နိုင်ငံကျော် အနုပညာရှင် နှစ်ရာကျော်နှင့် ကျင်းပပြုလုပ်မည့်Aroma ၏ 7th Anniversary Fashion Show

နိုင်ငံကျော် အနုပညာရှင် နှစ်ရာကျော်နှင့် ကျင်းပပြုလုပ်မည့်Aroma ၏ 7th Anniversary Fashion Show
October 11, 2018 Asian Fame Media
နိုင်ငံကျော် အနုပညာရှင် နှစ်ရာကျော်နှင့် ကျင်းပပြုလုပ်မည့်Aroma ၏ 7th Anniversary Fashion Show

Aroma ၏ 7th Anniversary Fashion Show ကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၊ Gandamar Grand Ballroom ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ နိုင်ငံကျော် အနုပညာရှင် ၂ဝဝ ကျော်ပါဝင်မည့် အဆိုပါ ပွဲနှင့် ပတ်သက်သည့်အကြောင်း အရာများကို အောက်တိုဘာလ ၂ ရက်နေ့က ရန်ကုန်မြို့၊ Gandamar Grand Ballroom တွင် တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြသည်။

”ဒီပွဲကြီးမှာဆိုရင် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ မော်ဒယ်လ်စတဲ့ နယ်ပယ်က နိုင်ငံ ကျော်အနုပညာရှင် ၂ဝဝ ကျော်နဲ့ ဝတ်စုံပေါင်း ၃ဝဝ ကျော်ကို ပြသသွားမှာဖြစ်ပါတယ်။ ဝတ်စုံတွေက တော့ တကယ့်ကို ကျက်သရေမင်္ဂလာရှိတဲ့ ဝတ်စုံဒီဇိုင်းများကို ဖန်တီးထား ပါတယ်။ ဒီနှစ်မှာဆိုရင် နည်းနည်းဝတဲ့ အမျိုးသမီးတွေလည်း စင်ပေါ်မှာ ဘယ်လိုလှ တယ်၊ သတို့သမီးတွေ လုပ်လို့ရှိရင် ဘယ်လိုကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတယ် ဆိုတာကို ပြသပေးသွားမှာပါ။ အဲဒီအတွက်လည်း ကျွန်တော်တို့ Page မှာ ပြိုင်ပွဲလေး ပြုလုပ်ထားပါတယ်။ Winner အတွက် အားလုံး ၁၅ ယောက်လောက် ရွေးမှာပါ။ နောက်တစ်ခုထူးခြားမှု က တော့ ဒီနှစ်မှာ LGBTတွေကိုလည်း အတူတကွ ပါဝင်ပြသမှာဖြစ် ပါတယ်”ဟု Aroma ၏ ပဲ့ကိုင်ရှင် ဒီဇိုင်နာ အောင်မြတ်သူက 7th Anniversary Fashion Show နှင့် ပတ်သက်ပြီး ပြောသည်။

ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*