ငွေဆောင်တွင် ၆၆ ကေဗီ ဓာတ်အားခွဲရုံတည်ဆောက်ရန် မြေနေရာ ရွေးချယ်

ငွေဆောင်တွင် ၆၆ ကေဗီ ဓာတ်အားခွဲရုံတည်ဆောက်ရန် မြေနေရာ ရွေးချယ်
May 31, 2017 Asian Fame

4:36 pm
ငွေဆောင်တွင် ၆၆ ကေဗီ ဓာတ်အားခွဲရုံတည်ဆောက်ရန် မြေနေရာ ရွေးချယ်

မေဇင်ဝင်း
ရန်ကုန်၊ မေ ၃ဝ

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့တွင် ဓာတ်အားခွဲရုံ ဆောက်လုပ်ရေးအတွက် မြေနေရာ ရွေးချယ်ထားပြီးဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး ဦးစီးဌာနမှ သိရသည်။၆၆ ကေဗီဓာတ်အားခွဲ ရုံ တည်ဆောက်ရေးအတွက် မြေ နေရာ ဝယ်ယူထားပြီး ဖြစ်သော်လည်း ဆောက်လုပ်ရေးအပိုင်း မစနိုင်သေးကြောင်း အဆိုပါ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

”ခွဲရုံက ငွေဆောင်မြို့အဝင်ဝမှာပဲ၊ မြေနေရာတော့ရပြီ၊ လုပ်ငန်းတော့ မလုပ်ရသေးပါဘူး” ဟုဧရာဝတီတိုင်းဒေသကြီး ပြည် နယ် လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ မှ လွတ်တော် ကိုယ်စားလှယ် ဦးအောင်သူထွေးက ပြောသည်။ ချောင်းသာကမ်းခြေနှင့် ငွေ ဆောင်ကမ်းခြေမှ ဟိုတယ်လုပ် ငန်းရှင်များကလည်း လျှပ်စစ်မီး ရရှိရန် မျှော်လင့်နေကြပြီး ရပ် ကွက်၊ ကျေးရွာများ မီးလင်းရေး လုပ်ဆောင်ပြီးပါက ဟိုတယ်များ မီးရရှိရေးအတွက်တိုင်းဒေသ ကြီးအစိုးရနှင့် ဟိုတယ်လုပ်ငန်း ရှင်များ ညှိနှိုင်းရဦးမည် ဖြစ် ကြောင်း ချောင်းသာဟိုတယ်ဇုန် ဒုဥက္ကဋ္ဌ ဦမောင်မောင်ထွေးက ပြောသည်။

”မီးလင်းရေးကတော့ ကမ္ဘာ့ ဘဏ်ချေးငွေနဲ့ လုပ်တယ်လို့ သိထားပါတယ်။ ၂ဝ၁၈ မတ်လ လောက်ဆို ငွေဆောင်က ရပ် ကွက် ကျေးရွာတွေ မီးလင်းသွား မယ်လို့ ထင်ပါတယ်။ နောက်ပိုင်း ဟိုတယ်တွေ မီးရတဲ့အခါကျ တော့လည်း ကျွန်တော်တို့ကဝန် ဆောင်မှုတော့ ပိုပေးလို့ရလာပြီ ပေါ့။ ကျွန်တော်တို့ဒေသကြီး မီး လင်းလင်းထိန်ထိန် ဆောင်ရွက် ခြင်းအားဖြင့် ဧည့်သည်တွေက လည်း ချောင်းသာမှာ ၂ ရက် နေတာကနေ သုံးရက်နေဖြစ်မယ် ပေါ့။ အဲဒီအတွက်လည်းကျွန် တော်တို့ ဒီထက်ပိုကောင်းတဲ့ဝန် ဆောင်မှုတွေ ပေးမှာသေချာပါတယ်” ဟု ဦးမောင်မောင်ထွေးက ပြောသည်။ လက်ရှိတွင် ချောင်းသာရှိဟို တယ်များသည် လာရောက်သော ဧည့်သည်များအား လျှပ်စစ်မီး ပေးနိုင်ရေးအတွက် ဟိုတယ်ကုန် ကျစရိတ်အားလုံး၏ ၂ဝ ရာခိုင် နှုန်းကို အသုံးပြုနေရကြောင်း ၎င်းက ပြောသည်။ မြန်မာနိုင်ငံတွင် ၂ဝ၃ဝ ပြည့်နှစ် မတိုင်မီ ပြည်သူတိုင်း လျှပ်စစ်မီးသုံးစွဲနိုင်ရန် ကမ္ဘာ့ ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ ဖြိုးရေးအသင်းရန်ပုံငွေမှ အမေ ရိကန် ဒေါ်လာသန်းလေးရာ အတိုးမဲ့ချေးငွေ ထုတ်ပေးမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က လွန်ခဲ့သည့် နှစ်နှစ်က ကြေညာခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*