Monday, September 14, 2026

ရုရှားရဲ့ ဒီဇယ်စက်ရုံတွေကို ပစ်မှတ်ထားတိုက်တာတွေ ရပ်ဖို့...

ရုရှားရဲ့ ဒီဇယ်လောင်စာဆီတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇီလင်စကီးကို တိုက်တွန်းလိုက်ပါတယ်။ အဲဒီလိုတိုက်ခိုက်နေတာတွေက "ကမ္ဘာကြီးကို ထိခိုက်နစ်နာစေတယ်"...

စမ်းချောင်းမြို့နယ်ရှိ Bar 4 U...

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ Bar 4 U ဘီယာဆိုင်၌ စက်တင်ဘာ ၁၃ ရက်ည ၈ နာရီ ၁၉ မိနစ်ခန့်က...

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet...

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet 789 ကိုဦးဆောင်လုပ်ကိုင်သည့်(Senior Agent) (၇)ဦးအား ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက Online...

စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်ချောင်းမြောက်ရပ်ကွက်၌ ယနေ့(စက်တင်ဘာ ၁၃ ရက်)၊ ည ၈ နာရီ ၁၉...
HomeInternationalထရမ့်ပ်နှင့် ဇလန်းစကီးဆွေးနွေးမှု အချေအတင်ဖြစ်ကာ...

ထရမ့်ပ်နှင့် ဇလန်းစကီးဆွေးနွေးမှု အချေအတင်ဖြစ်ကာ အဆုံးသတ်

အမေရိကန်သမ္မတ၏ ရုရှားနှင့် သဘောတူညီချက်ရရန် ကြားဝင်ကြိုးပမ်းခြင်းဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖြစ်ထွန်းနိုင်မည်လားဆိုသည့် ယူကရိန်းသမ္မတ၏ သံသယကြောင့် အမေရိကနှင့် ယူကရိန်းအကြား အရေးပါသော ဓါတ်သတ္ထု့ဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးရေး စီစဉ်ထားသော ဒေါ်နယ်ထရမ့်ပ်နှင့် ဇလန်းစကီးတို့၏ တွေ့ဆုံဆွေးနွေးမှုသည် ရုတ်ချည်း အပြန်အလှန် ပြစ်တင်ပြောဆိုခြင်းများဖြစ်ပေါ်ခဲ့ကာ အစီအစဉ်ပျက်ပြယ်သွားခဲ့သည်။

လူသိရှင်ကြား ဆွေးနွေးပွဲတွင် စကားများခဲ့ပြီးနောက် ဇလန်းစကီးသည် စီစဉ်ထားသော လက်မှတ်ရေးထိုးမှုနှင့် သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းကာ အိမ်ဖြူတော်မှ ထွက်သွားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သဘောတူညီချက်တစ်ခုရရန် ကြားဝင်ဆောင်ရွက်ပေးနေသော မစ္စတာထရမ့်ပ်က အမေရိက၏ ထောက်ပံ့မှုအတွက် တုန့်ပြန်ပေးဆပ်ရမည့် အချက်တစ်ခုဖြစ်သော သတ္ထု့တွင်းထွက်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်မထိုးဘဲ ဇလန်းစကီး ထွက်သွားခဲ့ခြင်းဟု အမေရိကန်အရာရှိများက ပြောဆိုသည်။

“အမေရိကန်ပြည်ထောင်စုရဲ့ အလေးအမြတ်ထားရာ ဘဲဥပုံရုံးခန်းကို သူ က မလေးမစားလုပ်ခဲ့တယ်။ ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ်ပြီဆိုမှပဲ သူ ပြန်လာလို့ ရပါမယ်” ဟု ဇလန်းစကီး ထွက်ခွာသွားပြီး မကြာမီတွင် ထရမ့်ပ်က ဆိုရှယ်မီဒီယာပေါ် ပို့စ်တင် ပြောဆိုခဲ့သည်။

စီစဉ်ထားသည့် သဘောတူညီချက်သည် ရုရှား၏ ရန်လိုမှုကို ဟန့်တားနိုင်လောက်သည့် အနေအထားရှိသည်ဟု သူ မယုံကြည်ကြောင်း ယူကရိန်းသမ္မတက ပြောဆိုကာ ထရမ့်ပ်နှင့် ဒုတိယ သမ္မတ ဂျေဒီ ဗန့်စ်တို့ကို ဒေါသထွက်ခဲ့သည်။

“ပူတင်က ဘယ်တော့မှ ရပ်မှာ မဟုတ်ဘူး၊ဒီထက်ပို ဆက်လုပ်သွားမှာ” ဟု သူက ပြောဆိုခဲ့ပြီး ရုရှားခေါင်းဆောင်သည် ယူကရိန်းနိုင်ငံသားများကို မုန်းတီးနေကြောင်းနှင့် တိုင်းပြည်ကို ဖျက်ဆီးလိုနေကြောင်း ဆိုခဲ့သည်။ ငါတို့ လုပ်နိုင်ပါတယ်၊ “ဒါပေမဲ့ ဒီဟာလောက်နဲ့တော့ မရသေးဘူး” ဟု သူက သဘောတူညီချက်နှင့်ပတ်သက်၍ ဆက်လက် ပြောကြားခဲ့သည်။

မစ္စတာ ဇလန်းစကီးသည် သူ၏ သဘောထားရပ်တည်ချက်ကို ရှင်းပြရန် ကြိုးစားရင်း မစ္စတာ ထရမ့်ပ်နှင့် မစ္စတာ ဗန့်စ်တို့နှင့် အငြင်းအခုံများဖြစ်ခဲ့ကာ ဘဲဥပုံရုံးခန်းတွင် သူ၏ ရှင်းလင်းတင်ပြချက်များသည် အရိုအသေကင်းမဲ့ကာ သုံးနှစ်ကြာစစ်ပွဲ အဆုံးသတ်ရေးကို အဟန့်အတားဖြစ်စေခဲ့သည်ဟု ဆိုသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားရဲ့ ဒီဇယ်စက်ရုံတွေကို ပစ်မှတ်ထားတိုက်တာတွေ ရပ်ဖို့ ယူကရိန်းကို ထရမ့်က ပြောကြား

ရုရှားရဲ့ ဒီဇယ်လောင်စာဆီတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇီလင်စကီးကို တိုက်တွန်းလိုက်ပါတယ်။ အဲဒီလိုတိုက်ခိုက်နေတာတွေက "ကမ္ဘာကြီးကို ထိခိုက်နစ်နာစေတယ်" လို့ သူက ဆိုပါတယ်။ ​တနင်္ဂနွေနေ့က အိုင်ယာလန်နိုင်ငံကို တရားဝင်သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ ထရမ့်က "မစ္စတာဇီလင်စကီး လုပ်ရမယ့်အလုပ် တစ်ခုရှိတယ်။ အဲဒါက ရုရှားက ဒီဇယ်လောင်စာဆီတွေကို ပစ်မှတ်ထားနေတာကို ရပ်ဖို့ပါပဲ။ သူ့အနေနဲ့ တခြားပစ်မှတ်တွေကို တိုက်ချင်တိုက်ပါ၊ ဒီဇယ်ဆီတွေကိုတော့ မလုပ်ပါနဲ့။ ဘာလို့လဲဆိုတော့ သူက ဒီဇယ်ရှားပါးမှုကို ဖြစ်စေလို့ပါပဲ" လို့ ပြောခဲ့ပါတယ်။ ​သူက...

စမ်းချောင်းမြို့နယ်ရှိ Bar 4 U ဘီယာဆိုင်၌ Level 1 အဆင့်မီးလောင်မှုတွင် အမျိုးသား(၂)ဦးသေဆုံးခဲ့

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ Bar 4 U ဘီယာဆိုင်၌ စက်တင်ဘာ ၁၃ ရက်ည ၈ နာရီ ၁၉ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရပြီး အမျိုးသား(၂)ဦးသေဆုံးခဲ့ကြောင်း သိရသည်။ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်ချောင်းမြောက်ရပ်ကွက်ရှိ Bar 4 U ဘီယာဆိုင်တွင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသော်လည်း ဆက် လက်လောင်ကျွမ်းနေသဖြင့် ည ၈ နာရီ ၂၄ မိနစ်၌ Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့်...

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet 789 ကိုဦးဆောင်လုပ်ကိုင်သည့်(Senior Agent) (၇)ဦးအား ရန်ကုန်နှင့် မန္တလေးတွင်ဖမ်းမိ

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet 789 ကိုဦးဆောင်လုပ်ကိုင်သည့်(Senior Agent) (၇)ဦးအား ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက Online လောင်းကစားဂိမ်းများအား အဓိကဦးစီးဆောင်ရွက်သူ Level မြင့် Agent များကိုဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂ ရက်တွင် Ibet 789 Online လောင်းကစားဂိမ်း Senior Agent ဖြိုးသိင်္ဂီ အား ရန်ကုန်လေဆိပ်၊ Senior Agent နှင်းဝတ်ရည်ကျော် အပါအဝင် (၃)ဦးကို မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့အတူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071