Friday, September 18, 2026

ရန်ကုန်တွင် ၅ လကျော်အတွင်း ခါးပိုက်နှိုက်မှု...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀...

မကွေးတိုင်းတွင် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ကာ...

မကွေး၊ စက်တင်ဘာ ၁၀ မကွေးတိုင်းဒေသကြီးအတွင်း ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တောင်သူများအတွက် ဈေးကွက်နှင့် ငွေကြေးအထောက်အပံ့ရရှိရေး ရည်ရွယ်၍ ၂၀၂၆–၂၀၂၇ ခုနှစ်...

ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၁၀၁ ဝန်းကျင်အထိ မြင့်တက်လာသော်လည်း ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးအနေဖြင့် ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ...

လေးမျက်နှာတွင် မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ရွေ့လျားမိုဘိုင်းယာဉ်ဖြင့် ဆောင်ရွက်ပေးနေ

လေးမျက်နှာ၊ စက်တင်ဘာ ၁၈ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာ၌ ရွေ့လျားမိုဘိုင်းယာဉ် (COW) ဖြင့် ပြည်သူများ မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ရွေ့လျားမိုဘိုင်းယာဉ် (COW)...
HomeNews

Category: News

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင်...

ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ဝဇီရာရုပ်ရှင်ရုံကို မြန်မာနိုင်ငံ၏ ဂုဏ်ပြုခံရုပ်ရှင်ရုံအဖြစ် ထားရှိမည်...

နိုင်ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အ ထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိ

တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်၍ နိုင် ငံတော်အနေဖြင့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းများရရှိရန် အလေးပေးဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ မတ် ၂ ရက်တွင်ကျရောက်သည့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အ ခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ သီးနှံများအထွက်တိုးရန်ဆောင်ရွက်ရာ၌ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရေး၊ မြေစ နစ်တကျပြုပြင်ခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိန်ကိုက်အချိုးကျစနစ်တကျသုံးစွဲ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေးစသည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသော နည်းလမ်း(၄)သွယ် ပြည့်စုံကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ " သီးနှံတွေ ပိုမိုထွက်ရှိရေးနဲ့ သီးထပ်စွမ်းအား မြင့်မားစေရေးအတွက် တစ်သီးစိုက်လယ်မြေတွေကို နှစ်သီးစိုက်၊ သုံးသီးစိုက် စတဲ့ သီးထပ်စိုက်ပျိုးနိုင်ဖို့ ဒေသအလိုက်၊ ရာသီအလိုက်သီးနှံပုံစံတွေ ချမှတ်ဆောင်ရွက်စေတာကြောင့် တောင်သူတွေအနေနဲ့ ဝင်ငွေတိုးစေနိုင်သလို နိုင်ငံတော်အတွက်လည်း စီးပွားဖွံ့ဖြိုးတိုးတက်စေပြီး “မြေကြီးကရွှေသီးသည်”လို့ ဆိုရမှာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် တောင်သူဦးကြီးများအတွက် မျိုးကောင်းမျိုးသန့်များအလွယ်တကူရရှိစိုက်ပျိုးနိုင်စေရန် မျိုးစေ့ထုတ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်အထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းတို့အပြင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် အထွက်တိုးရေးဆိုင်ရာ သုတေသနများကိုလေ့လာနိုင်ရန် မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ ထို့ကြောင့် သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကကျသည့် မြေဆီလွှာများပျက်စီးဆုံးရှုံးမှုမရှိစေရန် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများတွဲဖက်အသုံးပြုခြင်း၊ မြေဖုံးပင်များစိုက် ပျိုးခြင်း၊ လေကာပင်စိုက်ပျိုးခြင်း၊...

ရည်ရွယ်ချက်ကောင်းများစွာဖြင့်ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME...

ရည်ရွယ်ချက်ကောင်းများစွာဖြင့် နေပြည်တော်ရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှစ တင်ကျင်းပသည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားအား နစက ဥက္ကဋ္ဌမှ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးဝင်းရှိန်၊...

ဂျပန် ၄ ဦး...

ဖေဖော်ဝါရီ ၁၀ ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်သို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုကြောင့် တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်တွင် ဂျပန်နိုင်ငံသား လေးဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က စနေနေ့တွင် ပြောသည်။ ဂျပန်နိုင်ငံမှ သံသယရှိသူများသည် ဇန်နဝါရီ ၃၁ ရက်က မဲဆောက်မြို့သို့ ဗင်ကားဖြင့် ရောက်ရှိလာခဲ့ပြီး ဟိုတယ်တွင်တည်းခိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဖေဖော်ဝါရီ ၁...

လုပ်ငန်းရှင်ပေါင်း (၁၉၀) ကျော်မှ...

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လုပ်ငန်းရှင်စုစုပေါင်း (၁၉၃) ဦးမှ MSME ထုတ်ကုန်များ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။ MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရုံသာမကဘဲ ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်သည့် အရည်အသွေး ပြည့်မီသော အဆင့်မီထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည်အထိ ရည်ရွယ်၍...

ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန်နှင့်...

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန်(၂၀၉၅၉၉) တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၁ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ပြည်ပသို့ ကုမ္ပဏီပေါင်း (၅၀) မှ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် နိုင်ငံပေါင်း (၈) နိုင်ငံသို့ တင်ပို့ခဲ့‌ခြင်းဖြစ်ကြောင်း...

(၉၃)ကြိမ်မြောက် မော်လမြိုင် မြို့နယ်လုံးဆိုင်ရာ...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် (၉၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည် အပူဇော်ခံကြွ ချီမှုကို (၄)ရက်တိုင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လှည့်လည်ပူဇော်မှုကို မင်းကျောင်းကွင်းကျောင်း၊ ပုဂံတောင်ကျောင်း၊‌ ရွှေကျောင်းဆရာတော်ဘုရားများ၏ ဩဝါဒကို ခံယူ၍ အပူဇော်ခံကြွချီခြင်းဖြစ်ကြောင်း သိရသည်။ ပထမရက်အဖြစ် ယမန်နေ့ ဖေဖော်ဝါရီ (၉)ရက် ညနေ(၄) နာရီခွဲအချိန်မှစ၍...

ONE Championship ကစားသမား...

ကမ္ဘောဒီးယားနိုင်ငံတွင် ယမန်နေ့ ညပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် ခွန်ခမာလက်ဝှေ့ပြိုင်ပွဲအတွင်း ONE Championship ကစားသမား ခမာနာမည်ကျော်ဖိုက်တာ Chan Roth ana ကို ရိုးရာလက်ဝှေ့ဖိုက်တာ ရဲလင်းဦးက အလဲထိုးဖြင့်အနိုင်ယူခဲ့ကြောင်း သိရသည်။ ရိုးရာဖိုက်တာ ရဲလင်းဦးနှင့် ခမာဖိုက်တာ Chan Rothana သည် (၉)မိနစ် (၁)ချီ...

ပဋိပက္ခပါတီများကြား အပြန်အလှန်ညှိနှိုင်းပြောဆိုမှုနှင့် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ယုံကြည်မှုတိုးပွားစေရေးကိုဆွေးနွေး

ပဋိပက္ခပါတီများကြား အပြန်အလှန်ညှိနှိုင်းပြောဆိုမှုနှင့် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ယုံကြည်မှုတိုးပွားစေရေးကို နစက အဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ဖေဖော်ဝါရီ ၉ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

အင်းစိန်နှင့် ကျောက်တံတားတွင် မိနစ်ပိုင်းသာခြား၍...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်က မိနစ်ပိုင်းသာခြား၍ မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၌ နံနက် ၁၁ နာရီ ၅၄ မိနစ်ခန့်က နေအိမ်မီးလောင်မှုဖြစ်ပွား၍ အင်းစိန်မြို့နယ်မီးသတ်စခန်း၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်း၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသည်။ ထို့ကြောင့် မွန်းတည့်...

မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားတွင်...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အမှတ် (၁)ချစ်ကြည်ရေးတံတားတွင် ယနေ့ဖေဖော်ဝါရီ (၁၀)ရက် နံနက်ပိုင်း၌ ထိုင်းနိုင်ငံဘက်သို့ စက်သုံးဆီသွားရောက်ဝယ်ယူမည့် ယာဉ်ရာနှင့်ချီတန်းစီစောင့်ဆိုင်းနေကြကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ " အရင်ရက်တွေက အဲဒီလောက်မများဘူး။ ဒီနေ့မှ များလာတာ။ ဘာကြောင့်လည်းဆိုတော့ မြဝတီမှာက စက်သုံးဆီ အလုံအလောက် ဝယ်လို့မရတော့ ထိုင်းဘက်ခြမ်းသွားဝယ်ကြတာပေါ့။ ထိုင်းဘက်ကလည်း ယာဉ်တစ်စီးစာအပြည့်ပေးဝယ်ခွင့်ပြုပေမယ့်...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!