ရခိုင်မြောက်ပိုင်းမှာ ပိုကောင်းတဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေးချဖို့ တိုက်တွန်းတဲ့အဆို ပြည်သူ့လွှတ်တော်မှာတင်ပြီ

ရခိုင်မြောက်ပိုင်းမှာ ပိုကောင်းတဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေးချဖို့ တိုက်တွန်းတဲ့အဆို ပြည်သူ့လွှတ်တော်မှာတင်ပြီ
August 18, 2017 Fame Asian

3:17 pm
ရခိုင်မြောက်ပိုင်းမှာ ပိုကောင်းတဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေးချဖို့ တိုက်တွန်းတဲ့အဆို ပြည်သူ့လွှတ်တော်မှာတင်ပြီ

20883053_1945367539050150_1939007089563957802_n

နေပြည်တော် ၊ သြဂုတ် ၁၈

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးလုံခြုံရေးတွေချဖို့ တိုက်တွန်းတဲ့အဆိုတစ်ရပ်ကို ဆက်ဆွေးနွေးရန် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ရခိုင်ပြည်နယ် ၊ မြောက်ပိုင်းဒေသ မောင်တော ၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ဘဂါင်္လီလူမျိုးအစွန်းရောက်အဖွဲ့အစည်းတွေရဲ့ ရာဇဝတ်မှုကျူးလွန်နေကြခြင်းဟာ နိုင်ငံတော်လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေး ၊ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ အသက်အိုးအိမ် လုံခြုံရေးတို့ကို များစွာထိပါးလာပြီဖြစ်တာကြောင့် ဒေသတွင်း ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေး ၊ လုံခြုံရေးအစီအမံတွေအမြန်ဆုံးချထားပေးဖို့ နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဆိုတင်သွင်းသူ ဒေါ်ခင်စောဝေက “ရခိုင်ပြည်နယ် ဘူးသီးတောင် ၊ မောင်းတော ၊ ရသေ့တောင်ဒေသတွေ မှာ တရားဥပဒေစိုးမိုးရေး ၊ နယ်မြေတည်ငြိမ်ရေးတွေကို လုပ်ဆောင်ဖို့လိုပါတယ် ၊ အကြမ်းဖက် သမားတွေကို အချိန်နဲ့တပြေးညီ နှိမ်နင်းနိုင်ဖို့အတွက် အခုလို အဆိုတင်ရတာပါ”လို့ပြောပါတယ်။

ဒေါ်ခင်စောဝေရဲ့ အဆိုကို ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက ထောက်ခံဆွေးနွေးခဲ့ပါတယ်။

ဆက်လက်ဆွေးနွေးသွားဖို့ လွှတ်တော်ကအတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် အဆိုကို ဆွေးနွေးလိုတဲ့အမတ်တွေဟာ သြဂုတ်လ ၂၁ရက်နေ့ နောက်ဆုံးထားအမည်စာရင်းတင်သွင်းရမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ရခိုင်ဒေသလုံခြုံရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးတော့မှာဖြစ်သလို အမျိုးသားလွှတ်တော်မှာလည်း “မောင်တော ၊ ဘူးသီးတောင် ၊ ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသောအကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ်စွန့်ခွာထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများဆက်လက် ရပ်တည်နိင်ရေးအတွက် အရေးတယူဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆို” ကို လက်ရှိဆွေးနွေးလျက်ရှိပါတယ်။

စိုင်းလမင်း

Photo Credit- ကြေးမုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*