ခရီးသည်တင် ဘတ်စ်ကားများ ထုတ်လုပ်ရန်စက်ရုံများ ရန်ကုန်တွင် မကြာမီ တည်ဆောက်မည်

ခရီးသည်တင် ဘတ်စ်ကားများ ထုတ်လုပ်ရန်စက်ရုံများ ရန်ကုန်တွင် မကြာမီ တည်ဆောက်မည်
May 24, 2017 Asian Fame

3:55 pm
ခရီးသည်တင် ဘတ်စ်ကားများ ထုတ်လုပ်ရန်စက်ရုံများ ရန်ကုန်တွင် မကြာမီ တည်ဆောက်မည်

မှူးအိမ်ဇော်
ရန်ကုန်၊ မေ ၂၂

ပြည်သူလူထုအများစု အသုံး ပြုနေသည့် ခရီးသည်တင်ဘတ်စ် ကားသစ်များ ထုတ်လုပ်ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ပူးပေါင်း၍ မကြာမီစက်ရုံလုပ်ငန်း များ တည်ဆောက်မည် ဖြစ် ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောသည်။

ထိုသို့ ထုတ်လုပ်ရာတွင် ဈေးကွက်၌ အကောင်းဆုံးကားများ ဖြစ်ရန် ကနဦးအဆင့်အနေဖြင့် ရန်ကုန်တိုင်း ပို့ဆောင်ရေးကဏ္ဍအတွက် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ပြီး ရှေ့ဆက်၍ အခြားပြည်နယ် နှင့် တိုင်းဒေသများတွင်လည်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်မည် ဟု သိရသည်။ ”ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုး တက်ဖို့က သယ်ယူပို့ဆောင်ရေး သိပ်အရေးကြီးပါတယ်” ဟု ဝန် ကြီး ဦးခင်မောင်ချိုက ပြောသည်။ လက်ရှိတွင် စက်မှုဝန်ကြီးဌာန အနေဖြင့် ဆောက်လုပ်ရေးလုပ် ငန်းသုံးယန္တရားများ၊ လယ်ယာသုံး စက်နှင့် စက်ပစ္စည်းများ၊ လူစီးမော် တော်ယာဉ်များ၊ သယ်ယူပို့ဆောင် ရေးယာဉ်များ ထုတ်လုပ်မှုများရှိနေ သည်။

အစိုးရသစ် သက်တမ်းကာလ ဒုတိယနှစ်တွင် ပုဂ္ဂလိကကဏ္ဍအ တွက် လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေး ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အ သင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ အသေးစားနှင့် အ လတ်စားလုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရာတွင် နည်းပညာများ မြှင့်တင်ရန် လိုအပ်လျက်ရှိပြီး လူငယ်များအား ကိုယ်ပိုင်တီထွင် ဖန်တီးနိုင်စွမ်းဖြင့် လူ့စွမ်းအားအ ရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရန် ပံ့ပိုးပေးခြင်းကို အဓိက လုပ်ဆောင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စက်မှုဝန်ကြီး ဌာနကျောင်း (၆) ကျောင်းရှိကာ စက်မှုသင်တန်းကျောင်းများ ထပ်မံ ဖွင့်ပေးရန် လိုအပ်လျက်ရှိနေကြောင်းလည်း ၎င်းကဆိုသည်။ ယခုအခါ ကယားပြည်နယ်တွင် စက်မှုသင်တန်းကျောင်းများ တည်ဆောက် ဖွင့်လှစ်ရန် အစိုးရအဖွဲ့ နှင့် ညှိနှိုင်းပြီးဖြစ်ကာ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းတွင်လည်း ဆက်လက် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရှိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*