Tuesday, September 15, 2026

ထရမ့်ပ်အစိုးရ၏ စာတိုက်မှတစ်ဆင့် မဲပေးမှု ကန့်သတ်ချက်များကို...

ဝါရှင်တန်၊ စက်တင်ဘာ ၁၄ အမေရိကန်နိုင်ငံတွင် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန် နှစ်လပင် မလိုတော့သည့်အချိန်၌ သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရက စာတိုက်မှတစ်ဆင့် မဲပေးမှုအပေါ် ချမှတ်ရန်...

၂ နှစ်မပြည့်မီ တတိယမြောက် ဘဏ္ဍာရေးဝန်ကြီးကို...

အင်ဒိုနီးရှားနိုင်ငံ၏ ဘဏ္ဍာရေးမူဝါဒနှင့် အစိုးရအသုံးစရိတ်များအပေါ် စိုးရိမ်မှုများ မြင့်တက်နေပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပြန်လည်ရရှိရေး ကြိုးပမ်းနေချိန်တွင် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဘဏ္ဍာရေးဝန်ကြီး...

ကရင်ပြည်နယ်အတွင်းရှိ လှိုင်ကားရေတံခွန်ကို ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်နိုင်ရေး...

ဘားအံ၊ စက်တင်ဘာ ၁၅ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့သင်းဆူးကျေးရွာအုပ်စု၊ လှိုင်ကားကျေးရွာရှိ လှိုင်ကားရေတံခွန်အား ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်နိုင်ရန် ပြင်ဆင်နေသည်။ ထို့ကြောင့် ခရီးသွားဧည့်သည်များ စနစ်တကျ လာရောက်လည်ပတ်နိုင်ရေးအတွက်...

၂၀၁၀ ပြည့်နှစ် မှ ၂၀၂၆...

ရန်ကုန်၊ စက်တင်ဘာ ၁၅ ၂၀၁၀ ပြည့်နှစ် မှ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်တစ်လချင်း ပျမ်းမျှဓာတ်အား ဖြန့်ဖြူးနိုင်မှုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခုနှစ်သည် အများဆုံးဖြစ်ကြောင်း...
HomeNewsLiterature Newsဘိုကလေးမြို့နယ်တွင် ဓားဖြင့်ခုတ်၊တုတ်ဖြင့်ရိုက်၍ ဆိုင်ကယ်၊ဖုန်းနှင့်ငွေကျပ်...

ဘိုကလေးမြို့နယ်တွင် ဓားဖြင့်ခုတ်၊တုတ်ဖြင့်ရိုက်၍ ဆိုင်ကယ်၊ဖုန်းနှင့်ငွေကျပ် ၃ သိန်းအား လုယက်ယူဆောင်သွား

ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်၊ကဒုံကနိ-ကြိမ်ချောင်း-ဘိုကလေးသွားကားလမ်းတွင် အောက် တိုဘာ ၂ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီကျော်ခန့်က မော်လမြိုင်ကျွန်းမြို့နယ်နေ ဦးတင်နိုင်ဝင်း(၄၈)နှစ်သည် အသက်(၈)နှစ်နှင့်(၁၁)နှစ်အရွယ် ကလေးငယ် ၂ ဦးအားတင်ဆောင်၍ ဘိုကလေးမြို့ဘက်မှကြိမ်ချောင်းကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့်မောင်းနှင်လာခဲ့ကြောင်း သိရသည်။

ကဒုံကနိ-ကြိမ်ချောင်း-ဘိုကလေးသွားကားလမ်း ၏ ကဒုံကနိသစ်တောကြိုးဝိုင်းရှိ မီးသွေးချောင်းတံတားအနီးအရောက် ကားလမ်းပေါ်တွင် ငှက် ကြီးတောင်ဓားများကိုင်ဆောင်ထားသည့် အမည်မသိအမျိုးသား ၅ ဦးအနက် ၁ ဦးက ဆိုင်ကယ်ရှေ့ဘီးဒလက်ကြားသို့ သစ်သားတုတ်အားထိုးထည့်ခဲ့သည်။

ဆိုင်ကယ်တိမ်းမှောက်သွားစဥ် ဦးတင်နိုင်ဝင်း၏ ရင်ဘတ်အားတုတ်ဖြင့်ရိုက်ကာ ခေါင်းကိုလည်းဓားနှင့်ခုတ်ခဲ့သဖြင့် ဆိုင်ကယ်ဦးထုတ်ကွဲပြီး ဦး ခေါင်း၌(၁)လက်မခွဲခန့် ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အမည်မသိအမျိုးသား ၅ ဦးသည် ဆိုင်ကယ်၊ကီးပတ်ဖုန်းနှင့်ငွေကျပ် ၃ သိန်းတို့အား မီးသွေးချောင်းတံတားတွင် အသင့်ကပ်ထားသည့် ဖိုက်ဘာသင်္ဘောပေါ်လုယက်တင်ဆောင်၍ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကြိမ်ချောင်းကြီးနယ်မြေရဲစခန်းက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရန် (ပ)၃၁/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ(၃၉၇)ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်အစိုးရ၏ စာတိုက်မှတစ်ဆင့် မဲပေးမှု ကန့်သတ်ချက်များကို အမေရိကန်တရားလွှတ်တော်ချုပ် ပယ်ချ

ဝါရှင်တန်၊ စက်တင်ဘာ ၁၄ အမေရိကန်နိုင်ငံတွင် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန် နှစ်လပင် မလိုတော့သည့်အချိန်၌ သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရက စာတိုက်မှတစ်ဆင့် မဲပေးမှုအပေါ် ချမှတ်ရန် ကြိုးပမ်းထားသည့် ကန့်သတ်ချက်အသစ်များကို အမေရိကန်တရားလွှတ်တော်ချုပ်က တနင်္လာနေ့တွင် ပယ်ချခဲ့သည်။ ပြည်နယ်နှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲတာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲမတိုင်မီ စည်းမျဉ်းအသစ်ကို ပုံမှန်အတိုင်း အကောင်အထည်ဖော်ရန် အချိန်လုံလောက်မှုမရှိသဖြင့် ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲများတွင် ယင်းစည်းမျဉ်းကို ကျင့်သုံးခြင်းသည် အုပ်ချုပ်ရေးလုပ်ထုံးလုပ်နည်းအက်ဥပဒေကို ချိုးဖောက်ရာရောက်နိုင်ကြောင်း ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။ ယခုဆုံးဖြတ်ချက်ကြောင့် အမေရိကန်စာတိုက်လုပ်ငန်း (USPS) အနေဖြင့် မဲလက်မှတ်များကို လက်ရှိလုပ်ထုံးလုပ်နည်းများအတိုင်း...

၂ နှစ်မပြည့်မီ တတိယမြောက် ဘဏ္ဍာရေးဝန်ကြီးကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ခန့်အပ်

အင်ဒိုနီးရှားနိုင်ငံ၏ ဘဏ္ဍာရေးမူဝါဒနှင့် အစိုးရအသုံးစရိတ်များအပေါ် စိုးရိမ်မှုများ မြင့်တက်နေပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပြန်လည်ရရှိရေး ကြိုးပမ်းနေချိန်တွင် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဘဏ္ဍာရေးဝန်ကြီး ပူရ်ဘာယာ ယူဒီ ဆာဒီဝါကို ရာထူးမှဖယ်ရှားကာ ဒုတိယဘဏ္ဍာရေးဝန်ကြီး ဆူဟာဆီလ် နာဇာရာကို အစားထိုးခန့်အပ်လိုက်သည်။ အသက် ၅၅ နှစ်အရွယ် စီးပွားရေးပညာရှင် ဆူဟာဆီလ်သည် ၂၀၁၉ ခုနှစ်ကတည်းက ဒုတိယဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သမ္မတပရာဘိုဝို ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် အာဏာရလာပြီးနောက် ဘဏ္ဍာရေးဝန်ကြီးရာထူးကို ရယူသည့် တတိယမြောက်ပုဂ္ဂိုလ် ဖြစ်လာသည်။ ဆူဟာဆီလ်သည် စက်တင်ဘာ...

ကရင်ပြည်နယ်အတွင်းရှိ လှိုင်ကားရေတံခွန်ကို ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ဘားအံ၊ စက်တင်ဘာ ၁၅ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့သင်းဆူးကျေးရွာအုပ်စု၊ လှိုင်ကားကျေးရွာရှိ လှိုင်ကားရေတံခွန်အား ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်နိုင်ရန် ပြင်ဆင်နေသည်။ ထို့ကြောင့် ခရီးသွားဧည့်သည်များ စနစ်တကျ လာရောက်လည်ပတ်နိုင်ရေးအတွက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးညီညီဇော်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၁၄ ရက်က မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း လည်းသိရသည်။ ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ပြည်နယ်ဝန်ကြီးနှင့်အတူ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ကရင်ပြည်နယ်ရုံးခွဲ) ညွှန်ကြားရေးမှူး၊ ပြည်နယ်သစ်တောဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ပါဝင်ခဲ့ကြသည်။ ထို့နောက် ရေတံခွန်ဝန်းကျင် သာယာလှပရေး၊ ခရီးသွားများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071