ဇာတ်ခုံ အခက်အခဲနဲ့ ပတ်သက်လို့ သဘင်မင်းသား ဝင်းနောင် ရဲ့ ရင်ဖွင့်စကား

ဇာတ်ခုံ အခက်အခဲနဲ့ ပတ်သက်လို့ သဘင်မင်းသား ဝင်းနောင် ရဲ့ ရင်ဖွင့်စကား
October 30, 2017 Asian Fame

အိုးဘိုပျော်ဘွယ်စု ရပ်တွင်ကပြလျက်ရှိနေတဲ့ သဘင်မင်းသား ဝင်းနောင်က သဘင် အနုပညာရှင် များကိုယ်စား ပွဲငှားလူကြီးမင်းများနဲ့ဇာတ်ခုံပိုင်ရှင်များကို ဇာတ်ခုံပိုင်းမှာ ကောင်းမွန်သော ဇာတ်ခုံဖြစ်အောင် လုပ်ဆောင်ပေးနိုင်ကြဖို့ သူကတောင်းပန် စကားဆိုခဲ့ပါတယ်။ ဇာတ်ခုံပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ “ကျွန်တော်မောင်ဝင်းနောင် သဘင် အနုပညာရှင်များအားလုံး ကိုယ်စား ပွဲငှားလူကြီးမင်းများနဲ့ ဇာတ်ခုံ ပိုင်ရှင်များကို အထူးဦး ညွတ်တောင်းပန်ပါတယ်။ နယ်ဇာတ် ခုံတွေလည်း ကောင်းသောဇာတ်ခုံ မကောင်းသော ဇာတ်ခုံတော်တော်များကြုံတွေ့ရပါတယ်။ အဆိုးဆုံး ဇာတ်ခုံတွေကတော့ မန္တလေး မြို့ ပေါ်ဇာတ်ခုံ အငှားလိုက်သော ပိုင်ရှင်များ ဇာတ်ခုံဆိုတာ ဇာတ်သမားတွေ ဘဝရဲ့အိမ်ပါ။ ကိုယ် ချင်းစာစွာနဲ့ အရမ်းမကောင်းတောင် အသင့်လောက် ဆိုရင်ရပါတယ်ဗျာ။အခုဟာကတော် တော်ကိုယ်ချင်းမစာ စေတနာမပါ ငွေကျတော့ယူ လုံးဝစေတနာမပါ။ ဇာတ်သမားတွေ အတွက် အိပ်စရာ ဖျာတောင်မပေးတော့ဘူး။ကြမ်းခင်ကလည်း စုတ်ဘယ်လိုမှမကောင်း ဇာတ်ခုံကမခိုင်ခန့်၊ ဇာတ်ခုံပြိုကျတယ်။ LED ပျက်တဲ့အချက် တွေပျက်ကုန်တယ်။ အပိုပစ္စည်းပါလို့ပေါ့။ ပွဲငှား လူကြီးမင်းများ သတိထားပြီးဇာတ်ခုံကိုငှားပါခင်ဗျာ။ ဇာတ်ခုံပြိုကျတော ဖျော်ဖြေရေးက လည်း ရပ်ထားရတော့ အားပေးတဲ့ ပရိသတ်ကို အားနာစရာပါ။ ဇာတ်ခုံက ရှေ့ယိုင်သွားတော့ ကျွန်တော့်ရဲ့ ဇာတ်ကားနဲ့ နောက်ကိုစွဲထား ရတယ်။ LED ပြန်ကောင်းအောင် ကျွန်တော် အဖွဲ့သားများ ပြန်ကြိုးစားတယ်။ ကျွန်တော်အရမ်း ကံကောင်းပါတယ်။ ဇာတ်ခုံပြိုကျတဲ့နေရာ ကလည်း LED စဉ်ထား တဲ့နေရာက ပြိုကျသွားပါတယ်။ LEDက လုံးဝကို ပြိုကျသွားတယ်။ LED ပျက်သွား ခဲ့ရင် မတွေးရဲဘူးဗျာ။ ကိုယ်ချင်းစာပေးပါဗျာ” လို့ သူက ရင်ဖွင့်ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*