တွစ်တာဝန်ထမ်း ထက်ဝက်နီးပါးကို အလုပ်ဖြုတ်ရန် အီလွန်မတ်စ် စီစဉ်နေ

0
2027

အီလွန်မတ်စ်သည် ကုန်ကျစရိတ် လျှော့ချရန်အတွက် တွစ်တာရှိ အလုပ်သမား သုံးထောင့် ခုနှစ်ရာခန့် သို့မဟုတ် ဝန်ထမ်း ထက်ဝက်နီးပါးကို အလုပ်ဖြုတ်သွားရန် စီစဉ်နေကြောင်း ဘလွန်းဘတ် သတင်းဌာနက နိုဝင်ဘာလ ၂ ရက် ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

တွစ်တာပိုင်ရှင်အသစ်သည် အလုပ်ဖြုတ်ခံရမည့် ဝန်ထမ်းများကို သောကြာနေ့တွင် အကြောင်းကြားသွားမည်ဟု ဘလွန်းဘတ်က ဆိုသည်။

ထို့အပြင် မတ်စ်သည် မည်သည့်နေရာမှမဆို အလုပ်လုပ်ခွင့်ပေးထားသော တွစ်တာ၏ မူဝါဒကိုလည်း ပြောင်းလဲရန် ရည်ရွယ်ထားသောကြောင့် ဝန်ထမ်းများသည် ရုံးများ၌ မဖြစ်မနေ အလုပ်လုပ်ရန် လိုအပ်လာမည်ဟု ဘလွန်းဘတ်က ဖော်ပြထားသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ တွစ်တာက လတ်တလော တုံ့ပြန်ထားခြင်း မရှိသေးပေ။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here