အိန္ဒိယမှ ပဲစင်းငုံ ဝယ်ယူမှု ပမာဏကို ကန့်သတ် လိုက်ပြီးနောက် ပြည်တွင်းရှိ ပဲစိုက် တောင်သူများ အခက်ကြုံ

အိန္ဒိယမှ ပဲစင်းငုံ ဝယ်ယူမှု ပမာဏကို ကန့်သတ် လိုက်ပြီးနောက် ပြည်တွင်းရှိ ပဲစိုက် တောင်သူများ အခက်ကြုံ
August 18, 2017 Asian Fame

3:52 pm
အိန္ဒိယမှ ပဲစင်းငုံ ဝယ်ယူမှု ပမာဏကို ကန့်သတ် လိုက်ပြီးနောက် ပြည်တွင်းရှိ ပဲစိုက် တောင်သူများ အခက်ကြုံ

pea(နေပြည်တော် သြဂုတ် ၁၈)

အိန္ဒိယနိုင်ငံ အတွင်း ပဲစင်းငုံ အထွက်နှုန်းတိုးလာခြင်းနှင့် အန္ဒိယ ပဲစိုက်တောင်သူများ အတွက် အဆင်ပြေစေရန် ပြည်ပမှ ပဲစင်းငုံ တင်သွင်းမှုကို ကန့်သတ်လိုက်ပြီး တစ်နှစ်လျှင် တန်ချိန်(၂)သိန်းသာ တင်သွင်း ခွင့်ပြုခဲ့သည်။ ထိုကြောင့် ပြည်တွင်းရှိ ပဲစိုက်တောင်သူ များအတွက် ပဲစင်းငုံဈေးနှုန်းများ ကျဆင်းလာသည့် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

“အိန္ဒိယမှာ တောင်သူတွေ အကြွေးမဆပ်နိုင်လို့ အဆုံးစီရင်တာတွေ ရှိလာတယ် ၊နောက်သူတို့ဆီမှာလဲ ဒီနှစ်ပဲစင်းငုံက အထွက် တိုးပါတယ်၊ ဒါကြောင့် တန်ချိန်၂သိန်းဘဲ တင်သွင်းခွင့် သတ်မှတ်လိုက်တာ ၊ပြည်တွင်းကလဲ စိုက်သမျှ ပဲစင်းငုံတွေ ရဲ့၉၀ ရာခိုင်နှုန်းက အန္ဒိယဘဲ ပို့ရတာ ဆိုတော့ ဈေးတွေကျပြီး အခက်အခဲတော့ ဖြစ်နေပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင် ကဆိုသည်။

အိန္ဒိယနိုင်ငံသည် ပဲစင်းငုံ စားသုံးမှု အများဆုံးနိုင်ငံ တစ်ခုဖြစ်ပြီး ပြည်တွင်း စိုက်ပျိုးမှု မလုံလောက်သည့် အတွက် ပြည်ပမှ နှစ်စဉ် တန်ချိန် အမြောက် အများ မှာယူတင်သွင်းနေရခြင်းဖြစ်သည်။ယခုနှစ်တွင် အန္ဒိယ ပဲစိုက်တောင်သူများအတွက် ဈေးကွက် ရစေ ရန်ပြည်ပ မှတင်သွင်းမှုကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနှင့် အိန္ဒိယ အစိုးရ အပါအဝင် ပြည်တွင်းရှိပဲ စိုက်ပျိုး ထုတ်လုက် သူ များနှင့်ညှိနှိုင်း ကာဈေးကွက် ဝေစုရရှိရန် ဆောင်ရွက်နေသည်။ ယခုနှစ် ပဲရိတ်ချိန် ပြီးပါက လာမည့်နှစ်တွင် ပဲစင်းငုံ အစား အခြား သီးနှံ များ အစားထိုး စိုက်ပျိုးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*