Friday, October 30, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ နိုင်ငံတော်အဆင့် အန္တိမအဂ္ဂိဈာပနသာဓုကီဠနသဘင်သို့ ရဟန်းရှင်လူ...

ယနေ့ စက်တင်ဘာလ ၂၅ ရက် နေ့တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင်ကိုနိုင်ငံ‌တော်အဆင့်အခမ်းအနားအဖြစ်ကျင်းပရာ ရဟန်းရှင်လူဧည့်ပရိသတ်များ တခဲနက်လာရောက်ဖူးမြော်ကြည်ညိုကာ သံဝေဂယူကြသည်။ ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန...

တရုတ်သို့ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပို့နိုင်ရေး...

တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် GACC မှတ်ပုံတင်ခြင်းနှင့် တရုတ်ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို မကွေးမြို့တွင် စက်တင်ဘာ ၁၇ ရက်က...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ နိုင်ငံတော်အဆင့် အန္တိမအဂ္ဂိဈာပန ကျင်းပရန်...

ယနေ့ စက်တင်ဘာ ၂၅ ရက်တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲအား နိုင်ငံ‌တော်အဆင့်အခမ်းအနားအဖြစ်ကျင်းပရန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ သုဝဏ္ဏဘူမိ...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ယနေ့ကျင်းပ၊ ညနေ...

ရန်ကုန်၊ စက်တင်ဘာ ၂၅ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာနမဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာကို ယနေ့ စက်တင်ဘာ...
HomeCelebrities' Newsဇာတ်လမ်းတွဲများ ဆက်တိုက်ရိုက်ကူးထုတ်လုပ်နေတဲ့ "မီးမီးမွှေး...

ဇာတ်လမ်းတွဲများ ဆက်တိုက်ရိုက်ကူးထုတ်လုပ်နေတဲ့ “မီးမီးမွှေး Production”

(Unicode)

ဇာတ်လမ်းတွဲများ ဆက်တိုက်ရိုက်ကူးထုတ်လုပ်နေတဲ့ “မီးမီးမွှေး Production”

မီးမီးမွှေး Production ဟာ ၂၀၁၇ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ ထုတ်လုပ်ရေးတစ်ခုဖြစ်ပြီး အဓိကလုပ်ငန်းတွေအနေနဲ့ ရုပ်ရှင်ရိုက်ကူးခြင်း၊ ဇာတ်လမ်းတွဲရိုက်ကူးခြင်း၊ music video ရိုက်ကူးခြင်း စတဲ့လုပ်ငန်းတွေကိုလုပ်ကိုင်လျှက်ရှိပါတယ်။

လက်ရှိမှာတော့ ဇာတ်လမ်းတွဲတွေထုတ်လွှင့်ပြသနေပြီး ယခုကိစ္စနဲ့ပတ်သက်လို့ မီးမီးမွှေး Production ရဲ့ CEO ကိုမျိုးမျိုး(TGI) @ မျိုးဝင်းဦးက “၂၀၀၅ ခုနှစ်ကတည်းက ကျွန်တော်အနုပညာလောကထဲစဝင်ပြီး ပွဲတွေစီစဥ်ခဲ့တယ်၊ ၂၀၁၇ မှာမှ မီးမီးမွှေး Production ကိုစတည်ထောင်ပြီး music video လေးတွေရိုက်တယ်၊ ဇာတ်လမ်းတိုလေးတွေရိုက်တယ်ပေါ့၊ ၂၀၁၉ မှ ဇာတ်လမ်းတွဲ ၆ ကားကိုတည်လိုက်တာ၊ ၆ ကားမှာ ဂယက်ဆိုင် နဲ့ ညီမလေးတစ်ယောက်ကောက်ရထားသည် ၂ကားတော့ထွက်လာပါပြီ၊ ဒီကားတွေကတည်ထားတာကြာပြီ၊ ရင်းနှီးမြှုပ်နှံထားတာလေးတွေ ပြန်စီးဆင်းဖို့အတွက် အလုပ်လေးသေချာပြန်လုပ်ချင်တာပါ၊ အခုအချိန်မှာတော့ ဆုံးရှုံးနစ်နာမှုကရှိတာပေါ့၊ ထုတ်လုပ်သူဘဝတွေက ရှေ့တိုးရလည်းခက် နောက်ဆုတ်ရလည်းခက်ဖြစ်နေတာ၊ ကျွန်တော်တို့လုပ်ထားတဲ့အလုပ်လေးတွေကို လက်စသပ်ချင်လို့ ပြန်ဆက်ရတဲ့သဘောပါပဲခင်ဗျာ” လို့ပြောပြထားပါတယ်။

လက်ရှိမှာတော့ ‘ညီမလေးတစ်ယောက်ကောက်ရထားသည်’ ဇာတ်လမ်းတွဲကို Fortune TV ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသလျှက်ရှိပြီး ‘ဂယက်ဆိုင်’ ဇာတ်လမ်းတွဲကိုတော့ Channel K မှာပြသနေပါတယ်။

ဆက်လက်ပြီးတော့လည်း ရှေးရိုးရွာ၊ စိမ့်စမ်းခ၊ Second Hand၊ နတ်သမီးတိုက်ပွဲ၊ ဆည်းဆာ၊ ပြည့်ဝချမ်းသာ စတဲ့ဇာတ်လမ်းတွဲတွေကိုလည်း ဆက်လက်ရိုက်ကူးသွားဖို့ရှိနေပါတယ်။

Music video ၅၀ခန့်ကိုလည်းရိုက်ကူးထုတ်လုပ်ထားပြီး တေးသံရှင် စောထက်နိုင်စိုးရဲ့တစ်ကိုယ်တော်အယ်လ်ဘမ်ကိုလည်း ဖြန့်ချီပေးထားပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ကတော့ ‘ချစ်ခြင်းဌာနေမောရှမ်းမြေ’ ရုပ်ရှင်ကားကြီးကို အမေရိကန်ဒါရိုက်တာ Dylan Chow ကရိုက်ကူးရန်စီစဥ်ထားပြီး ကိုဗစ်စတင်ဖြစ်ပွါးတဲ့အချိန်ကတည်းက ရပ်နားလိုက်ရတာဖြစ်ပါတယ်။

(Zawgyi)

ဇာတ္လမ္းတြဲမ်ား ဆက္တိုက္႐ိုက္ကူးထုတ္လုပ္ေနတဲ့ “မီးမီးေမႊး Production”

မီးမီးေမႊး Production ဟာ ၂၀၁၇ ခုႏွစ္ကစတင္တည္ေထာင္ခဲ့တဲ့ ထုတ္လုပ္ေရးတစ္ခုျဖစ္ၿပီး အဓိကလုပ္ငန္းေတြအေနနဲ႔ ႐ုပ္ရွင္႐ိုက္ကူးျခင္း၊ ဇာတ္လမ္းတြဲ႐ိုက္ကူးျခင္း၊ music video ႐ိုက္ကူးျခင္း စတဲ့လုပ္ငန္းေတြကိုလုပ္ကိုင္လွ်က္ရွိပါတယ္။

လက္ရွိမွာေတာ့ ဇာတ္လမ္းတြဲေတြထုတ္လႊင့္ျပသေနၿပီး ယခုကိစၥနဲ႔ပတ္သက္လို႔ မီးမီးေမႊး Production ရဲ႕ CEO ကိုမ်ိဳးမ်ိဳး(TGI) @ မ်ိဳးဝင္းဦးက “၂၀၀၅ ခုႏွစ္ကတည္းက ကြၽန္ေတာ္အႏုပညာေလာကထဲစဝင္ၿပီး ပြဲေတြစီစဥ္ခဲ့တယ္၊ ၂၀၁၇ မွာမွ မီးမီးေမႊး Production ကိုစတည္ေထာင္ၿပီး music video ေလးေတြ႐ိုက္တယ္၊ ဇာတ္လမ္းတိုေလးေတြ႐ိုက္တယ္ေပါ့၊ ၂၀၁၉ မွ ဇာတ္လမ္းတြဲ ၆ ကားကိုတည္လိုက္တာ၊ ၆ ကားမွာ ဂယက္ဆိုင္ နဲ႔ ညီမေလးတစ္ေယာက္ေကာက္ရထားသည္ ၂ကားေတာ့ထြက္လာပါၿပီ၊ ဒီကားေတြကတည္ထားတာၾကာၿပီ၊ ရင္းႏွီးျမႇဳပ္ႏွံထားတာေလးေတြ ျပန္စီးဆင္းဖို႔အတြက္ အလုပ္ေလးေသခ်ာျပန္လုပ္ခ်င္တာပါ၊ အခုအခ်ိန္မွာေတာ့ ဆုံးရႈံးနစ္နာမႈကရွိတာေပါ့၊ ထုတ္လုပ္သူဘဝေတြက ေရွ႕တိုးရလည္းခက္ ေနာက္ဆုတ္ရလည္းခက္ျဖစ္ေနတာ၊ ကြၽန္ေတာ္တို႔လုပ္ထားတဲ့အလုပ္ေလးေတြကို လက္စသပ္ခ်င္လို႔ ျပန္ဆက္ရတဲ့သေဘာပါပဲခင္ဗ်ာ” လို႔ေျပာျပထားပါတယ္။

လက္ရွိမွာေတာ့ ‘ညီမေလးတစ္ေယာက္ေကာက္ရထားသည္’ ဇာတ္လမ္းတြဲကို Fortune TV ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသလွ်က္ရွိၿပီး ‘ဂယက္ဆိုင္’ ဇာတ္လမ္းတြဲကိုေတာ့ Channel K မွာျပသေနပါတယ္။

ဆက္လက္ၿပီးေတာ့လည္း ေရွး႐ိုး႐ြာ၊ စိမ့္စမ္းခ၊ Second Hand၊ နတ္သမီးတိုက္ပြဲ၊ ဆည္းဆာ၊ ျပည့္ဝခ်မ္းသာ စတဲ့ဇာတ္လမ္းတြဲေတြကိုလည္း ဆက္လက္႐ိုက္ကူးသြားဖို႔ရွိေနပါတယ္။

Music video ၅၀ခန္႔ကိုလည္း႐ိုက္ကူးထုတ္လုပ္ထားၿပီး ေတးသံရွင္ ေစာထက္ႏိုင္စိုးရဲ႕တစ္ကိုယ္ေတာ္အယ္လ္ဘမ္ကိုလည္း ျဖန္႔ခ်ီေပးထားပါတယ္။

႐ုပ္ရွင္ဇာတ္ကားႀကီးအေနနဲ႔ကေတာ့ ‘ခ်စ္ျခင္းဌာေနေမာရွမ္းေျမ’ ႐ုပ္ရွင္ကားႀကီးကို အေမရိကန္ဒါ႐ိုက္တာ Dylan Chow က႐ိုက္ကူးရန္စီစဥ္ထားၿပီး ကိုဗစ္စတင္ျဖစ္ပြါးတဲ့အခ်ိန္ကတည္းက ရပ္နားလိုက္ရတာျဖစ္ပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ နိုင်ငံတော်အဆင့် အန္တိမအဂ္ဂိဈာပနသာဓုကီဠနသဘင်သို့ ရဟန်းရှင်လူ ဧည့်ပရိသတ်များ တခဲနက်လာရောက်ဖူးမြော်ကြည်ညိုကာသံဝေဂယူ

ယနေ့ စက်တင်ဘာလ ၂၅ ရက် နေ့တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင်ကိုနိုင်ငံ‌တော်အဆင့်အခမ်းအနားအဖြစ်ကျင်းပရာ ရဟန်းရှင်လူဧည့်ပရိသတ်များ တခဲနက်လာရောက်ဖူးမြော်ကြည်ညိုကာ သံဝေဂယူကြသည်။ ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင်ကိုသင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ သုဝဏ္ဏဘူမိ EVENT PARK ၌ ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် သက်တော် ၉၉ နှစ်၊ သိက္ခာဝါတော် ၇၉ ဝါရှိကာ စက်တင်ဘာလ ၁၉ ရက် နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

တရုတ်သို့ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပို့နိုင်ရေး GACC မှတ်ပုံတင်မှု မကွေးတွင် ရှင်းလင်း

တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တရားဝင်တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် GACC မှတ်ပုံတင်ခြင်းနှင့် တရုတ်ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို မကွေးမြို့တွင် စက်တင်ဘာ ၁၇ ရက်က ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ စားသောက်ကုန်၊ လယ်ယာထွက်ကုန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့ရာတွင် တရုတ်နိုင်ငံ၏ သတ်မှတ်ချက်များနှင့်အညီ GACC မှတ်ပုံတင်ခြင်း သို့မဟုတ် သက်ဆိုင်ရာခွင့်ပြုချက်များ ရယူရန်လိုအပ်ပြီး တရားဝင်ဈေးကွက်ဝင်ရောက်ခွင့် (Market Access) ရရှိရေးအတွက်လည်း သတ်မှတ်လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းအချက်များကို မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက ရှင်းလင်းပြောကြားခဲ့ပြီး ဒေသတွင်း ကုန်ထုတ်လုပ်ငန်းရှင်များနှင့်...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ နိုင်ငံတော်အဆင့် အန္တိမအဂ္ဂိဈာပန ကျင်းပရန် ပြင်ဆင်နေသည့်မြင်ကွင်းပုံရိပ်များ

ယနေ့ စက်တင်ဘာ ၂၅ ရက်တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲအား နိုင်ငံ‌တော်အဆင့်အခမ်းအနားအဖြစ်ကျင်းပရန် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ သုဝဏ္ဏဘူမိ EVENT PARK ၌ ကြိုတင်ပြင်ဆင်နေသည့် မြင်ကွင်းပုံရိပ်များဖြစ်သည်။ ဆရာတော်ဘုရားကြီး၏ကြွင်းကျန်ရစ်သည့် ဥတုဇရုပ်ကလာပ်တော်အား မရမ်းကုန်းမြို့နယ်ရှိ ချမ်းမြေ့ရိပ်သာကျောင်းတိုက်မှပင့်ဆောင်လာမည်ဖြစ်သည်။ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် သက်တော် ၉၉ နှစ်၊ သိက္ခာဝါတော် ၇၉ ဝါရှိကာ စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071