ရိုက် ရောက်သောကြောင့် မြို့ခံ စေတနာရှင် ကော်မတီကပင် ရန်ကုန်မှ တိုက်ရိုက်မှာ ကြား သည်။ ရန်ကုန်မှာ အနေ များသော ကျောင်းဆရာ အငြိမ်းစား ဦးသိန်းဘော် က ဝယ်ယူပြီးတင်ပို့သည်။

သရက်မြို့ ရောက်သောအခါ ကော်မတီ ဥက္ကဋ္ဌ ဦးစန်းအောင်နှင့် အတွင်းရေးမှူး ဦးအောင်ကျော်စိုး တို့က ဆရာ၊ ဆရာမများ အကူ အညီနှင့် စီစဉ်ကြတော့ သည်။ ကျောင်းသားလေးများ အားပေးရန် ဒိုင်းဆုလေး များ၊ နာရီများ၊ အမှတ်တရ စာတန်းထိုး လက်ဆွဲအိတ် ကလေး များသာ ကျွန်တော်တို့နှင့် ယူသွားရသည်။

ပညာရည်ချွန် ကျောင်းသားများနှင့် ဘက်စုံလူ ရည်မွန် ဆုပေးပွဲအမီ တစ်ရက်ကြိုသွားရသည်။

အခမ်းအနားကျင်းပသော ဇွန်လ ၂၅ ရက် နံနက် မှာ အထက (၁) ကျောင်းဝန်း တစ်ခုလုံး ကျောင်း စိမ်း ရောင် များနှင့် ပြည့်နေ သည်။ ကျေးရွာမှ ဆုယူရန်  လာရောက်သော ကျောင်းသားများ၊ မိဘများ၊ ဆရာ များပြည့်နေသည်။ အိမ်ရှင် အထက (၁) ဆရာမများ ကလည်း ပျားပန်းခတ်မျှ လှုပ်ရှားနေကြသည်။

ကျွန်တော်တို့ ရန်ကုန် အဖွဲ့နှင့် ခရိုင်အုပ်ချုပ်ရေး မှူး ဦးအောင်ချိုဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့် ဝင်းနှင့် တာဝန်ရှိသူများ ကြို တင်ရောက် ရှိကြသည်။ နံနက် ၉ နာရီ အခမ်းအနား စသည်နှင့် ခရိုင် အုပ်ချုပ်ရေးမှူးက ကြိုဆိုနှုတ်ခွန်း ဆက် စကား မြွက်ကြား ပေးသည်။

သည်ပွဲကို ဦးစားပေး ချီးမြှင့်ပြီး တစ်ချိန်တည်း ကျင်းပသော အခြားပွဲသို့ ကူးသွားရပြန်သည်။ ခရိုင် မြို့ဖြစ်သော သရက်မြို့မှ တာဝန်ရှိ သူများကို ကြည့် ရင်း အငြိမ်းစား ကျွန်တော်တို့ ဇနီးမောင်နှံ က ကျေးဇူး တွေ တင်နေရပါတော့သည်။ မသက်ဆွေက ကျေးဇူး တင် စကားပြောပြီး ကျွန်တော် စကားပြောရသော အစီ အစဉ်မှာတော့ အပိုင်း သုံးပိုင်း ခွဲ၍ ပြောဆိုပါသည်။ ပထမဦးစွာ ခရိုင်၊ မြို့နယ်မှ တာဝန် ရှိသူများ၊ အကျိုး တော်ဆောင် ကော်မတီဝင်များ၊ ဆရာ၊ ဆရာမ များကို ကျေးဇူးတင်ကြောင်း လေးနက်စွာ တင်ပြရသည်။ ဒုတိ ယကျောင်းသူ၊ ကျောင်းသားများကို မှာကြားရာမှာ ပညာကို ကြိုးစားကြဖို့ သာမက ပညာတတ်မြောက် လူ ကြီး ဘဝရောက်ချိန် မှာ မြန် မာပြည် အနှံ့အပြား ရေ ကြည်ရာမြက်နုရာ သွားရောက် သက်မွေး ကြလိမ့်မည်။ ထိုအချိန် ထိုအခါမှာ သရက်မြို့ကို မမေ့ဖို့ တတ်စွမ်း သည့် ဘက်မှ ကိုယ့်မွေးရပ်မြေ ကို အကျိုးပြုကြဖို့ မှာရ သည်။

တတိယ တင်ပြချက်ကတော့ သည်ပွဲမှာ ပုဂ္ဂိုလ် ထင်ရှားမရှိကြသော ရပ်ဝေးရောက် သရက်မြို့နယ် သူ မြို့နယ်သား များကို သရက်မြို့ မှာ ကျန်ခဲ့သော မြို့ မိမြို့ဖဆွေမျိုး မိတ်သင်္ဂဟတို့မှ တစ်ဆင့်မှာကြားရခြင်း ဖြစ်ပါသည်။ မေတ္တာ ရပ်ခံရခြင်း ဖြစ်ပါသည်။

သရက်မြို့မှ ထွက်ခွာ၍ မြို့ကြီးပြကြီး များမှာ လည်းကောင်း၊  ပြည်ပမှာ လည်းကောင်း ရောက်ရှိနေ ကြသူများ အနက် ကြွယ်ဝသူတွေ များစွာ ရှိကြပါသည်။

သရက်မြို့ကို ပြန်မရောက်ကြသော သရက်သူ၊ သရက်သား ကျောင်းတော်သားဟောင်း များ ရောက် ရာဒေသမှ စေတနာ ဖောင်ဒေး ရှင်းလေး များ စိုက်ထူ ပေးပါ။

သရက်မြို့ရှိ ဘဏ်အသီးသီး မှာ သိန်းတစ်ရာ ထားပေးလျှင် သိန်းနှစ်ရာ ထားပေးလျှင် သိန်းသုံးရာ ထားပေးလျှင် နှစ်စဉ် ရရှိသော ဘဏ် တိုးလေးများနှင့် အနာဂတ်ကို ပုံဖော်မည့် ကျောင်းသား၊ ကျောင်းသူ လေးများကို မြေတောင်မြှောက်ပေးကြပါ။ သရက်မြို့ ခံ အ ကျိုးတော်ဆောင် အဖွဲ့က စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ပေးကြ ပါလိမ့်မည် ဟူသော စကားကို တစ် ဆင့် ပါးလိုက်ရပါသည်။

လက်ရှိ သရက်မှာ နေကြသူများက ဆိုင်ရာဆိုင်ရာ ဆွေမျိုးများထံ အကြောင်းကြားပေးဖို့ မေတ္တာ ရပ်ခံ လိုက်ရပါသေးသည်။

 နှမ်းတစ်စေ့နှင့် ဆီမဖြစ်သော်လည်း နှမ်းတင်း ပေါင်းများစွာ ကြိတ်လျှင် ဆီတွေရမည်ကို လူတိုင်းသိ ကြသည်။

ယနေ့ခေတ်သည် ပညာခေတ် ဖြစ်သည်ဟု လက် ခံထားကြသည်။ ပညာတတ်တွေ ပေါများဖို့၊ ပညာ ထူးချွန်သူတွေ ပေါများဖို့၊ အဝေးရောက် သရက်သူ၊ သရက်သားတို့ ပံ့ပိုးပေးကြပါ ဟု ကျွန်တော် အလေး အနက် ပန်ကြား လိုက်မိပါသည်။

ရပ်ဝေးမှာ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ၊ ဝန်ကြီး တွေ၊ ဝန်ကလေးတွေ၊ ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေ၊ သူဌေးတွေ၊ သူကြွယ်တွေ ရှိ ကြပါ သည်။ ထိုပုဂ္ဂိုလ်တွေ ထဲမှ ဆယ်ယောက်၊ ဆယ့်ငါးယောက်၊ အယောက်နှစ် ဆယ်လောက် သရက်မြို့ကို ပြန်လည် ပံ့ပိုးကြလျှင် အနာဂတ် အတွက် တောက်ပမည့် ကြယ်ပွင့်လေး များ များစွာ များစွာ ပေါ်ထွန်း လာမည်ဟု ယုံကြည်နေမိသူ က ကျွန်တော်တို့ မိသား စုများသာ ဖြစ်ပါ၏။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*