Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeNewsLocal Newsရည်ရွယ်ချက်ကောင်းများစွာဖြင့်ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME...

ရည်ရွယ်ချက်ကောင်းများစွာဖြင့်ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နစက ဥက္ကဋ္ဌတက်ရောက်ဖွင့်လှစ်

ရည်ရွယ်ချက်ကောင်းများစွာဖြင့် နေပြည်တော်ရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှစ တင်ကျင်းပသည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားအား နစက ဥက္ကဋ္ဌမှ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးဝင်းရှိန်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက် တာချာလီသန်း၊ ဒေါက်တာမျိုးသိမ်းကျော်တို့နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ ခင်းကျင်းပြသထားသည့် ဝန်ကြီးဌာနအလိုက် ပြခန်းများ၊ တိုင်းနှင့်ပြည်နယ်အလိုက် MSME ထုတ်ကုန်ပြခန်းများနှင့် အသင်းအဖွဲ့အလိုက်ပြခန်းများကို ကြည့်ရှုအားပေးခဲ့သည်။

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို တိုင်းနှင့် ပြည်နယ်အသီးသီးရှိ MSME များပူးပေါင်းဆောင်ရွက်မှုတိုးပွားလာစေပြီးကုန်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဒေသတစ်ခု၏လိုအပ်ချက်ကို အခြားဒေသမှဖြည့်ဆည်းလာရန်နှင့် အားသာချက်၊ အားနည်းချက်များကို သိမြင်ဖော်ထုတ်လာစေရန်အပါအဝင် ရည်ရွယ်ချက်‌ကောင်းများစွာဖြင့်ကျင်းပခြင်းဖြစ်သည်။

ထို့ပြင် ထုတ်ကုန်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်သည့် အမျိုးအစားများအလိုက် ဆုအမျိုးအစားပေါင်း (၃၁)မျိုးကို Digital Trophy ၊ ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ယင်း ငွေသားဆုချီးမြှင့်ခံရသူမှ Digital Payment System အသုံးပြု၍ လက်ငင်း E-Banking ဖြင့် ငွေသားထုတ်ယူနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ထားသည်။

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ၏အား နေပြည်တော်ရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ (၅)ရက် ကြာ ပြခန်းပေါင်း(၉၆)ခန်းဖြင့် စည်ကားသိုက် မြိုက်စွာဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံတမန်များ၊ The Art of Living (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စွာတက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး နှင့် The Art of Living ဒါရိုက်တာများမှ ဆီမီးထွန်းညှိဖွင့်လှစ်ခဲ့သည်။ ထို့နောက် The...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့က လုံ ခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များ သည် မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တ ရုတ်နိုင်ငံသား(၉၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများစွာနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်အရေးယူခြင်း၊ နောက်ကွယ်မှပါဝင်ပတ်သက်သူများကိုစိစစ်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်း၊ သိမ်းဆီးရမိပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071