Home International ထိုင်းနှင့်စင်ကာပူပူးပေါင်း၍ ကမ္ဘာ့အဆင့် ဟက်ကာတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့

ထိုင်းနှင့်စင်ကာပူပူးပေါင်း၍ ကမ္ဘာ့အဆင့် ဟက်ကာတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့

0
14380

ကမ္ဘာတစ်ဝန်း hack လုပ်မှု ၇၅ ခုထက်မနည်း ပြုလုပ်ခဲ့သည်ဟု ယူဆရသော အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖေဖော်ဝါရီ ၂၆ ရက်က ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည်။

စင်ကာပူ ရဲတပ်ဖွဲ့(SPF) နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့သည် နယ်စပ်ဖြတ်ကျော် စစ်ဆင်‌ရေး တစ်ခုကိုပြုလုပ်ခဲ့ပြီးနောက် ၎င်းကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၇ ရက်က ထုတ်ပြန်ချက်တွက် SPF က ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုများတွင် ကူညီခဲ့သည့် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Group-IB က အဆိုပါအမျိုးသားသည် အာရှ-ပစိဖိတ်ဒေသတစ်ဝန်းတွင် ၆၅ ခုအပါအဝင် ကမ္ဘာတစ်ဝန်း ဒေတာပေါက်ကြားမှု ၉၀ ကျော်ကို ဖြစ်စေခဲ့သူဖြစ်ကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံသည် hack ခံရမှု ၂၁ မှုဖြင့် အများဆုံးဖြစ်ပြီး စင်ကာပူက ၁၄ မှု ရှိခဲ့သည်ဟု Group-IB ၏ အစီရင်ခံချက်အရ သိရသည်။ သံသယရှိသူကို ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အာရှ-ပစိဖိတ်ဒေသ၌ အတက်ကြွဆုံး ဆိုက်ဘာရာဇဝတ်ကောင်တစ်ဦးအဖြစ် ဖော်ပြခဲ့သည်။

စင်ကာပူတွင် hack ခံရသူ ၁၁ ဦးက ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပြီးနောက် ဒေတာပေါက်ကြားမှုများကို စုံစမ်းစစ်ဆေးမှုများကို ၂၀၂၀ ပြည့်နှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ hack ခံရသူများသည် သူတို့၏ ဒေတာများ ခိုးယူခံရကာ ဒေတာများကို ပြန်ရွေး ရန် ငွေတောင်းခံခဲ့ရသည်။

ပြန်ရွေးငွေပေးရန် ပျက်ကွက်ပါက သူတို့ခိုးယူထားသော ဒေတာများကို အွန်လိုင်းပေါ်တွင် လူသိရှင်ကြား ထုတ်ဖော်ခြင်း သို့မဟုတ် ရောင်းစားခြင်းများ ပြုလုပ်ခံရသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here