မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဘယ်လိုရွေးချယ်ကြမလဲ

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဘယ်လိုရွေးချယ်ကြမလဲ
July 4, 2016 Asian Fame

6:17 am
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဘယ်လိုရွေးချယ်ကြမလဲ

Academy

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ပြီးတိုင်း အသံတွေညံခဲ့ သည်။ ဟိုးယခင်နှစ်များ ထက်စာလျှင် အနုပညာ ရှင်များကိုယ်တိုင် ဦးစီးကျင်းပ ရွေး ချယ်သောနှစ်များတွင် ပို၍ပို၍ ညံ လာသည်။ ဖြစ်သင့်ဖြစ်ထိုက်သည် များကို အချက်အလက်နှင့် တင်ပြ လျှင် ပြုပြင်သင့်သည်များကို ပြုပြင် ကြရမည်ဖြစ်သည်။ တချို့က မိမိ ရသင့်သည်၊ မရဟုထင်သူများလည်း ရှိကြသည်။ တချို့ ဇာတ်ပို့နှင့် အဓိကဇာတ်ဆောင် လွဲမှားသတ် မှတ်သည်ဟု ပြောသူကပြောသည်။ ဖြစ်စဉ်များကို အသေးစိတ်လေ့လာ သုံးသပ်ဖို့တော့ လိုပေလိမ့်မည်။ တချို့က ကိုယ်ပြောလိုသည်သာ ပြောကြပြီး ၂ဝ၁၄ ခုနှစ် ထူးချွန်ဆု စာရင်းဝင်သော ရုပ်ရှင်ဇာတ်ကား များ အရေအတွက်ကို တိတိကျကျ မသိကြပါ။ နှစ်အလိုက် ထူးချွန်ဆု ဝင်စာရင်းကို ပထမဦးဆုံး သိဖို့လို သည်။ ဖတ်ဖို့၊ မှတ်ဖို့လိုသည်။ ပြီးလျှင် ထိုရုပ်ရှင်ထူးချွန်ဆုဝင် ရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုထား ဖို့လိုသည်။ တစ်ကားတည်းကြည့် ရှုထားပြီး သုံးသပ်တာမျိုးထက် ဇာတ်ကား အားလုံးကြည့်ရှုပြီး သုံးသပ်ဝေဖန်တာ ပိုပြီးသင့်တော် မည် ထင်သည်။ ဟိုတုန်းကအဖြစ်အပျက်များ စွာရှိသည်။

၁၉၆၆ ခုနှစ်က “မြေမှာပွင့် သောမေတ္တာပန်း” နှင့် မင်းသားကြီး စိုးရွှေဇာတ်ပို့ထူးချွန်ဆုရရှိသည်။ “မြေမှာပွင့်သောမေတ္တာပန်း”ဇာတ်ကားတွင် မင်းသားစိုးရွှေက အဓိက ဇာတ်ရုပ်ခါးကုန်းကြီးအဖြစ် သရုပ်ဆောင်ရသည်။ သို့သော် ကောလိပ်ဂျင်နေဝင်းက ဇာတ်ရုပ်တစ်နေရာ ပါဝင်သည်။ ကောလိပ်ဂျင်နေဝင်း၊ စိုးရွှေဟု နာမည်စာတန်းထိုးသည်။ ဇာတ်အရ မင်းသားစိုးရွှေ အဓိက သရုပ်ဆောင်ဖြစ်သော်လည်း သူ့ရှေ့ တွင် နာမည်ရ မင်းသားတစ်ဦး ပါဝင်သဖြင့် ဇာတ်ပို့ဆုချီးမြှင့်ခြင်း ခံရခြင်းဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင် “သဲလွန်စ” ဇာတ်ကားရိုက်ကူး၍ ထူးချွန်ဆု စာရင်းဝင်သည်။ မင်းသား ကြည်စိုး၊ မင်းသမီး စမ်းစမ်းအေး၊ တင်တင်မူတို့ ခေါင်းဆောင်ပါဝင် သည်။ တင်တင်မူသည် တစ်ချိန်က လျှမ်းလျှမ်းတောက် နာမည်ကျော် မင်းသမီးကြီးတစ်ဦးဖြစ်သည်။ “သဲလွန်စ” ဇာတ်ကားတွင်လည်း ဇာတ်၏ အဓိကဇာတ်ရုပ်မှ ပါဝင်သရုပ်ဆောင်ရသည်။ သို့သော် စမ်းစမ်းအေး ဇာတ်ရုပ်တစ်ခုမှာ ပါနေသဖြင့် မင်းသမီးကြီး တင်တင် မူမှာ ဇာတ်ပို့ထူးချွန်ဆုသာ ရရှိသည်။ အဓိက အမျိုးသမီးဇာတ်ဆောင် ထူးချွန်ဆု မရရှိလိုက်ပါ။ ဒါရိုက်တာ အေဝမ်းမောင်လှမျိုးသည် လျှမ်း လျှမ်းတောက်ကျော်ကြားသော ဒါရိုက်တာတစ်ဦးဖြစ်ပါသည်။ ၁၉၆၆ ခုနှစ်တွင် ဒါရိုက်တာ အေဝမ်းမောင်လှမျိုးရိုက်ကူးသော “ဆောင်း” ဇာတ်ကားသည် အကောင်း ဆုံးဇာတ်ကားဆု ရရှိပါသည်။ “ဆောင်း” ဇာတ်ကားဖြင့်ပင် စံရှားတင် အမျိုးသမီးဇာတ်ဆောင်ဆု ရရှိပါသည်။ “ဆောင်း” ရုပ်ရှင်ဇာတ်ကားမှာ ယနေ့အထိ ဂန္တဝင်ဇာတ်ကား စာရင်းတွင် ပါဝင်ပါသည်။ သို့သော် အေဝမ်းမောင်လှမျိုး ဒါရိုက်တာဆု မရရှိခဲ့ပါ။ ကံဖယ်၍ ဒါရိုက်တာဆုနှင့် လွဲခဲ့ပါသည်။

၁၉၆၈ ခုနှစ်တွင် “ဗန်တိုလူလေးနှင့်သူဇာ” ရုပ်ရှင်ဇာတ်ကားမှာ နာမည်ကျော် ဇာတ်ကားကောင်းတစ်ကားဖြစ်သလို ပရိသတ်အကြိုက်တွေ့ခဲ့သည်။ သရုပ် ဆောင်မှု ပီပြင်သဖြင့် “ဗန်တိုလူလေး နှင့်သူဇာ” ရုပ်ရှင်ဇာတ်ကားဖြင့် မင်းသားညွန့်ဝင်း အမျိုးသားဇာတ်ဆောင် ထူးချွန်ဆုရရှိခဲ့ပါသည်။ ယခု အချိန်အထိ ပြန်ပြလျှင် တသသနှင့် ပရိသတ်အကြိုက်တွေ့နေဆဲဖြစ် သည်။ ရိုက်ချက်များမှာလည်း အဆင့်မြင့်ပါသည်။ သို့သော် အေဝမ်းမောင်လှမျိုး ဒါရိုက်တာဆု နှင့် ထပ်၍လွဲရပြန်သည်။ “ဝေလည်း မွှေး၊ြေ<ွကလည်းမွှေး” ရုပ်ရှင်ဇာတ်ကားတွင် ဇာတ်လမ်းအရ တပ်ကြပ်ကြီး ဖိုးစီက အဓိကဇာတ်ရုပ်၊ အဓိက ဇာတ်ဆောင်ဖြစ်ပါသည်။ သို့သော် “ဝေလည်းမွှေး၊ြေ<ွကလည်းမွှေး” ရုပ်ရှင်တွင် မင်းသားဒွေးက ဇာတ်ရုပ်တစ်နေရာပါဝင်သည်။ မင်းသားကျော်ဟိန်းက တပ်ကြပ်ကြီးဖိုးစီ အဖြစ် အဓိကဇာတ်ရုပ်မှ ပါဝင်သော် လည်း အမျိုးသားဇာတ်ပို့ဆုသာ ရရှိ ခဲ့ပါသည်။ ထိုစဉ်က ရုပ်ရှင်ခေတ် ကောင်းနေချိန်ဖြစ်၍ ရုပ်ရှင်ဇာတ် ကား ၄ဝ မှ ၈ဝ ခန့်အထိ ထွက်ရှိလေရာ ထူးချွန်ဆုတစ်ဆုရနိုင်ဖို့ အလွန်ခက်ခဲပေသည်။ ပေးသောဆု အရေအတွက်မှာလည်းနည်း၊ အားပြိုင်မှု တွေကများသဖြင့် ခက်ခဲခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ပြဿနာအမျိုးမျိုးရှိသည့်အတွက် မူပြောင်းလာပါသည်။ ရုပ်ရှင်ဇာတ်ကားရိုက် ကူးသော ဒါရိုက်တာနှင့်ထုတ်လုပ် သူတို့ လက်မှတ်ထိုး၍ ပါဝင်သူများ စာရင်းတင်ရသည်။ ဇာတ်ညွှန်း၊ တည်းဖြတ်၊ အသံ၊ ကင်မရာ၊ ဇာတ်ပို့၊ အဓိကဇာတ်ဆောင် စသဖြင့် ပါဝင် သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကဲ ဖြတ်အဖွဲ့က တင်ပြသော စာရင်းအတိုင်း ကြည့်ရှုစိစစ်ကြခြင်းဖြစ်သည်။ ပြောင်းလဲသတ်မှတ်ပေးခြင်းမျိုး မရှိပါ။ အကဲဖြတ်လုပ်နေပြီး တော့ ဇာတ်ပို့နှင့် အဓိကဇာတ်ဆောင် တောင် မခွဲခြားတတ်ဘူးလားဟု အမနာပ လက်လွတ်စပယ်ပြောသူက ပြောသည်။ သရုပ်ဆောင်ကိုအကဲဖြတ်သော ဝါရင့်သမ္ဘာရင့် အကယ် ဒမီများရှင်တွေအတွက်အလွန်ပင် အားနာဖို့ကောင်းလှသည်။ သူတို့ ဖြတ်သန်းသော ရုပ်ရှင်ဘဝများစွာ မှာ သူတို့မသိဘဲ နေပါမည်လား။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲ ကြီးမှူးကျင်းပသည်မှာ ၂ နှစ်ရှိခဲ့ပြီဖြစ်သည်။ ရှေ့ကကျင်းပခဲ့ သော ထုတ်လုပ်သူနှင့် ဒါရိုက်တာ လက်မှတ်ထိုးပေးပို့သော စာရင်း အတိုင်း ကျင့်သုံးနေဆဲဖြစ်သည်။ စိစစ်အကဲဖြတ်ပုံသာ အနည်းငယ် ပြောင်းလွဲသွားသည်။ ဟိုယခင်က အဆင့် ၃ ဆင့်ခွဲစိစစ်သည်။ ပထမ အဆင့်မှာ ထူးချွန်ဆုမရရှိနိုင်သော ရုပ်ရှင်ဇာတ်ကားများကို ပယ်ထုတ် သည်။ ဒုတိယအဆင့်တွင်လည်း ထပ်မံ၍ ရုပ်ရှင်ထူးချွန်ဆုရနိုင်သော ဇာတ်ကားများကို ရွေးချယ်ပြီး မရနိုင်သော ဇာတ်ကားများကို ထပ်ရွေးသည်။ တတိယအဆင့်တွင် လက်ရွေးစင် ဇာတ်ကားများထဲမှ ဘယ်သူ ဘယ်ဇာတ်ကားနှင့် ဘာ ဆုရသင့်ကြောင်း၊ ဘာအတွက် ရသင့်ကြောင်းများကို ခိုင်ခိုင်လုံလုံ ရေး၍ တင်ရသည်။ နောက်ပိုင်းတွင် ရုပ်ရှင်ဇာတ်ကားထွက်သည့် အရေ အတွက် နည်းလာသဖြင့် နှစ်ဆင့် သာ ထားရှိသည်။ ပထမအဆင့်က ထူးချွန်ဆုတစ်ခုခု မရရှိနိုင်သော ရုပ်ရှင်ဇာတ်ကားများကို ပယ်သည်။ ထူးချွန်ဆုတစ်ခုခု ရရှိနိုင်သော ဇာတ်ကားများကို ဒုတိယအဆင့် သို့ပို့သည်။ ဒုတိယအဆင့်က စိစစ်ရွေးချယ်ပြီး ဘယ်ဇာတ်ကား၊ ဘယ်သူ၊ ဘာဆုရမည်၊ ဘာကြောင့် ပေးသင့်သည်ကို အချက်အလက် များ ရေးသားပြီး ချိတ်ပိတ်ပေးပို့ရ သည်။ ထိုကဲ့သို့ ယခင်နှစ်က နှစ်ဆင့် ခွဲ၍ စိစစ်ပေးခြင်းဖြစ်သည်။ တစ် ဆင့်လျှင် စိစစ်အကဲဖြတ်ရေး အဖွဲ့ ဝင် ၁၇ ဦးခန့်ပါဝင်သည်။ အကဲဖြတ် ၁၇ ဦးလုံးက သတ်မှတ်ထားသော ထူးချွန်ဆု ၁၁ ဆုလုံးကို အမှတ် ပေးရခြင်းဖြစ်သည်။ ၂ဝ၁၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရာတွင် (၁) ဒါရိုက်တာဆု၊ (၂) အမျိုးသားဇာတ်ဆောင်ဆု၊ (၃) အမျိုးသမီးဇာတ်ဆောင်ဆု၊ (၄) အမျိုးသားဇာတ်ပို့ဆု၊ (၅) အမျိုးသမီး ဇာတ်ပို့ဆု၊ (၆) ရုပ်ရှင်တေးဂီတဆု များ ရရှိကြသည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို (၁၁) ဆု သတ်မှတ် ထားရာမှ ၂ဝ၁၃ ခုနှစ်အတွက် ၆ ဆုသာ ရရှိခြင်းဖြစ်သည်။ မရရှိသော ဆုများမှာ ပိတ်ကားနောက်ကွယ်မှ ရုပ်ရှင်ပညာရှင်များဖြစ်နေသည်။ ခြုံငုံသုံးသပ်လျှင် နောက်ဆုံးအဆင့် စိစစ်အမှတ်ပေးသူ ပညာရှင်အားလုံး က ဆုအားလုံးအတွက် အမှတ်မပေး နိုင်ခြင်းဖြစ်သည်။ အဓိကသရုပ် ဆောင်၊ ဇာတ်ပို့သရုပ်ဆောင်များကို အမှတ်ပေးကြသော်လည်း ပိတ်ကား နောက်ကွယ်မှ ပညာရှင်များကို အမှတ်ပေးမှုနည်းပါးကြသည်။ အမှတ်ကို ပေါင်းလိုက်သောအခါ ရာခိုင်နှုန်းအားဖြင့်တွက်သော် အလွန်မှ နည်းပါးသွားသည်။ ဆိုကြ ပါစို့၊ အကဲဖြတ်ပညာရှင် ၁၇ ဦး ရှိသည့်အနက် အနည်းဆုံး ၉ ဦးခန့် အမှတ်ပေးဖို့လိုပါသည်။ သရုပ် ဆောင်ကို အကဲဖြတ်သော်လည်း တည်းဖြတ်၊ ဇာတ်ညွှန်း၊ အသံတို့ကို အမှတ်မပေးဘဲနေကြသည်များ ရှိ သည်။ ထို့ကြောင့် အမှတ်ပေါင်း သောအခါ အမှတ်က တက်မလာနိုင် ပေ။

နာယကကြီးများ၊ အကဲဖြတ် အဖွဲ့ဝင်များက ပိတ်ကားနောက်ကွယ် မှ ပညာရှင်များပါ ထူးချွန်ဆုများ ဝေဝေဆာဆာရစေချင်သည်။ နောက်ထပ် စိစစ်ရေးမူတစ်ခုကို အားလုံးနှင့် ညှိနှိုင်း၍ ပြုပြင်ပြောင်း လဲလုပ်ဆောင်ခြင်းဖြစ်သည်။ ဘာသာရပ်အလိုက် အမှတ်များကို ပေး၍ နောက်ဆုံး ဆုံးဖြတ်အမှတ် ရေတွက်ခြင်းဖြစ်သည်။ တည်းဖြတ်၊ ဇာတ်ညွှန်း၊ အသံ၊ ကင်မရာ၊ တေး ဂီတ၊ ဒါရိုက်တာနှင့် အဓိကသရုပ် ဆောင် ကျား၊ မ၊ ဇာတ်ပို့သရုပ် ဆောင် ကျား၊ မ တို့ကို ခွဲခြား အမှတ်ပေးစေခြင်းဖြစ်သည်။ စုစု ပေါင်း ဘာသာရပ် ၇ ခုခွဲခြား၍ အမှတ်ပေးသည်။ တစ်ဖွဲ့လျှင် ၅ ဦး စီ စုဖွဲ့ပေးပြီး သရုပ်ဆောင်တွင် ၄ ဆုပေးရသည့်အတွက် ၇ ဦးနှင့် ဖွဲ့ စည်းပေးခြင်းဖြစ်သည်။ အကဲဖြတ် အဖွဲ့ဝင် စုစုပေါင်း ၃၇ ဦးရှိပါသည်။ ယခင်ကဲ့သို့ နှစ်ဆင့်ခွဲ၍ ကြည့်ရှု ခြင်းမဟုတ်သဖြင့် အကဲဖြတ် ၃၇ ဦး စလုံးက အစအဆုံး ကြည့်ရှုကြရ သည်။ အကဲဖြတ် ၃၇ ဦးလုံးက ဇာတ်ကားဆုကို အမှတ်ပေးကြရ သည်။ ဥပမာ- ဇာတ်ညွှန်းဘာသာ ရပ်ကို ကြည့်ရှုအကဲဖြတ်ပေးမည့် သူများက ဇာတ်ညွှန်းဆုကိုပေးရ မည်။ ဇာတ်ကားဆုကို ပေးရမည်။ ထို့အတူ အသံဘာသာရပ်ကို ကြည့် ရှုမည့်သူများက အသံဆုကိုပေးရ မည်။ ဇာတ်ကားဆုကို ပေးကြရ မည်။ ထို့ကြောင့် အကဲဖြတ်အဖွဲ့ဝင် ၃၇ ဦးစလုံးက ဇာတ်ကားဆုပေးကြ ရခြင်းဖြစ်သည်။ သရုပ်ဆောင်ဆု အတွက်မူ အဓိကအမျိုးသား ဇာတ် ဆောင်ဆု၊ အဓိကအမျိုးသမီး ဇာတ် ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ပို့ဆုနှင့် ဇာတ်ကား ဆုဟူ၍ ပေးရခြင်းဖြစ်သည်။ အကဲ ဖြတ် ၃၇ ဦးထံမှ အမှတ်ပေးထား သောစာအိတ်များကိုရလျှင် သေတ္တာ တစ်ခုတွင် ချိတ်ပိတ်၍ထည့်ထားရ သည်။ ရုပ်ရှင်ထူးချွန်ဆုပေးပွဲနီးမှ ချိတ်ကိုဖွင့်ဖောက်၍ အမှတ်ရေတွက် ရသည်။ ၂ဝ၁၄ ခုနှစ်အတွက် ထူးချွန်ဆုမဲများကို ဘဘဗိုလ်ကလေး တင့်အောင်၊ ပန်းချီ ဦးစိုးမိုး၊ ဦး အောင်မြင့်မြတ်တို့က ဖွင့်ဖောက်၍ မဲရေတွက်သည်။ ၂ဝ၁၅ ခုနှစ် အတွက် ထူးချွန်ဆုမဲများကို ဘဘ ဗိုလ်ကလေးတင့်အောင်၊ ဦးနှင်းမိုး၊ ဦးအောင်မြင့်မြတ်တို့က ဖွင့်ဖောက် ရေတွက်ပေးသည်။ ပညာရှင်များက ပေးထားသောမဲပေါင်းကို ရေတွက် ရုံသာရှိသည်။ စုစုပေါင်း ၁၁ ဆု သတ်မှတ်ထားသော်လည်း မဲစာရင်း ရေတွက်မှုအရ ထူးချွန်ဆု ၁ဝ ဆု ပေးနိုင်သည်။ ၂ဝ၁၅ ခုနှစ်အတွက် မဲစာရင်းရေတွက်မှုအရ ၈ ဆု ရရှိသည်။ ယခင်နှစ်များထက်စာ လျှင် ဆုမဲများ တိုးတက်ရရှိသည်က အမှန်ပင်ဖြစ်သည်။ ထူးချွန်ဆု စိစစ် ရေးအဖွဲ့ဝင်များ အစည်းအဝေး အကြိမ်ကြိမ်လုပ်သည်။ တစ်နှစ် အတွင်းထွက်ရှိသော ရုပ်ရှင်ဇာတ် ကား ၁၃ ကားထဲမှ ၁၁ ဆုလုံးပေးဖို့ အဆိုပြုသူက ပြုသည်။ သို့သော် အများကထိုက်တန်သူ၊ မဲအရေ အတွက်ရရှိသူကိုသာ ဆုပေးရန် အားလုံးက ဆုံးဖြတ်ကြခြင်းဖြစ် သည်။ ခေတ်အဆက်ဆက်ထူးချွန် ဆု ရရှိခဲ့သူများကိုလည်း မထိခိုက်စေ ချင်ကြပေ။

၂ဝ၁၆ ခုနှစ် ရုပ်ရှင်ထူးချွန်ဆု စိစစ်ရေးကို မကြာမီသော အချိန်ကာလတွင် ပြုလုပ်ကြရပေတော့မည်။ အစည်းအဝေးပေါင်းများစွာ ပြုလုပ်ကြရပေတော့မည်။ ယခုထက် ပိုမိုကောင်းမွန် မှန်ကန်တိကျစွာ လုပ်ဆောင်နိုင်အောင် ဝိုင်းဝန်းအကြံ ကောင်း၊ ဥာဏ်ကောင်းပေးရပေမည်။ အများဆန္ဒအတိုင်း အကောင် အထည်ဖော် ဆောင်ရွက်သွားဖို့သာ ရှိပါတော့သည်ဟု ဆန္ဒပြု ရေးသားတင်ပြမှု အဆုံးသတ်လိုက်ရပါသည်။

အေးကြူလေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*