ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန်(၂၀၉၅၉၉) တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၁ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
ပြည်ပသို့ ကုမ္ပဏီပေါင်း (၅၀) မှ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် နိုင်ငံပေါင်း (၈) နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခုဘဏ္ဍာနှစ်၏ ဆယ်လတာအတွင်း ပြည်ပသို့ ဆန်တန်ချိန် (၂၂၄၄၂၅၅) တန်တင်ပို့ထားပြီး ယင်းမှ အမေရိကန်ဒေါ်လာ (၁၀၄၉)သန်းရရှိထားကြောင်း သိရသည်။
၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု အနေဖြင့် ဧပြီလတွင် (၁၁၁၈၆၂) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၅၅) သန်း၊ မေလတွင် (၇၁၂၇၉ ဒသမ ၅) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၃၆)သန်း၊ ဇွန်လတွင် (၁၆၂၃၂၅၇၅) မ က်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၄)သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင်လတွင် (၁၆၅၄၄၄ ဒသမ ၃) မက်ထရစ်တ န်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၁)သန်း၊ ဩဂုတ်လတွင် (၂၀၇၃၆၉ ဒသမ ၉) မက်ထရစ်တန်တင်ပို့မှုမှ ကန်ဒေါ်လာ (၉၇) သန်း၊ စက်တင်ဘာလတွင် (၂၁၉၅၆၅ ဒသမ ၁၃) မ က်ထရစ်တန်တင်ပို့မှုမှ ကန်ဒေါ်လာ (၁၀၄) သန်း၊ အောက် တိုဘာလတွင် (၄၂၄၇၈၄) မက်ထရစ်တန်တင်ပို့မှုမှ (၁၈၉) သန်း ရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ နိုဝင်ဘာလတွင် (၃၃၄၅၃၅)မက်ထရစ်တန်တင်ပို့မှုမှ (၁၅၆) သန်း ၊ ဒီဇင်ဘာလတွင် မက်ထရစ်တန် (၃၃၇၄၉၀) တန်တင်ပို့မှုမှ ကန်ဒေါ်လာ (၁၄၅) သန်း ၊ ဇန်နဝါရီလတွင်ဆန်နှင့် ဆန်ကွဲ တန်ချိန် (၂၀၉၅၉၉) တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၀၁) သန်း ရရှိခဲ့ကြောင်း သိရသည်။
