အစွဲအလမ်းကြီးသူ Lဆိုင်းဇီ

အစွဲအလမ်းကြီးသူ Lဆိုင်းဇီ
February 21, 2017 Asian Fame
အစွဲအလမ်းကြီးသူ Lဆိုင်းဇီ

L Sai Zi (1) copy

အလွမ်းအဆွေးသီချင်းတွေနဲ့  အတူ ပရိသတ်အသိအမှတ်ပြုမှု ရရှိခဲ့ပြီး အဆိုကောင်းတဲ့ တေးသံရှင် L ဆိုင်းဇီက သူမရဲ့ ဒုတိယစီးရီး ‘အစွဲအလမ်းကြီး သူ’ ရဲ့DVD ကို အခုဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ စတင် ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ Lဆိုင်းဇီက ဒီဒုတိယစီးရီးထဲ မှာတော့ အရင်လို အလွမ်း အဆွေး ပုံစံတွေထက် ခပ်မြူးမြူးသွက်သွက် ပုံစံတွေကိုလည်း ထည့်သွင်းထားပြီးDVD ရိုက်ကူးတဲ့ အခါမှာ လည်း ပရိသတ် ကို သာမန်မြင်နေကျ မြင်ကွင်းထက် ပိုမိုထူးခြားစေ ချင်တဲ့အတွက် သူမတို့ ကချင်ပြည်နယ်ရဲ့အလှအပ ရှုခင်းနေရာတွေ မှာ ရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။

“ဆိုင်းဇီ ၂ဝ၁၃ ခုနှစ် ကတည်းက ဒီစီးရီးခွေကို စလုပ်တာ ဖြစ်ပါတယ်။ တော်တော်များများက ၂ဝ၁၃- ၁၄ ခုနှစ်မှာ ဆိုင်းဇီ ငြိမ်နေ တယ်ပြော တယ်။ တကယ်က ဆိုင်းဇီ ဒီ စီးရီး ခွေလေးကို အားစိုက်ရိုက်ကူး နေတာ ပါ။ ဆိုင်းဇီ ဒီစီးရီးထဲမှာ သီချင်းတွေ ကလည်း အရင်လို အလွမ်းအဆွေးတွေထက် ခပ်မြူးမြူး ပုံစံလေးတွေကို ပြောင်းလဲထားပါ တယ်။ ရိုက်ကူးတဲ့အခါမှာလည်း ရန်ကုန်ရဲ့ နေရာ   တော်တော်များများက အားလုံးနီးပါးလည်း ရိုက်ကူး နေကျဆိုတော့ ဆိုင်းဇီက ထူးထူးခြား ခြားလေးဖြစ်ချင်တယ်။

ဆိုင်းဇီလည်း ပရိသတ်ရှေ့ကို သိပ်မရောက်ဖြစ်တဲ့အခါ ဒီစီးရီးလေးကို ပရိသတ်အတွက် သေချာကြိုးစားချင်တယ်။ဆိုင်းဇီကလည်း ကချင်လူမျိုး ဖြစ်တဲ့အတွက် ဆိုင်းဇီတို့  ကချင်ပြည်နယ်မှာရှိတဲ့ အလှလေးတွေနဲ့အတူ ရိုက်ကူး ချင် တယ်။ ဒါကြောင့် ကချင်ပြည်နယ်
ဘက်မှာ တော်တော်များများ ရိုက်ကူးထားတယ်။ ငွေဆောင်တို့၊  မန္တလေးတို့ဘက်တွေမှာ ရိုက်ကူးထားတာတွေလည်းပါတယ်။ ဒီစီးရီးလေးကို အကောင်းဆုံးကြိုးစားထားတဲ့အတွက် ပရိသတ်တွေလည်း ခံစားနားဆင် ကြည့်ရှုပေးစေချင်ပါတယ်” လို့  Lဆိုင်းဇီက
သူမရဲ့စီးရီးဠီနဲ့ ပတ်သက်ပြီး ပြောပါတယ်။

Lဆိုင်းဇီရဲ့ ‘အစွဲအလမ်းကြီးသူ’ စီးရီးDVD ထွက် ရှိမယ့်အကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲကိုလည်း ဖေဖော် ဝါရီလ ၁၅ ရက်နေ့   နေ့ခင်း ၃ နာရီက Orchid  ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ပရိသတ်ကို အသိပေးခဲ့ပါတယ်။

P- 054
ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*