Friday, September 18, 2026

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်၊ ပြည်ပနိုင်ငံသား...

မြဝတီ၊ စက်တင်ဘာ ၁၈ ကရင်ပြည်နယ် မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်း၍ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦး၊ သီရိလင်္ကာနိုင်ငံသား...

ရန်ကုန်တွင် ၅ လကျော်အတွင်း ခါးပိုက်နှိုက်မှု...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀...

မကွေးတိုင်းတွင် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ကာ...

မကွေး၊ စက်တင်ဘာ ၁၀ မကွေးတိုင်းဒေသကြီးအတွင်း ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တောင်သူများအတွက် ဈေးကွက်နှင့် ငွေကြေးအထောက်အပံ့ရရှိရေး ရည်ရွယ်၍ ၂၀၂၆–၂၀၂၇ ခုနှစ်...

ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၁၀၁ ဝန်းကျင်အထိ မြင့်တက်လာသော်လည်း ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးအနေဖြင့် ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ...
HomeNewsLocal Newsပဋိပက္ခပါတီများကြား အပြန်အလှန်ညှိနှိုင်းပြောဆိုမှုနှင့် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ယုံကြည်မှုတိုးပွားစေရေးကိုဆွေးနွေး

ပဋိပက္ခပါတီများကြား အပြန်အလှန်ညှိနှိုင်းပြောဆိုမှုနှင့် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ယုံကြည်မှုတိုးပွားစေရေးကိုဆွေးနွေး

ပဋိပက္ခပါတီများကြား အပြန်အလှန်ညှိနှိုင်းပြောဆိုမှုနှင့် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ယုံကြည်မှုတိုးပွားစေရေးကို နစက အဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar တို့ဆွေးနွေးခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် ဖေဖော်ဝါရီ ၉ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဂုရုကြီး၏ နိုင်ငံတကာပဋိပက္ခများတွင် ညှိနှိုင်းပေးခဲ့သည့် ငြိမ်းချမ်းရေးအတွေ့အကြုံများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိကအရေးကြီးသည့် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပဋိပက္ခပါတီများကြား အပြန်အလှန်ညှိနှိုင်းပြောဆိုမှုနှင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ယုံကြည်မှု တိုးပွားစေရေးဆိုင်ရာများ၊ ပဋိပက္ခကြောင့် အားလုံးဒုက္ခရောက်ကြရပြီး တစ်ဖက်နှင့်တစ်ဖက် အပြစ်တင်ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေးရရှိနိုင်ရေးဆိုင်ရာများနှင့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်၊ ပြည်ပနိုင်ငံသား ခုနစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်း

မြဝတီ၊ စက်တင်ဘာ ၁၈ ကရင်ပြည်နယ် မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်း၍ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦး၊ သီရိလင်္ကာနိုင်ငံသား နှစ်ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် အိန္ဒိယနိုင်ငံသား တစ်ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ခုနစ်ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူလျက်ရှိသည်။ လက်ရှိ လွှဲပြောင်းပေးအပ်ရန် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁,၃၄၄ ဦးအနက်...

ရန်ကုန်တွင် ၅ လကျော်အတွင်း ခါးပိုက်နှိုက်မှု ၂၀၆ မှုမှ ကျူးလွန်သူ ၁၈၆ ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ ခါးပိုက်နှိုက်မှု ၂၀၆ မှုနှင့် ဆက်စပ်၍ အမျိုးသား ၁၆၅ ဦးနှင့် အမျိုးသမီး ၂၁ ဦး၊ စုစုပေါင်း ၁၈၆ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများထံမှ သက်သေခံပစ္စည်းများအဖြစ် လက်ကိုင်ဖုန်း ၂၃၅ လုံးနှင့် ငွေကျပ် ၆,၈၈၅,၇၀၀ ကို...

မကွေးတိုင်းတွင် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ကာ သိုလှောင်ရုံကုန်အပ် ချေးငွေစနစ် စတင်

မကွေး၊ စက်တင်ဘာ ၁၀ မကွေးတိုင်းဒေသကြီးအတွင်း ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တောင်သူများအတွက် ဈေးကွက်နှင့် ငွေကြေးအထောက်အပံ့ရရှိရေး ရည်ရွယ်၍ ၂၀၂၆–၂၀၂၇ ခုနှစ် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီး GAP စနစ်ဖြင့် စိုက်ပျိုးထားသည့် မိုးရာသီနှမ်းများ စုပေါင်းရောင်းဝယ်ရေးနှင့် သိုလှောင်ရုံကုန်အပ် ချေးငွေစနစ်ကို စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။ ၂၀၂၆–၂၀၂၇ ခုနှစ် မကွေးတိုင်းဒေသကြီး မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် GAP စနစ်ဖြင့် စိုက်ပျိုးထားသော မိုးရာသီနှမ်းများအတွက် စုပေါင်းရောင်းဝယ်ရေးလုပ်ငန်း အခမ်းအနားကို စက်တင်ဘာ ၁၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071