အင်ဒိုနီးရှား ရေဘေးကြောင့်သေဆုံးသူ ၅၂ ဦးအထိရှိလာ

0
140

ဂျကာတာ၊မေ ၁၄

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းအနောက်ပိုင်းဒေသများ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး အဆိုပါရေဘေးသင့်ဒေသများရှိ လူသေဆုံးမှုသည် ၅၂ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကာ ဒေသခံ ၃,၀၀၀ ခန့်ကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းပေးထားရသည်ဟု အာဏာပိုင်များကဆိုသည်။

စနေနေ့ညနေကလည်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေဘေးအန္တရာယ်နှင့်ရင်ဆိုင်ခဲ့ရပြီး မီးတောင်ရှင်တစ်ခုမှ စီးဆင်းလာသည့် ချော်ရည်အေးများကလည်း ‌ရွှံ့၊ကျောက်‌ခဲနှင့် ပြာများဖြင့်ရောကာ စီးဆင်းလာခဲ့သည်ဟုလည်းသိရသည်။

ထို့ကြောင့်တနင်္လာနေ့တွင် သေဆုံးသူ ၄၃ ဦးအထိများလာခဲ့ကာ အင်္ဂါနေ့တွင် ၅၂ ဦးအထိရှိလာခဲ့ခြင်းလည်းဖြစ်သည်။

ချော်ရည်အေးများသည် မာရာပီမီးတောင်ပေါက်ကွဲမှုမှမိုးနှင့်ရောကာစီးဆင်းလာခြင်းဖြစ်ပြီး အဆိုပါမီးတောင်အရှင်မာရာပီသည် ဒီဇင်ဘာလက တစ်ခေါက်ပေါက်ကွဲခဲ့သေးပြီး ထိုအချိန်ကလည်း လူ ၂၀ ထက်မနည်းသေဆုံးခဲ့သေးသည်။

ကယ်ဆယ်ရေးလုပ်ဆောင်နေသူများကလည်း ပျောက်ဆုံးနေသူ ၁၇ ဦးအားဆက်လက်ရှာဖွေနေဆဲဖြစ်ကာ ဒေသတွင်းရှိ အိမ်ပေါင်း ၂၄၉ လုံးပျက်စီးပြီး လယ်မြေ ၂၂၅ ဟက်တာပျက်စီးခဲ့ကာ မိန်းလမ်းမကြီးသုံးခုလည်းပျက်စီးသွားကြသည်ဟုသိရသည်။

Source : ရိုက်တာ/အာရ်ဂျေ


LEAVE A REPLY

Please enter your comment!
Please enter your name here