တစ္ကို္ယ္ေတာ္အေခြထြက္ရွိဖို႔ အခက္အခဲေတြရွိေနတဲ့ ပိုးမီ

တစ္ကို္ယ္ေတာ္အေခြထြက္ရွိဖို႔ အခက္အခဲေတြရွိေနတဲ့ ပိုးမီ
February 18, 2020 Asian Fame

တစ္ကို္ယ္ေတာ္အေခြထြက္ရွိဖို႔ အခက္အခဲေတြရွိေနတဲ့ ပိုးမီ

#Zawgyi

တစ္ကို္ယ္ေတာ္အေခြထြက္ရွိဖို႔ အခက္အခဲေတြရွိေနတဲ့ ပိုးမီ

Myanmar Idol Season(2)ကေန ဂီတေလာကထဲ ေရာက္ရွိလာခဲ့တဲ့ အဆိုေတာ္ပိုးမီဟာ အားလံုးရဲ့အးေပးခ်စ္ခင္မႈကို ရရွိထားတဲ့သူ တစ္ေယာက္ပဲျဖစ္ပါတယ္။ ပိုးမီရဲ့ သီခ်င္းေတြကို ေစာင့္ေမွ်ာ္ေနၾကတဲ့အတြက္ ဒုတိယသီခ်င္းေခြထြက္ဖို႔ရွိတယ္ဆိုတာကိုလည္း…..

“၂၀၂၀ေလာက္ေတာ့ ထြက္ဖို႔ရွိတယ္။ အကုန္လံုးက သီခ်င္းေခြ ထြက္မယ္သူေတြမွ အမ်ားႀကီးပဲ။ ကိုယ္လည္း တက္ႏိုင္သေလာက္ သီခ်င္းေခြထြက္ဖို႔ ျပင္ဆင္ေနတယ္။ ကိုယ့္ကိုကုိယ္ေတာ့ အားရတာေတြေတာ့ သိပ္မရွိေသးဘူး။ လုပ္ေတာ့လုပ္ေနတယ္။ စိတ္တိုင္းက်ေေနေသးတာေတာ့ မရွိေသးဘူး။ သီခ်င္းေခြထြက္ဖို႔က အခတ္အခဲေတြကလည္း ရွိေနေသးေတာ့ ဘယ္ေတာ့ေလာက္ရယ္ေတာ့ ပိုးမီ မေျပာႏိုင္ေသးဘူး။၂၀၂၀ မွာ ပရိသတ္ေတြထံ ေရာက္ႏိုင္ေအာင္ေတာ့ ႀကိဳးစားေနပါတယ္ရွင့္” လို႔ ပိုးမီကေျပာျပခဲ့ပါတယ္။

Online မွာပဲ သီခ်င္းတစ္ပုဒ္ တင္လိုက္ရံုနဲ႔ ပရိသတ္ေတြဆီ တိုက္ရိုက္ေရာက္ႏိုင္တဲ့ အေျခအေနမွာ သီခ်င္းေခြေတြ ထြက္တယ္ဆိုတာ ေတာ္ေတာ္ေလးရွားလာၿပီျဖစ္ပါတယ္။ ပိုးမီအေနနဲ႔ ဘာေၾကာင့္ သီခ်င္းေခြေတြထြက္ဖို႔ေတြးမိတာလဲလို႔ ေမးၾကည့္တဲ့အခါမွာ…..

“ပထမ Album ထြက္တုန္းကေတာ့ ပိုးမီက ကံေကာင္းတယ္လို႔ ေျပာရမယ္။ ပထမအေခြတုန္းက ဆိုရင္အေဖလို၊ အစ္ကိုလိုခင္တဲ့ ဦးငယ္က စပြန္ဆာေပးၿပီး ထုတ္ေပးခဲ့တာေလ။ ဒုတိယအေခြက်ေတာ့ ကိုယ္တိုင္ Produceလုပ္မွာ။ သူမ်ားေတြကေတာ့ Single Song ပဲထုတ္ၾကတာဟုတ္တယ္။ ဒါပင္မဲ့ ကိုယ္ဘ၀မွာ ကိုယ္တိုင္ထုတ္တဲ့အေခြေလး ၿပီးေတာ့ ကိုယ့္ဘ၀ရဲ့မွတ္တိုင္ တစ္ခုဆိုေတာ့ မွတ္တမ္းလည္း တင္ခ်င္ေတာ့ အေခြထုတ္တယ္။ ကို္ယ္သြားခ်င္တဲ့ သီခ်င္းပံုစံေတြ လုပ္ထားတဲ့အတြက္ အေခြေလး တစ္ေခြထုတ္ခ်င္လို႔ပါ။ ဒီအေခြေလးၿပီးမွပဲ။ ေရွ႕ဆက္ၿပီးေတာ့ ဘယ္လိုလုပ္မလဲဆိုတာစဥ္းစားရဦးမွာေပါ့”လို႔ သူကိုယ္တိုင္ ႀကိဳးစားထားတဲ့ အေခြေလးကို မွတ္တိုင္တစ္ခုအေနနဲ႔ ထားေစခ်င္တာေၾကာင့္လည္း ေခြခတ္မဟုတ္ ေတာ့ေပမယ့္ ထုတ္ျဖစ္တဲ့အေၾကာင္း ကို ေျပာျပခဲ့ပါတယ္။ သူခ်စ္တဲ့ ပရိသတ္ေတြကို ဂီတလမ္းေၾကာင္းမွာ ေအာင္ျမင္တဲ့သူတစ္ေယာက္၊ ပရိသတ္ေတြ အားေပးရထိုက္တန္ေအာင္လည္း အေကာင္းဆံုး ႀကိဳးစား ေနပါတယ္လို႔ ေျပာျပခဲ့ပါတယ္။

#Unicode

တစ်ကို်ယ်တော်အခွေထွက်ရှိဖို့ အခက်အခဲတွေရှိနေတဲ့ ပိုးမီ
Myanmar Idol Season(2)ကနေ ဂီတလောကထဲ ရောက်ရှိလာခဲ့တဲ့ အဆိုတော်ပိုးမီဟာ အားလုံးရဲ့အးပေးချစ်ခင်မှုကို ရရှိထားတဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်။ ပိုးမီရဲ့ သီချင်းတွေကို စောင့်မျှော်နေကြတဲ့အတွက် ဒုတိယသီချင်းခွေထွက်ဖို့ရှိတယ်ဆိုတာကိုလည်း…..
“၂၀၂ဝလောက်တော့ ထွက်ဖို့ရှိတယ်။ အကုန်လုံးက သီချင်းခွေ ထွက်မယ်သူတွေမှ အများကြီးပဲ။ ကိုယ်လည်း တက်နိုင်သလောက် သီချင်းခွေထွက်ဖို့ ပြင်ဆင်နေတယ်။ ကိုယ့်ကိုကိုယ်တော့ အားရတာတွေတော့ သိပ်မရှိသေးဘူး။ လုပ်တော့လုပ်နေတယ်။ စိတ်တိုင်းကျေနေသေးတာတော့ မရှိသေးဘူး။ သီချင်းခွေထွက်ဖို့က အခတ်အခဲတွေကလည်း ရှိနေသေးတော့ ဘယ်တော့လောက်ရယ်တော့ ပိုးမီ မပြောနိုင်သေးဘူး။၂၀၂၀ မှာ ပရိသတ်တွေထံ ရောက်နိုင်အောင်တော့ ကြိုးစားနေပါတယ်ရှင့်” လို့ ပိုးမီကပြောပြခဲ့ပါတယ်။
Online မှာပဲ သီချင်းတစ်ပုဒ် တင်လိုက်ရုံနဲ့ ပရိသတ်တွေဆီ တိုက်ရိုက်ရောက်နိုင်တဲ့ အခြေအနေမှာ သီချင်းခွေတွေ ထွက်တယ်ဆိုတာ တော်တော်လေးရှားလာပြီဖြစ်ပါတယ်။ ပိုးမီအနေနဲ့ ဘာကြောင့် သီချင်းခွေတွေထွက်ဖို့တွေးမိတာလဲလို့ မေးကြည့်တဲ့အခါမှာ…..
“ပထမ Album ထွက်တုန်းကတော့ ပိုးမီက ကံကောင်းတယ်လို့ ပြောရမယ်။ ပထမအခွေတုန်းက ဆိုရင်အဖေလို၊ အစ်ကိုလိုခင်တဲ့ ဦးငယ်က စပွန်ဆာပေးပြီး ထုတ်ပေးခဲ့တာလေ။ ဒုတိယအခွေကျတော့ ကိုယ်တိုင် Produceလုပ်မှာ။ သူများတွေကတော့ Single Song ပဲထုတ်ကြတာဟုတ်တယ်။ ဒါပင်မဲ့ ကိုယ်ဘဝမှာ ကိုယ်တိုင်ထုတ်တဲ့အခွေလေး ပြီးတော့ ကိုယ့်ဘဝရဲ့မှတ်တိုင် တစ်ခုဆိုတော့ မှတ်တမ်းလည်း တင်ချင်တော့ အခွေထုတ်တယ်။ ကို်ယ်သွားချင်တဲ့ သီချင်းပုံစံတွေ လုပ်ထားတဲ့အတွက် အခွေလေး တစ်ခွေထုတ်ချင်လို့ပါ။ ဒီအခွေလေးပြီးမှပဲ။ ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတာစဉ်းစားရဦးမှာပေါ့”လို့ သူကိုယ်တိုင် ကြိုးစားထားတဲ့ အခွေလေးကို မှတ်တိုင်တစ်ခုအနေနဲ့ ထားစေချင်တာကြောင့်လည်း ခွေခတ်မဟုတ် တော့ပေမယ့် ထုတ်ဖြစ်တဲ့အကြောင်း ကို ပြောပြခဲ့ပါတယ်။ သူချစ်တဲ့ ပရိသတ်တွေကို ဂီတလမ်းကြောင်းမှာ အောင်မြင်တဲ့သူတစ်ယောက်၊ ပရိသတ်တွေ အားပေးရထိုက်တန်အောင်လည်း အကောင်းဆုံး ကြိုးစား နေပါတယ်လို့ ပြောပြခဲ့ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*